အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်ညှိနှိုင်းရေးအတွက် ကြိုတင်ပြင်ဆင်သည့်အစည်းအဝေးကျင်းပ အာဆီယံအနေဖြင့် ကနေဒါနိုင်ငံ၏ ဆဋ္ဌမအကြီးဆုံး ကုန်သွယ်ဖက်အဖြစ်  ရပ်တည်လျက်ရှိ

 

 

နေပြည်တော်   ဒီဇင်ဘာ  ၂၁
အာဆီယံ-ကနေဒါ     လွတ်လပ် သော      ကုန်သွယ်မှုသဘောတူ စာချုပ် ညှိနှိုင်းဆွေးနွေးမှုများကို မကြာမီ    စတင်တော့မည်ဖြစ်၍ အာဆီယံသာမက      မိမိနိုင်ငံ၏ အကျိုးစီးပွားအတွက်ကိုပါ ရလဒ် ကောင်းများရရှိအောင် စနစ်တကျ  ကြိုတင်ပြင်ဆင်     ဆောင်ရွက် ကြရန်နှင့်      ဘာသာရပ်အလိုက် ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းသူများ  ရွေးချယ် တာဝန်ပေးအပ်ရာတွင် နိုင်ငံတကာ   သဘောတူညီချက် များ၊   မိမိနိုင်ငံ၏   ဥပဒေများကို ကျေညက်ပိုင်နိုင်    ကျွမ်းကျင်သူ များကိုသာ   တာဝန်ပေးအပ်ရန် လိုအပ်ကြောင်း     ယနေ့ကျင်းပ ပြုလုပ်သည့် အာဆီယံ-ကနေဒါ လွတ်လပ်သော    ကုန်သွယ်မှု သဘောတူစာချုပ်   ညှိနှိုင်းရေး အတွက်    ကြိုတင်ပြင်ဆင်သည့် အစည်းအဝေးတွင်    ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး      ဦးအောင်နိုင်ဦးက ထည့်သွင်း ပြောကြားခဲ့သည်။
ဦးစားပေးညှိနှိုင်း
ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးက   ၂၀၂၂   ခုနှစ်အတွင်း စတင်မည့်   အာဆီယံ-ကနေဒါ လွတ်လပ်သော      ကုန်သွယ်မှု သဘောတူစာချုပ်ကို   ဆွေးနွေး ညှိနှိုင်းရာတွင်     မြန်မာနိုင်ငံက တက်တက်ကြွကြွ ပါဝင်ဆွေးနွေး နိုင်ရေးအတွက်   သက်ဆိုင်ရာ ဝန်ကြီးဌာန၊      အဖွဲ့အစည်းများ အနေဖြင့် ကြိုတင်ပြင်ဆင်နိုင်ရန် ယခု    အစည်းအဝေးကို    ကျင်းပ ရခြင်းဖြစ်ကြောင်း၊ ကနေဒါနိုင်ငံ သည်   ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်၍   ယခု  ချုပ်ဆိုမည့် ကဏ္ဍစုံလွှမ်းခြုံသော  လွတ်လပ်သောကုန်သွယ်မှုဒေသ  သဘောတူစာချုပ်(အက်ဖ်တီအေ) သည်  အာဆီယံနှင့်ချုပ်ဆိုသည့် အက်ဖ်တီအေ စာချုပ်များအနက် အရည်အသွေးမြင့် စာချုပ်တစ်ခု ဖြစ်ရန်  မျှော်လင့်ထားကြောင်း၊  နိုင်ငံတကာ      ဆွေးနွေးသည့် လုပ်ငန်းစဉ်ဖြစ်၍      စာချုပ်တွင် ညှိနှိုင်းဆွေးနွေးသူများကို တာဝန် ပေးအပ်ရာတွင်     ဘာသာရပ် ကျွမ်းကျင်မှုအပြင်      သင့်လျော် သည့်  ရာထူးရှိသူများကို တာဝန် ပေးရန် လိုအပ်ကြောင်း၊ မိမိနိုင်ငံ ၏ ပို့ကုန်များ စျေးကွက်ရရှိရေး၊  အရည်အသွေးမြင့်၍ တာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံမှုများ ရရှိရေး တို့ကို ဦးစားပေး ညှိနှိုင်းဆွေးနွေး ရန်  လိုအပ်သကဲ့သို့  မိမိနိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု ကဏ္ဍတို့ မထိခိုက်စေရေးအတွက်  လိုအပ်သလို  ကာကွယ်နိုင်မည့် အစီအမံများကိုလည်း      နိုင်ငံ၏ တည်ဆဲဥပဒေ၊          မိမိနိုင်ငံက သဘောတူ လက်မှတ်ရေးထိုးထား သည့်    နိုင်ငံတကာ    သဘောတူ စာချုပ်များနှင့်အညီ      ရပ်တည် ဆွေးနွေးရန် လိုအပ်ကြောင်း။
