အာဆီယံ - အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး video conferencing ဖြင့် ကျင်းပ

 

နေပြည်တော်   ဇူလိုင်   ၁၄


နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး    ဦးဝဏ္ဏ မောင်လွင်သည်      ယနေ့တွင် video    conferencing   ဖြင့် ကျင်းပပြုလုပ်သော အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီး များ    အထူးအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည် တော်မှ ပါဝင်တက်ရောက်သည်။

အစည်းအဝေးကို      လာအို နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith  နှင့်  အမေရိကန် နိုင်ငံခြားရေးဝန်ကြီး  Antony Blinken     တို့က    ပူးတွဲဥက္ကဋ္ဌ များအဖြစ်        တာဝန်ယူခဲ့ကြပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် အာဆီယံနှင့်   အမေရိကန်တို့မှ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။    


အစည်းအဝေးတွင်  COVID-19 ကာကွယ်တိုက်ဖျက်ရေး၊ ပြည်သူ့ ကျန်းမာရေး၊       အာဆီယံ-အမေရိကန်    အနာဂတ်ပူးပေါင်း ဆောင်ရွက်မှု  အစီအစဉ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီး    ဦးဝဏ္ဏ မောင်လွင်က   ဆွေးနွေးရာတွင် အာဆီယံ၏ COVID-19 ကာကွယ် တိုက်ဖျက်ရေး    ကြိုးပမ်းမှုနှင့် ပတ်သက်၍      အမေရိကန်နိုင်ငံ ၏   ကူညီထောက်ပံ့မှုများအပေါ် ကျေးဇူးတင်ကြောင်း၊   အကူအညီ များ       ထပ်မံပေးအပ်သွားရန် တိုက်တွန်းကြောင်းနှင့် အာဆီယံ ပေါင်းစည်းရေး   ဦးဆောင်ဦးရွက် ပြုမှုအစီအစဉ် (IAI) ကိုလည်း ဆက်လက်ကူညီ   ပံ့ပိုးသွားရန် တိုက်တွန်းပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံနှင့်   ပတ်သက်၍ နိုင်ငံတွင်း    လုံခြုံရေးအခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏    ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် အာဆီယံ နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး၏    သဘောတူညီ ချက်(၅)ချက်တို့နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။ 


အစည်းအဝေးသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ   အဆင့်မြင့်အရာရှိ ကြီးများလည်း ပါဝင်တက်ရောက် ခဲ့ကြသည်။ 


သတင်းစဉ်