(၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပါဝင်စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများ ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့်

 

နေပြည်တော်   မတ်  ၂၂


၂၀၂၄ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်မည့် (၇၉)နှစ်မြောက် တပ်မတော်နေ့   စစ်ရေးပြအခမ်း အနားတွင် ပါဝင်ချီတက်စစ်ရေးပြ ကြမည့် စစ်ရေးပြစစ်ကြောင်းကြီး များသည်  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်  စစ်ရေးပြကွင်း၌ ဝတ်စုံပြည့်စစ်ရေးပြလေ့ကျင့်မှု များ ဆောင်ရွက်ကြသည်။


စစ်ရေးပြ   လေ့ကျင့်မှုတွင် အနော်ရထာစစ်ကြောင်း၊ ကျန်စစ် သားစစ်ကြောင်း၊    ဘုရင့်နောင် စစ်ကြောင်း၊     အောင်ဇေယျ စစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်း၊  ဗန္ဓုလစစ်ကြောင်းနှင့် အောင်ဆန်း စစ်ကြောင်းများ ပါဝင်ပြီး စုရပ်ဖြစ် သည့်   သစ်တပ်ကွင်းမှ  စစ်ရေး ပြကွင်းသို့ တပ်မတော်စစ်တီးဝိုင်း အဖွဲ့များ၏    တီးမှုတ်မှုနှင့်အတူ စစ်ချီသီချင်းများသီဆို၍ ညီညာ စွာ   ချီတက်ကြပြီးစစ်ရေးပြအခမ်း အနားအစီအစဉ်အတိုင်း  လေ့ကျင့် ဆောင်ရွက်ကြသည်။


ထိုသို့  လေ့ကျင့်နေမှုကို နိုင်ငံ တော်စီမံအုပ်ချုပ်ရေး    ကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ကာကွယ် ရေးဦးစီးချုပ်  (ကြည်း)    ဒုတိယ ဗိုလ်ချုပ်မှူးကြီး  စိုးဝင်းနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန     ပြည် ထောင်စုဝန်ကြီး        ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊   ညှိနှိုင်းကွပ်ကဲရေး မှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊  ကာကွယ်ရေး ဦးစီးချုပ် (ရေ)  ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊  ကာကွယ်ရေးဦးစီးချုပ် (လေ)  ဗိုလ်ချုပ်ကြီး  ထွန်းအောင်၊ ကာကွယ်ရေး       ဦးစီးချုပ်ရုံးမှ တပ်မတော်     အရာရှိကြီးများ၊ တပ်မတော်နေ့ကျင်းပရေးစီမံခန့်ခွဲ ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်း       စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်        စောသန်းလှိုင်နှင့် တာဝန်ရှိသူများက     သွားရောက် ကြည့်ရှုစစ်ဆေးကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယ ဥက္ကဋ္ဌ  ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)က လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။


အဆိုပါ စစ်ရေးပြအခမ်းအနား တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့်      မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ အရာရှိ၊  စစ်သည်များ၊   အမျိုးသမီး တပ်ဖွဲ့ဝင်များ၊ အမျိုးသမီး  အထူး တပ်ဖွဲ့ဝင်များ၊  တပ်မတော်(လေ)မှ  လေယာဉ်၊   ရဟတ်ယာဉ်များ ပါဝင်ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်