အချိန်နှင့်တစ်ပြေးညီ တင်ပြ
စေ့စပ်ညှိနှိုင်းမှုကို ၂၀၂၂ ခုနှစ်  နှစ်ဆန်းတွင် စတင်ပြီး နှစ်နှစ်တာ  ကာလအတွင်း အပြီးသတ်ညှိနှိုင်း ရန်         လျာထားသည့်အတွက် ဆွေးနွေးစဉ်ကာလ တစ်လျှောက် လုံး   မူဝါဒခံယူရန်  ကိစ္စရပ်များ၊ ပေါင်းစပ်ညှိနှိုင်းပေးရန်     လိုအပ် ချက်များ၊ နည်းပညာအထောက် အပံ့    လိုအပ်ချက်များအတွက် အချိန်နှင့်တစ်ပြေးညီ တင်ပြရန် လိုအပ်ကြောင်းနှင့်   ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနအနေဖြင့် လိုအပ် သည်များကို ဦးဆောင်ညှိနှိုင်းပံ့ပိုး  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ဆက်လက်၍ မြန်မာနိုင်ငံ၏ အာဆီယံအဆင့်မြင့်   စီးပွားရေး အရာရှိ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန         အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်က အာဆီယံ- ကနေဒါ လွတ်လပ်သောကုန်သွယ် မှု    သဘောတူစာချုပ်အတွက် ညှိနှိုင်းထားရှိသည့်    ကိုးကား စာတမ်းတွင် ပါဝင်သည့် နယ်ပယ် များကိုလည်းကောင်း၊       ယင်း စာတမ်းနှင့်စပ်လျဉ်း၍  နှစ်ဖက် သဘောတူညီမှုရရှိရန်    ညှိနှိုင်း ဆွေးနွေးခဲ့သည့် အခြေအနေများ ကိုလည်းကောင်း၊  နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန  ညွှန်ကြား ရေးမှူးချုပ်   ဒေါက်တာမာလာ မျိုးညွန့်   က   အာဆီယံ-ကနေဒါ လွတ်လပ်သော    ကုန်သွယ်မှု သဘောတူစာချုပ်    ညှိနှိုင်းမှုများ အတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း မည့်  ကိစ္စများနှင့်  ၂၀၂၂  ခုနှစ် အတွင်း စေ့စပ်ညှိနှိုင်းမှုဆောင်ရွက် မည့် လုပ်ငန်းများ၏ အစီအစဉ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး    ဝန်ကြီးဌာနက မြန်မာနိုင်ငံကိုယ်စား  ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းပြောကြား သည်။ 
ရှင်းလင်းဆွေးနွေး
ထို့နောက်      အစည်းအဝေး တက်ရောက်လာသည့် ဘာသာရပ် ဆိုင်ရာဌာနများက မိမိတို့ဘာသာ ရပ်အလိုက်     အာဆီယံ-ကနေဒါ လွတ်လပ်သော      ကုန်သွယ်မှု သဘောတူစာချုပ် စေ့စပ်ညှိနှိုင်းမှု နှင့်စပ်လျဉ်း၍   ပြင်ဆင်ထားမှု အခြေအနေများကို            တင်ပြ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးညှိနှိုင်း မည့် အစီအစဉ်နှင့်စပ်လျဉ်း၍ သိရှိ လိုသည်များကို      မေးမြန်းရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး        ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးအောင် နိုင်ဦးနှင့်  ဒုတိယဝန်ကြီး ဦးသန်း အောင်ကျော်   တို့က     ပြန်လည် ရှင်းလင်းဆွေးနွေးသည်။
