(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေးဆပ်ကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၂၅


၂၀၂၄ ခုနှစ်   (၇၆)  နှစ်မြောက် လွတ်လပ်ရေး နေ့    ဧည့်ခံပွဲနှင့် ညစာစားပွဲ      အခမ်းအနား အောင်မြင်စွာ        ကျင်းပနိုင်ရေး အတွက် လွတ်လပ်ရေးနေ့ ဧည့်ခံ ပွဲနှင့်  ညစာစားပွဲ    ကျင်းပရေး ဆပ်ကော်မတီ     ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို   ယနေ့ မွန်းလွဲ ၃ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။


အစည်းအဝေးကို လွတ်လပ် ရေးနေ့   ဧည့်ခံပွဲနှင့်    ညစာစားပွဲ ကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ    ဒုတိယဝန်ကြီးချုပ်နှင့်     နိုင်ငံခြား ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ၊ ဆပ်ကော်မတီ ဝင်များ၊     လုပ်ငန်းအဖွဲ့များမှ       ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာဌာန များမှ   တာဝန်ရှိသူများ    တက် ရောက်ခဲ့ကြသည်။


အစည်းအဝေးတွင်  ဒုတိယ ဝန်ကြီးချုပ်နှင့်    ပြည်ထောင်စု ဝန်ကြီးက    အဖွင့်အမှာစကား ပြောကြားသည်။     ယင်းနာက် အစည်းအဝေးသို့      တက်ရောက် လာကြသူများ (၇၆) နှစ်မြောက်   လွတ်လပ်ရေးနေ့   ဧည့်ခံပွဲနှင့်    ညစာစားပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက်     ဆပ်ကော်မတီ အနေဖြင့်     ဆောင်ရွက်ရမည့် လုပ်ငန်းများကို လွတ်လပ်ရေးနေ့ ကျင်းပရေး     ဗဟိုကော်မတီသို့ တင်ပြအတည်ပြုချက် ရယူရမည့် အချက်များ၊    ဆပ်ကော်မတီ အတွင်း      ညှိနှိုင်းဆောင်ရွက်ရန် ရှိသည့်    ကိစ္စရပ်များကို    ကဏ္ဍ အလိုက်      အသီးသီးရှင်းလင်း တင်ပြကြရာ    လွတ်လပ်ရေးနေ့  ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေး     ဆပ်ကော်မတီဥက္ကဋ္ဌ    ဒုတိယ ဝန်ကြီးချုပ်နှင့်    ပြည်ထောင်စု ဝန်ကြီးက     လိုအပ်သည်များ   ဖြည့်စွက်ဆွေးနွေးပြီး    နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။               

သတင်းစဉ်