(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသ ရောင်းချပွဲ ပြည်ထောင်စု၏အနှစ်သာရ ပြည့်စုံစွာဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄


(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲ ပဉ္စမနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်း ကွင်း၌ ဆက်လက်ကျင်းပရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် သက်ဆိုင်ရာကဏ္ဍများအလိုက် ပါဝင်ဆင်နွှဲ ခဲ့ကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက်ပါဝင်ဆင်နွှဲကြသည်။ 


ယနေ့သည်  ပွဲတော်နောက်ဆုံးနေ့ဖြစ် သည့်အတွက်    နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက်  ခင်းကျင်းပြသထားသည့် MSME      ထုတ်ကုန်ပြခန်းများတွင် အနယ်နယ်အရပ်ရပ်မှ         လာရောက် လေ့လာကြည့်ရှုကြသူများဖြင့်   အထူး စည်ကားလျက်ရှိပြီး ဒေသထွက် အဝတ် အထည်များ၊ လက်မှုပစ္စည်းများ၊ ရှားပါး တိုင်းရင်းဆေးဝါးများကို    အမှတ်တရ အဖြစ်   ကြိတ်ကြိတ်တိုး  ဝယ်ယူကြကာ တိုင်းရင်းသားရိုးရာ    ဒေသထွက်အစား အသောက်များကို  နှစ်ခြိုက်စွာ  ဝယ်ယူ အားပေးမှုများကြောင့်       ပစ္စည်းများ ပြတ်လပ်သည်အထိ  ရောင်းချခဲ့ရသည်ကို တွေ့မြင်ရသည်။ 


အားအင်တစ်ခုဖြစ်စေခဲ့


ထို့ပြင် ယခုနှစ်ပွဲတော်သည် MSME ထုတ်ကုန်ပြခန်းများ ထည့်သွင်းထားခြင်း ကြောင့်   အသေးစား၊   အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များ လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များ၊ တစ်နိုင်တစ်ပိုင်  MSME  လုပ်ငန်းများ စတင်လုပ်ဆောင်ကြမည့်  လုပ်ငန်းရှင်များ အထူးစိတ်ဝင်စားစွာဖြင့်    လာရောက် လေ့လာခဲ့ကြပြီး တိုင်းရင်းသားလုပ်ငန်း ရှင်များ     အချင်းချင်းတွေ့ဆုံ၍လည်း MSME လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေး အတွက်    သတင်းအချက်အလက်နှင့် နည်းပညာများ  မျှဝေကြခြင်း၊ ပြည်တွင်း/ ပြည်ပဈေးကွက်များသို့ မိမိတို့ လုပ်ကိုင် နေသည့်လုပ်ငန်းများအလိုက် လက်လှမ်း မီစေရန်နှင့်         ယှဉ်ပြိုင်နိုင်မှုစွမ်းရည် မြင့်မားတိုးတက်စေရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြခြင်း၊ လုပ်ငန်းများအလိုက်  ကြုံတွေ့ရမည့်အခက်အခဲများနှင့် ဖြေရှင်း ဆောင်ရွက်နည်းများကို  အသိပညာချင်း ဖလှယ်ဆွေးနွေးခြင်းများ  ဆောင်ရွက်ခဲ့ ကြရာ   နိုင်ငံတော်၏   စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်    အားအင် တစ်ခု ဖြစ်စေခဲ့သည့်    ပွဲတော်ကြီးလည်း   ဖြစ်သည်။ 


လက်တွေ့သရုပ်ပြရှင်းလင်းဆွေးနွေး


ထို့အတူ ပြပွဲသို့ လာရောက်လေ့လာ ကြသည့် စက်မှု၊  လက်မှုလုပ်ငန်းရှင်များ နှင့်စိတ်ဝင်စားကြသည့်       ပြည်သူများ အတွက်လည်း   နောက်ဆုံးပေါ်  တီထွင် ဆန်းသစ်မှုနည်းပညာများနှင့်   အရည် အသွေးမြင့်   စက်ယန္တရားများ၏   ထူးခြား သာလွန်သော        စွမ်းဆောင်ရည်များ၊ နိုင်ငံတကာအဆင့်မီ  စက်ယန္တရားများ၊ ဝယ်ယူမှု၊ တပ်ဆင်မှုအကြောင်းအရာများ နှင့် ဈေးကွက်စီးပွားရေး လိုအပ်ချက်များ ကို  အနာဂတ်နည်းပညာများ အသုံးပြု၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် ဗဟု သုတ        အကြောင်းအရာများကိုလည်း ပြခန်းများအလိုက် ကျွမ်းကျင်ဝန်ထမ်းများ က ခင်းကျင်းပြသထားသည့် စက်ယန္တရား များဖြင့်    လက်တွေ့သရုပ်ပြ   ရှင်းလင်း ဆွေးနွေးပေးခဲ့ရာ          မြန်မာနိုင်ငံ၏ အနာဂတ်စက်မှု              နည်းပညာကဏ္ဍ ကို   တစ်ခေတ်ဆန်းသစ်ပေးတော့မည့် မြင်ကွင်းတစ်ခုလည်းဖြစ်သည်။


