(၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် တပ်မတော်(ရေ) ဗဟိုအဆင့် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကျင်းပ

 

နေပြည်တော်   မတ်   ၂


(၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်  တပ်မတော်(ရေ)ဗဟိုအဆင့်          စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွဲကို   ယနေ့နံနက် ပိုင်းတွင်      သန်လျင်တပ်နယ် တပ်နယ်ခန်းမ၌         ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်       (ရေ)ကွပ်ကဲမှုအောက်    ဌာနချုပ်များ၊ ကျောင်းများနှင့် တပ်ရင်း၊ တပ်ဖွဲ့ များမှ  အရာရှိ၊  အရာခံ၊  အကြပ်၊ စစ်သည်များ ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုကြသည်။

 


အဆိုပါတပ်မတော်(ရေ)ဗဟို အဆင့်  စစ်သည်တော်  ကျင့်ဝတ် ပြိုင်ပွဲသို့    ဝင်ရောက်ဖြေဆိုကြ သည့်   အရာရှိ၊   အရာခံ၊ အကြပ်၊ စစ်သည်များ၏  ဖြေဆိုနေမှုများ ကို  ကာကွယ်ရေးဦးစီးချုပ် (ရေ)ကိုယ်စား ရေတပ်လေ့ကျင့်ရေး ဌာန ချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ် နိုင်မင်း ကျော်နှင့် တာဝန်ရှိသူများက  သွား ရောက်ကြည့်ရှုအားပေးကြကြောင်း သတင်းရရှိသည်။      

သတင်းစဉ်