(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာများသို့ ရန်ပုံငွေထောက်ပံ့ပေးအပ်၊ ပုဗ္ဗသီရိမြို့နယ် ကြံဖိုစုကျေးရွာ ဆင်သေချောင်း လျှပ်စစ်ရေတင်မှ နွေသီးနှံရေပေးဝေ

 

နေပြည်တော်   မတ်   ၂၂
(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာ များသို့ ရန်ပုံငွေထောက်ပံ့ပေးအပ်ပွဲနှင့် ကျေးရွာသစ် လှုပ်ရှားမှု အခြေခံသင်တန်း  အမှတ်စဉ်  (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးပညာပေး ရေးနှင့်   ကျေးလက်ဒေသ   ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း AERDTC ၌ ကျင်းပသည်။
  တက်ရောက်
အခမ်းအနားသို့    စိုက်ပျိုးရေး၊    မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်း ဝန်၊  ညွှန်ကြားရေးမှူးချုပ်များ၊  ပါမောက္ခချုပ်များ၊ ဌာနတာဝန်ရှိသူများ၊   ကျေးရွာသစ်လှုပ်ရှားမှု   စံပြ ကျေးရွာများ ထူထောင်ဆောင်ရွက်ကြမည့် မြို့နယ် များမှ မြို့နယ်ဦးစီးမှူးများ၊ စီမံကိန်းဝင်ကျေးရွာ ၄၀ မှ   ကျေးရွာသစ်လှုပ်ရှားမှုကော်မတီ     ဥက္ကဌများ တက်ရောက်ကြသည်။
 ဦးစွာ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးဦးစီး ဌာနက   ကိုရီးယားအပြည်ပြည်ဆိုင်ရာ   ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ        အထောက်အပံ့ဖြင့် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာများ ထူထောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ကျေးရွာ ပေါင်း ၂၂၄ ရွာ၏ အခြေခံအဆောက်အအုံများ၊ ဝင်ငွေတိုးလုပ်ငန်းများနှင့်  ကျေးရွာသူ ကျေးရွာသား များ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေး လျက်ရှိကြောင်း။ 
စံနမူနာကောင်းပေးနိုင်အောင်ကြိုးစား
ကျေးရွာများအနေဖြင့်      ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး ထုတ်လုပ်ပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး   ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း၊    ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းစံပြဆောင်ရွက်ကြမည့် ကျေးရွာခေါင်းဆောင် များအနေဖြင့်  မိမိတို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အတွက်   စီမံကိန်းတွင်   မိမိတို့   ရွာသူရွာသားများ တက်တက်ကြွကြွ   ပါဝင်လာနိုင်အောင်စည်းရုံးပြီး စံနမူနာကောင်းပေးနိုင်သည့်  ခေါင်းဆောင်များဖြစ် အောင် ကြိုးစားအားထုတ်ကြရန်နှင့် မိမိတို့ကျေးရွာ များကို   နေချင့်စဖွယ်ကောင်းသော စံပြကျေးရွာများ ဖြစ်အောင်   ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက်   ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ ရဲတင့်ထွန်းက    စီမံကိန်းလုပ်ငန်းများ   အကောင် အထည်ဖော်ဆောင်ရွက်ခဲ့မှုနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြသည်။
ရန်ပုံငွေများထောက်ပံ့ပေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးရွာသစ် လှုပ်ရှားမှု    စံပြကျေးရွာများအတွက်  ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ပြီး(အပေါ်ပုံ) ဒုတိယဝန်ကြီးများက မတ် ၁၈ ရက်မှ ယနေ့  ၂၂ ရက်အထိ ကျေးရွာသစ် လှုပ်ရှားမှု အခြေခံသင်တန်း(၁/၂၀၂၄)သင်တန်းဆင်း လက်မှတ်များကို   ပေးအပ်ကြရာ   သင်တန်းသား ကိုယ်စားလှယ်များက လက်ခံရယူကြသည်။
ထို့နောက်  ပြည်ထောင်စုဝန်ကြီး   ဦးမင်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်  ဒုတိယဝန်ကြီးများ သည် (၇၉)  နှစ်မြောက်  တပ်မတော်နေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ပုဗ္ဗသီရိမြို့နယ်  ကြံဖိုစုကျေးရွာ ဆင်သေချောင်း    လျှပ်စစ်ရေတင်မှ      နွေသီးနှံ ရေပေးဝေခြင်း   အခမ်းအနားသို့   တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးများက လျှပ်စစ်ရေတင်စက်ရုံ ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြသည်။
စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေး
ထို့နောက် စီမံကိန်းရှင်းလင်းဆောင်တွင် ဒေသခံ တောင်သူများနှင့်  တွေ့ဆုံ၍   ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးပြီး ဖြစ်၍  စားရေရိက္ခာဖူလုံမှုကို အထောက်အပံ့ဖြစ်စေ မည့်   သီးနှံများကို  ဦးစားပေးစိုက်ပျိုးခြင်း၊  တစ်နှစ် သုံးသီးစိုက်ပျိုးနိုင်ရေးနှင့်  ပန်းတိုင်အထွက်ရရှိရေး ကြိုးပမ်းသွားကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက စုပေါင်းစိုက်ပျိုးထုတ်လုပ်သည့်  လယ်ယာကုန်ထုတ် သမဝါယမအသင်းများ၏ စီးပွားရေးအောင်မြင်မှု အခွင့်အလမ်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေး ပြောကြားပြီး   တောင်သူများ၏   တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးများနှင့်    တာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကြသည်။ 
ယခုဖွင့်လှစ်သည့်      ကြံဖိုစုလျှပ်စစ်ရေတင် လုပ်ငန်းမှ စိုက်ပျိုးမြေ ဧက ၄၅၀ ၏ နွေသီးနှံစိုက်ပျိုး နိုင်ရေးကို အကျိုးပြုသွားမည်ဖြစ်ပြီး ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင်   ဧက  ၉၀ ထပ်မံတိုးချဲ့    ပေးဝေနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ရာ စုစုပေါင်း ရေသောက် ဧရိယာ ဧက ၅၄၀ တွင် တစ်နှစ် သုံးသီးစိုက်ပျိုးနိုင်မည် ဖြစ်ကြောင်း သိရသည်။                         သတင်းစဉ်