(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နဝင်းချောင်းကူးတံတား၊ ကျေးရွာချင်းဆက်လမ်းများနှင့် ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားများ ကျင်းပ

 

နေပြည်တော်   မတ်    ၂၃


(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့နယ်  မကျီးပင်အုပ်စုအတွင်းရှိ ကျေးရွာတို့ကို ဆက်သွယ်ထားသော နဝင်းချောင်းကူး သံကူကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနား၊ ပုဏ္ဏမာ - ရွာတော်ကုန်းကျေးရွာချင်းဆက်လမ်းနှင့် လယ်ဝေးမြို့နယ် အောင်းကြီးကုန်း ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားများကို  ယနေ့နံနက်ပိုင်းက အဆိုပါနေရာများတွင် ကျင်းပသည်။

 


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ယနေ့ဖွင့်လှစ်သည့် “နဝင်းချောင်းကူးတံတား” သည်      စံချိန်စံညွှန်းနှင့်အညီ    အဆင့်မြှင့်တင် တည်ဆောက်ထားသည့် ကျေးလက်လမ်း၊ တံတား များ   ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက်  ဒေသခံ ပြည်သူများအနေဖြင့်           ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့်   ယာဉ်များကို   ခွင့်ပြု အလေးချိန်များအတိုင်း ဖြတ်သန်းမောင်းနှင်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

 


ဆက်လက်၍     နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က    ယခု  နဝင်းချောင်းကူးတံတား တည်ဆောက်နိုင်မှုကြောင့် မကျီးပင်ကျေးရွာဘက် ကမ်းမှ ကျေးရွာ ငါးရွာရှိ အိမ်ခြေ ၆၄၂ အိမ်၊ လူဦးရေ ၂၇၇၇  ဦးကို အကျိုးပြုမည်ဖြစ်ပြီး တံတားရေရှည် တည်တံ့ခိုင်မြဲစေရန်  ဒေသခံပြည်သူများကလည်း ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်း   စောင့်ရှောက်ပေးစေ လိုကြောင်း ပြောကြားသည်။

 


ယင်းနောက် ဒေသခံပြည်သူတစ်ဦးက တံတား တည်ဆောက်ပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက်    နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်နှင့် ဦးဇေယျာလင်း၊ အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်တို့က နဝင်းချောင်းကူး      သံကူကွန်ကရစ်တံတားသစ်ကို      ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး  တက်ရောက်လာသော ဧည့်သည်တော်များက        ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို  အမွှေးနံ့သာရည်များ  ပက်ဖျန်း ကာ  တံတားအား ဖြတ်သန်းကြည့်ရှုကြသည်။ 

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ရန်ကုန် - မန္တလေး လမ်းဟောင်းမှ  ပုဏ္ဏမာ - ရွာတော်ကုန်းကျေးရွာ ဆက်သွယ်သော ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းဖွင့်ပွဲအခမ်း အနားသို့   ရောက်ရှိကြပြီး  နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်နှင့် ဦးဇေယျာလင်း၊  အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်း နိုင်တို့က  လမ်းသစ်ကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါ ပုဏ္ဏမာ - ရွာတော်ကုန်း ကျေးရွာချင်းဆက် လမ်းမှာ   အရှည်တစ်မိုင်   ၂  ဒသမ ၆ ဖာလုံရှိပြီး ကျေးရွာနှစ်ရွာမှ    တောင်သူများ၏   စိုက်ပျိုးဧက ၃၃၀  ကျော်ကို  အကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း  သိရသည်။

 


ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လယ်ဝေးခရိုင် လယ်ဝေးမြို့နယ် အောင်းကြီးကုန်း ကျေးရွာကုန်ထုတ်လမ်းဖွင့်ပွဲ        အခမ်းအနား တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က အမှာစကားပြောကြားသည်။ 

 


ထို့နောက်        နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး    မင်းနောင်၊   အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်တို့က ကုန်ထုတ်လမ်းသစ်ကို         ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

 


ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့ သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဖွင့်လှစ်ပို့ချလျက်ရှိသော လုပ်ငန်းခွင်ဝင်သင်တန်း သို့ ရောက်ရှိကာ သင်တန်းတက်ရောက်နေသော ဝန်ထမ်းသစ်များနှင့် တွေ့ဆုံ ဆွေးနွေးမှာကြားသည်။
ထိုမှတစ်ဆင့်  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန  ပျဉ်းမနားခရိုင် ရုံးရှိ ကျေးလက်လမ်း၊ တံတားသုတေသနဖွံ့ဖြိုးရေးဌာနခွဲသို့     သွားရောက်ကြည့်ရှု   စစ်ဆေးခဲ့ကြောင်း သိရသည်။  


သတင်းစဉ်