(၇၈) နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြု “ရွှေမြန်မာအငြိမ့်” အမှတ်စဉ် - ၄ ဝတ်စုံပြည့် အစမ်းလေ့ကျင့်ဇာတ်တိုက်

 

နေပြည်တော်  မတ်   ၈ 


နေပြည်တော်ရှိ   အနုပညာဦးစီး ဌာန လေ့ကျင့်ရေးဇာတ်ရုံ၌ (၇၈)နှစ်မြောက်     တပ်မတော်နေ့ကို ဂုဏ်ပြုသော “ရွှေမြန်မာအငြိမ့်” ဝတ်စုံပြည့်  အစမ်းလေ့ကျင့်မှုကို ပြည်ထောင်စု     ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ       ဦးသိန်းစိုး၊ ဥပဒေရေးရာ      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ပြန်ကြားရေး      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမောင် မောင်အုန်း၊      သာသနာရေးနှင့် ယဉ်ကျေးမှု          ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးကိုကို၊ သာသနာရေးနှင့်    ယဉ်ကျေးမှု ဝန်ကြီးဌာန        ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်အတွင်းဝန်၊ မြဝတီရုပ်မြင်သံကြား    တပ်မှူး နှင့်    ဌာနဆိုင်ရာ   တာဝန်ရှိသူ များသည်    ယနေ့  မွန်းလွဲပိုင်း တွင်     ကြည့်ရှုစစ်ဆေး  အားပေး သည်။

 


ဝတ်စုံပြည့်  လေ့ကျင့်ဇာတ် တိုက် တင်ဆက်ကပြမှုအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ယခုရိုက်ကူးထုတ်လွှင့်ပြသမည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ ကို ကြိုဆိုဂုဏ်ပြုသည့် “ရွှေမြန်မာ အငြိမ့်”သည်   အမှတ် - ၄  ဖြစ် ကြောင်း၊  ယခုဂုဏ်ပြုအငြိမ့်တွင် မျိုးဆက်သစ်   အနုပညာရှင်များ ဖြစ်သော      မင်းသမီးများကို ထည့်သွင်း        တင်ဆက်ထား ကြောင်း၊ မျိုးဆက်သစ်အနုပညာ ရှင်များကို      စဉ်ဆက်မပြတ် မွေးထုတ်၍ ဖျော်ဖြေတင်ဆက်မှု များကို   ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြား ပြီး    တက်ရောက်လာကြသော ပြည်ထောင်စု     ဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်၍ ဆွေးနွေးပြောကြားသည်။

 


ထို့နောက်     ပြည်ထောင်စု ဝန်ကြီး    ဦးကိုကိုက   လေ့ကျင့် ဇာတ်တိုက်နေသော “ရွှေမြန်မာ” အငြိမ့်အဖွဲ့ကို   ဂုဏ်ပြုချီးမြှင့်ငွေ ၃၀၀၀၀ဝိ/- (ကျပ်သုံးသိန်းတိတိ)ကို ပေးအပ်သည်။  

 


သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနက (၇၈)နှစ်မြောက် တပ်မတော်နေ့ ကို ဂုဏ်ပြုကြိုဆိုတင်ဆက်မည့် “ရွှေမြန်မာအငြိမ့်” အမှတ်စဉ်-၄ တွင်       ခေါင်းဆောင်မင်းသမီး စိုးသန္တာဝင်း၊   ရှေ့ထွက်မင်းသမီး သီရိမျိုးစံတို့နှင့်အတူ ဟာသလူရွှင် တော်များဖြစ်ကြသည့်   ဝမ်းတူး၊ အာပြဲ၊     ရောင်နီနှင့်      လမုန့် တို့က    ပါဝင်တင်ဆက်ကြမည် ဖြစ်ကြောင်းနှင့် တေးသီချင်းများ ကို တေးရေးချစ်စုအောင်က ရေးစပ် သီကုံးပြီး ဂီတမှူး သက်နိုင်(မန်း)နှင့် ရွာစား နိုင်လင်းဗိုလ်အဖွဲ့တို့က ပံ့ပိုးတီးခတ်ထားခြင်းဖြစ်ကြောင်း သိရသည်။    

            
သတင်းစဉ်