(၇)ကြိမ်မြောက် အာဆီယံအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာလေ့လာသူများအစီအစဉ် ၂ဝ၂၃ (7th ASEAN Data Science Explorers - DSE 2023)

 

နေပြည်တော်  ဖေဖော်ဝါရီ   ၂၈


အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် SAP ဆော့ဝဲလ်ကုမ္ပဏီတို့ ပူးပေါင်း စီစဉ်၍ (၇)ကြိမ်မြောက် အာဆီယံအချက်အလက်များကို ခွဲခြမ်း စိတ်ဖြာလေ့လာသူများ အစီအစဉ် ၂၀၂၃ (7th ASEAN Data Science Explorers-DSE 2023) ကို    ကျင်းပပြုလုပ်သွားမည်   ဖြစ်ပါသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ အထက်တန်းကျောင်း၊ တက္ကသိုလ်များ နှင့် ကောလိပ်များမှ  အသက် ၁၅ နှစ်မှ ၃၀ နှစ်အထိ  ကျောင်းသား ကျောင်းသူလူငယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။

 


ပါဝင်ယှဉ်ပြိုင်မည့်သူများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် နေထိုင်သည့် နိုင်ငံသားဖြစ်ရမည်။ မြန်မာနိုင်ငံအတွင်းရှိ အထက်တန်း ကျောင်းများ၊ တက္ကသိုလ်များနှင့်ဘာသာရေး ကျောင်းများတွင် အချိန် ပြည့်ပညာသင်ကြားနေသည့် အသက် ၁၅ နှစ်မှ ၃၁ နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူ   လူငယ်များဖြစ်ရမည်။   အသင်းလိုက် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အသင်းတစ်သင်းလျှင် နိုင်ငံတစ်နိုင်ငံထဲမှ ကျောင်းသား ကျောင်းသူ နှစ်ဦး ပါဝင်ယှဉ်ပြိုင်ရပါမည်။ ပါဝင်ယှဉ်ပြိုင် သူများအနေဖြင့် ရွေးချယ်ထားသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် မှုပန်းတိုင် ခြောက်ခုအနက်မှ တစ်ခုကို ရွေးချယ်၍ အချက်အလက် များ ခွဲခြားစိတ်ဖြာလေ့လာရေး အဆိုပြုချက်များကို ပုံများ၊ ဂရပ်များ နှင့် ပုံစံကားချပ်များ (Storyboard)ဖြင့် တင်ပြရမည်ဖြစ်ပါသည်။

 


ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် ပထမဦးစွာ အသင်းလိုက်အမည် စာရင်းပေးသွင်းရမည်ဖြစ်ပြီး ၎င်း၏ တင်ပြချက် (Storyboard)များ ကို ရေးသားပြုစုရပါမည်။ ပထမဦးစွာ နိုင်ငံအဆင့်သို့ ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ရွေးချယ်ခံရပါက ဒေသအဆင့်သို့ ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ လျှောက်လွှာများအား ၉-၂-၂၀၂၃ ရက်နေ့ မှ ၃၀-၄-၂၀၂၃ ရက်နေ့အထိ လျှောက်ထားနိုင်ပြီး အဆိုပြုတင်ပြချက် (Storyboard)များအား  ၁-၄-၂၀၂၃ ရက်နေ့မှ ၃၁-၅-၂၀၂၃ ရက်နေ့ အထိ ပေးပို့ရမည်ဖြစ်ပါသည်။ ပေးပို့တင်ပြထားသည့် Storyboard များကို ၁-၆-၂၀၂၃ ရက်နေ့မှ ၂၄-၆-၂၀၂၃ ရက်နေ့အထိ အကဲဖြတ် မည်ဖြစ်ပြီး   နိုင်ငံအဆင့်ပြိုင်ပွဲများအား   ၂၂-၈-၂၀၂၃ ရက်နေ့မှ ၆-၉-၂၀၂၃   ရက်နေ့အထိ   လည်းကောင်း၊    ဒေသအဆင့်ပြိုင်ပွဲကို ၂၄-၁၀-၂၀၂၃ ရက်နေ့မှ ၂၆-၁၀-၂၀၂၃ ရက်နေ့အထိလည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

                             

သတင်းစဉ်