 ပွဲတော်သို့    လာရောက်ကြသည့် ပြည်သူများကိုလည်း        သက်ဆိုင်ရာ တိုင်းရင်းသားရိုးရာပြခန်းများအလိုက် ခင်းကျင်းပြသရောင်းချပေးနေကြသည့် တိုင်းရင်းသားအဖွဲ့များက        ရင်းနှီး နွေးထွေးစွာ ကြိုဆိုကြပြီး ရိုးရာယဉ်ကျေးမှုဆိုင်ရာဗဟုသုတများ၊  ဒေသန္တရဗဟု သုတများ၊   တိုင်းဒေသကြီးနှင့်  ပြည်နယ် အလိုက်  အထင်ကရနေရာများ၊   ဒေသ တွင်း လူမှုစီပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များနှင့်  ဒေသအလိုက် ရိုးရာအစားအစာများ      အကြောင်းကို နွေးထွေးပျူငှာစွာ  ရှင်းလင်းပြသပေးကြ ရာ ကျောင်းသား၊ လူငယ်များ၊ ဝန်ကြီးဌာန များမှ    ဝန်ထမ်းများနှင့်   မိသားစုများ၊ ပြည်သူများ      စိတ်အားထက်သန်စွာ လေ့လာကြည့်ရှုကြပြီး တိုင်းရင်းသားအဖွဲ့ များဖြင့်  ဂုဏ်ယူစွာ  အမှတ်တရဓာတ်ပုံ ရိုက်ကြသူများဖြင့်လည်း  စည်ကားလျက် ရှိသည်ကို တွေ့ရသည်။


ပွဲတော်လာပြည်သူများ       MSME ထုတ်ကုန်များအကြောင်းကို ကျယ်ကျယ် ပြန့်ပြန့်   သိရှိနိုင်ရေးအတွက်   ပြခန်း တာဝန်ရှိသူများက  ဒေသအလိုက်ထွက်ရှိ သည့် ရိုးရာအစားအစာများ၊ ဒေသထွက် MSME  ကုန်ထုတ်လုပ်ငန်းများ၊   One Region  One  Product  ထုတ်ကုန်များ အပါအဝင်    ပြည်ပသို့တင်ပို့ရောင်းချနေ သည့် MSME ထုတ်ကုန်များ အကြောင်းကို ဗဟုသုတအဖြစ်    အသေးစိတ်ရှင်းလင်း ပြောကြားပေးခဲ့ကြသည်။ 


 သီဆိုကခုန်ပါဝင်ဆင်နွှဲ


ပြခန်းများ၌လည်း   အထူးပျော်ရွှင် စရာအစီအစဉ်အနေဖြင့်  တိုင်းရင်းသား ရိုရာ ယဉ်ကျေးမှုအဖွဲ့များက သက်ဆိုင်ရာ ရိုးရာယဉ်ကျေးမှုအကအလှများ၊   ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်များကို ပေါ်လွင် စေသည့်သီချင်းများနှင့်  မျိုးချစ်စိတ်နှင့် ဇာတိမာန်ကို   တက်ကြွစေမည့်သီချင်း များဖြင့်   ကပြဖျော်ဖြေတင်ဆက်ကြရာ ပွဲတော်လာပြည်သူများကလည်း တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်အတူ ပျော်ရွှင်စွာ   သီဆိုကခုန်ပါဝင်ဆင်နွှဲကြ သည့်  မြင်ကွင်းသည်လည်း  တောင်ပေါ် မြေပြန့်မခွဲခြားဘဲ စည်းလုံးသည့်သွေးချင်း ညီအစ်ကို  စိတ်ထားကို  အထူးပေါ်လွင်စေ ခဲ့သည်။ 


ဈေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိ


အလားတူ နေပြည်တော်ကောင်စီ အပါအဝင်  တိုင်းဒေသကြီးနှင့်  ပြည်နယ် များမှ ထွက်ရှိသည့် MSME ထုတ်ကုန်များ၊ တိုင်းရင်းသားရိုးရာ  အမှတ်တရပစ္စည်း များနှင့်     ရိုးရာဝတ်စုံများကို   ပြည်သူ များ   စိတ်ကြိုက်ဝယ်ယူနိုင်ရန်အတွက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိပြီး ချစ်ခင်နှစ်သက်မြတ်နိုးစွာဖြင့် ဝယ်ယူကြ သူများဖြင့်လည်း   စည်ကားလျက်ရှိရာ ဒေသအလိုက်      ဆောင်ရွက်နေသည့် MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အားပေးမြှင့်တင်ပေးရာ   ရောက်သည့် မြင်ကွင်းတစ်ခုလည်း ဖြစ်သည်။
 ထို့ပြင် ပွဲတော်လာပြည်သူများ တိုင်း ဒေသကြီးနှင့်   ပြည်နယ်အလိုက်   ရိုးရာ အစားအစာများကို တစ်နေရာတည်းတွင် စိတ်အေးချမ်းသာစွာ မြည်းစမ်းစားသုံးနိုင် ရန်အတွက်  ရိုးရာအစားအစာဆိုင်များ ဖွင့်လှစ်၍         သန့်ရှင်းလတ်ဆတ်စွာ ရောင်းချပေးလျက်ရှိရာ         နှစ်ခြိုက်စွာ ဝယ်သူစားသုံးကြသည့် ပြည်သူများဖြင့် အထူးစည်ကားခဲ့သည်။ 


ညပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ် များအဖြစ် တိုင်းကျိုးပြည်ပြုတေးသီချင်း များ၊ ခေတ်ပေါ်တေးသီချင်းများ၊ မျိုးချစ် စိတ်နှင့်ဇာတိမာန်တက်ကြွစေမည့် တေး သီချင်းများဖြင့်လည်းကောင်း၊ တိုင်းဒေသ ကြီးနှင့်   ပြည်နယ်များမှ   တိုင်းရင်းသား ရိုးရာယိမ်းအဖွဲ့များက ရိုးရာတေးသီချင်း များကို အကအလှများပေါင်းစပ်၍လည်း ကောင်း မြူးကြွပျော်ရွှင်စွာဖြင့် ဖျော်ဖြေ ကြရာ(အပေါ်ပုံ)   ပြည်သူများပျော်ရွှင်စွာ ဖြင့် တစ်ခဲနက်ပါဝင်ဆင်နွှဲခဲ့ကြသည်။ 


ထို့ပြင်   ရောင်းချပွဲသို့   လာရောက် လေ့လာကြည့်ရှု        ဝယ်ယူကြသည့် အများပြည်သူများ      အန္တရာယ်တစ်စုံ တစ်ရာမဖြစ်ပေါ်စေရန်အတွက် တာဝန်ရှိ သူများက စနစ်တကျလုံခြုံရေး စစ်ဆေး ဆောင်ရွက်ပေးခြင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များကလည်း           ယာဉ်အန္တရာယ် ကင်းရှင်းစွာ   သွားလာနိုင်ရန်အတွက် ပွဲတော်သို့လာသည့်လမ်းများ၌ ကြီးကြပ် ဆောင်ရွက်ပေးခြင်းနှင့်     ကျန်းမာရေး စောင့်ရှောက်မှုများ   ပေးနိုင်ရန်အတွက် လည်း    ကျန်းမာရေးဆေးပေးခန်းများ ဖွင့်လှစ်ထားရှိပေးခဲ့သည်။ 


အနှစ်သာရပြည့်စုံ


အဆိုပါ    ပွဲတော်ကို  နေပြည်တော် ကောင်စီအပါအဝင်   တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် MSME ထုတ်ကုန် အရောင်းပြခန်း ၃၄ ခန်း၊ ရိုးရာအစားအစာ ပြခန်း ၁၉ခန်းတို့ဖြင့်   ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက် အထိ ခင်းကျင်းပြသရောင်း ချပေးခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များ၏ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အတွက် များစွာအထောက်အကူဖြစ်စေ ခဲ့ပြီး   ဒေသထွက်ရိုးရာအစားအစာများ ကို   တိုင်းရင်းသားပြည်သူလူထု   စိတ် အေးချမ်းပျော်ရွှင်စွာ    စားသုံးနိုင်ရန်  ထုတ်လုပ်   ရောင်းချနိုင်ခဲ့သည့်အတွက် လည်း ပြည်ထောင်စု၏ အနှစ်သာရပြည့်စုံ ခဲ့သည့် ပွဲတော်ကြီးတစ်ခုအဖြစ်အောင်မြင် စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရှိရသည်။ 


အောင်ရဲသွင်၊ ဓာတ်ပုံ - ဖိုးပြည့်စုံ