
နေပြည်တော် နိုဝင်ဘာ ၂၁
(၉) ကြိမ်မြောက် အာဆီယံရုပ်သံ ကဏ္ဍအစီအစဉ်နှင့် ထုတ်လုပ်ခြင်း ဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်း အဝေး (9th SOMRI Working Group on Content and Produc- tion Meeting-9th SOMRI WG-CP) အား နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက လာအိုနိုင်ငံမှ WG– CP ဥက္ကဋ္ဌက Video Conferenc-ing စနစ်ဖြင့်ကျင်းပရာ ပြန်ကြား ရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ မြန်မာ WG – CP ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဒေါ်မိုးသူဇာ အောင် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် နေပြည် တော် - တပ်ကုန်းနှင့် ရန်ကုန်ရှိ သက်ဆိုင်ရာရုံးများမှ တက်ရောက် ဆွေးနွေးကြသည်။
အစည်းအဝေးသို့ လာအိုနိုင်ငံ မှ WG – CP ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံ များမှ ကိုယ်စားလှယ်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ် ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ရုပ်သံ ကဏ္ဍ အစီအစဉ်၊ ထုတ်လုပ်ခြင်း နှင့်စပ်လျဉ်းသည့် အာဆီယံ အစည်းအဝေးများ၏ ဆုံးဖြတ် ချက်များ၊ ရုပ်သံကဏ္ဍအစီအစဉ် နှင့် ထုတ်လုပ်ခြင်း ဆိုင်ရာ အကောင်အထည်ဖော် ဆောင် ရွက်မည့် စီမံကိန်းများ၊ သတင်း အချက်အလက်နှင့် မီဒီယာကဏ္ဍ မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅) ဆိုင်ရာများ၊ ရုပ်သံကဏ္ဍ အစီအစဉ်နှင့် ထုတ်လုပ်ခြင်း ဆိုင်ရာများ အာဆီယံဆွေးနွေး ဖက်နိုင်ငံများနှင့် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ အစီအစဉ်နှင့် ထုတ်လုပ်ခြင်းဆိုင်ရာ စီမံကိန်း အသစ်များ ဆွေးနွေးညှိနှိုင်းခြင်း အပါအဝင် (၁၀) ကြိမ်မြောက် အာဆီယံ ရုပ်သံကဏ္ဍအစီအစဉ် နှင့် ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်း အဖွဲ့ အစည်းအဝေး (10th SOMRI Working Group on Content and Production Meeting- 10th SOMRI WG-CP) ကျင်းပ မည့် နေ့ရက်တို့အား ဆွေးနွေး ကြသည်။
အစည်းအဝေးမှ အာဆီယံ ပြန်ကြားရေးအဆင့်မြင့် အရာရှိ ကြီးများ အစည်းအဝေး (Senior Officials’ Meeting Responsible for Information-SOMRI) တွင် ဆုံးဖြတ်ခဲ့သည့် စီမံကိန်းများနှင့် ဆုံးဖြတ်ချက်များအား အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ကောင်းစွာ အထောက်အပံ့ပြု နိုင်ရေး၊ သတင်းမီဒီယာကဏ္ဍ ဆိုင်ရာ ရုပ်သံထုတ်လွှင့်မှု အစီ အစဉ်များနှင့် လုပ်ငန်းစဉ်များ၊ စီမံကိန်းများ သုံးသပ်တင်ပြနိုင် ရေး၊ သတင်းမီဒီယာကဏ္ဍ၏ မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်ချက် များ၊ စည်းမျဉ်း ချမှတ်ခြင်း၊ နည်းပညာ စံသတ်မှတ်ခြင်းနှင့် မူဘောင် သတ်မှတ်ခြင်းများကို အသေးစိတ် လေ့လာသုံးသပ်ပြီး အာဆီယံ အဆင့်မြင့်အရာရှိကြီး များ အစည်းအဝေးသို့ တင်ပြနိုင် ရေးနှင့် SOMRI မှ သဘောတူ ထားသည့် ပြန်ကြားရေးဆိုင်ရာ စီမံကိန်းများ အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် အပြည့် အဝ ပူးပေါင်းဆောင်ရွက်နိုင်ရန် အဓိက ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။
SOMRI Working Group on Content and Production အစည်းအဝေးများအား အဆိုပြု သည့် နိုင်ငံမှ ဆန္ဒအလျောက် ဦးဆောင် ကျင်းပသည့်စနစ်ဖြင့် အနည်းဆုံးတစ်နှစ်လျှင် တစ်ကြိမ် ကျင်းပလျက်ရှိရာ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်