(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းမိသားစု အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 

နေပြည်တော် ဇန်နဝါရီ  ၅


(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်     ဆည်မြောင်း ဝန်ကြီးဌာန   ဝန်ထမ်းမိသားစု အားကစားပြိုင်ပွဲများနှင့်     ဆု ချီးမြှင့်ပွဲများကို   ယမန်နေ့က နေပြည်တော်   ရုံးအမှတ်(၁၅)၊ ရုံးအမှတ်(၄၃)နှင့်  စိုက်ပျိုးရေး သိပ္ပံကျောင်း (ပျဉ်းမနား) တို့၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊             ဌာနတာဝန်ရှိသူများ တက်ရောက်    အားပေးကြပြီး    ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက    ပျော်ရွှင် စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။


အားကစား    ပြိုင်ပွဲများတွင် ဖူဆယ်(အမျိုးသား)   ဘောလုံး ပြိုင်ပွဲ၊  အမျိုးသား  အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊        အမျိုးသား အမျိုးသမီး    စားပွဲတင်တင်းနစ် ပြိုင်ပွဲ၊    အမျိုးသား  အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ၊       အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့်   အမျိုး သမီး      ထုပ်ဆီးတိုးပြိုင်ပွဲများ စသည့်  အားကစားနည်းများတွင် ဦးစီးဌာနနှင့်   တက္ကသိုလ်များ အလိုက်  ကိုယ်စားပြုအသင်းများ ပါဝင်ယှဉ်ပြိုင်ကြသည်။


နိုင်ငံ့ဝန်ထမ်းများ  ကိုယ်စိတ် အပန်းပြေစေရေး၊ ကျန်းမာပျော်ရွှင် ရေးနှင့်       ဝန်ထမ်းထုအကြား စည်းလုံးညီညွတ်မှု ချစ်ခင်ရင်းနှီးမှုတိုးပွားရေးအတွက်  ရည်ရွယ်၍ ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့သည့်    (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန      ဝန်ထမ်းမိသားစု အားကစားပြိုင်ပွဲများ၌ အားကစား နည်းများအလိုက် ဆုရခဲ့ကြသည့် အားကစား  ဝါသနာရှင်များကို ပြည်ထောင်စုဝန်ကြီး၊     ဒုတိယ ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများက    ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရ သည်။  

                    
သတင်းစဉ်