ကနေဒါနိုင်ငံသည်     ၁၉၇၇ ခုနှစ်တွင်  အာဆီယံ၏ ဆွေးနွေး ဖက်နိုင်ငံတစ်ခုအဖြစ်     စတင် ဆောင်ရွက်ခဲ့ပြီး      အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ် မှုဒေသ ထူထောင်နိုင်ရန်အတွက် လေ့လာမှုများကို ၂၀၁၆ ခုနှစ်မှ စ၍   စတင်ညှိနှိုင်းဆွေးနွေးခဲ့ရာ  ၂၀၂၁      ခုနှစ်   နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် အာဆီယံ-ကနေဒါ    စီးပွားရေး ဝန်ကြီးများ   အစည်းအဝေးတွင် အာဆီယံ-ကနေဒါ    လွတ်လပ် သော      ကုန်သွယ်ရေး   စာချုပ် တရားဝင်    ညှိနှိုင်းဆွေးနွေးမှု စတင်ရန် ကြေညာခဲ့သည်။ ကနေဒါ သည် ကမ္ဘာ့စီးပွားရေး အင်အား ကြီးနိုင်ငံများထဲတွင် အဋ္ဌမမြောက် အဆင့်ရှိပြီး အာဆီယံတွင် ဆဋ္ဌမ အဆင့်တွင် ရှိသည်။ 
အာဆီယံအနေဖြင့်   ကနေဒါ နိုင်ငံ၏ ဆဋ္ဌမအကြီးဆုံးကုန်သွယ် ဖက်အဖြစ်    ရပ်တည်လျက်ရှိပြီး ကနေဒါမှာ   အာဆီယံ၏    (၁၅) နိုင်ငံမြောက် အကြီးဆုံး ကုန်သွယ် ဖက်နိုင်ငံဖြစ်သည်။          ၂၀၂၀ ပြည့်နှစ်တွင် အာဆီယံ-ကနေဒါ  ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်  ဒေါ်လာ  ၂၀  ဘီလီယံအထိ  ရှိခဲ့ ကြောင်း  သိရပြီး  ကနေဒါနိုင်ငံမှ အာဆီယံနိုင်ငံများသို့      နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုစီးဝင်မှုသည်      အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံရှိ၍ အာဆီယံ၏ ကနေဒါနိုင်ငံတွင်    သွားရောက် ရင်းနှီးမြှုပ်နှံမှုမှာ    အမေရိကန် ဒေါ်လာ  ၁  ဒသမ  ၂  ဘီလီယံ ရှိကြောင်း လေ့လာသိရှိရသည်။ 
ကနေဒါနိုင်ငံသည်   မြန်မာ နိုင်ငံ၏     လက်ရှိကုန်သွယ်ဖက် နိုင်ငံများထဲတွင် အဆင့် (၂၆) တွင် ရှိပြီး        နှစ်နိုင်ငံကုန်သွယ်မှုမှာ ၂၀၁၉-၂၀၂၀       ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၃၀ ခန့်ရှိသည်။    ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံ၌     လက်ရှိရင်းနှီး မြှုပ်နှံမှုမှာ   အမေရိကန်ဒေါ်လာ  ၁၅၈  သန်းရှိပြီး   မြန်မာနိုင်ငံ၌  ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများအနက်  အဆင့် (၁၆) တွင် ရှိသည်။ 
ပိုမိုအကျိုးရှိ
အာဆီယံနှင့်      အရှေ့အာရှ စီးပွားရေး     သုတေသနအဖွဲ့နှင့် ကနေဒါ    ကမ္ဘာ့ရေးရာအဖွဲ့တို့၏ လေ့လာသုံးသပ်ချက်အရ    လည်း ကောင်း၊  နိုင်ငံတကာ စီးပွားရေး ကျွမ်းကျင်သူများ၏ သုံးသပ်မှုများ အရလည်းကောင်း   အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ် မှု သဘောတူစာချုပ်ကို ချုပ်ဆို နိုင်ခြင်းဖြင့် မြန်မာနိုင်ငံအပါအဝင်  အာဆီယံနိုင်ငံများ    အနေဖြင့် ကုန်သွယ်မှုနှင့်      ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် ပိုမိုအကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှု တစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း    သိရ သည်။
အစည်းအဝေးသို့ အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ် မှု သဘောတူ စာချုပ်တွင်ပါဝင်မည့် နယ်ပယ်များနှင့် သက်ဆိုင်သည့် ဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် များနှင့်  တာဝန်ရှိသူများ ပါဝင် တက်ရောက်ကြသည်။ 
သတင်းစဉ်