(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၄


၂၀၂၄ ခုနှစ်   (၇၆)  နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ တင်  အခမ်းအနားနှင့် နိုင်ငံတော် အလံ   အလေးပြုပွဲအခမ်းအနား ကို      ယနေ့      နံနက်ပိုင်းတွင် နေပြည်တော်  မြို့တော်ခန်းမရှေ့ ရင်ပြင်၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားကို  (၁)  အမျိုး သားအကျိုးစီးပွားနှင့် အမျိုးသား နိုင်ငံရေးဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့်  အချုပ် အခြာအာဏာ   တည်တံ့ခိုင်မြဲရေး ဟူသည့်   ဒို့တာဝန်အရေးသုံးပါး ကို     ထိန်းသိမ်းဆောင်ရွက်ရေး၊ (၂)    ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး  ဒီမိုကရေစီနှင့်     ဖက်ဒရယ်စနစ် ကို အခြေခံသည့်     ပြည်ထောင်စု စနစ်တည်ဆောက်ရာတွင်  အသိ ပညာ၊  အတတ်ပညာ၊   ပင်ကို အရည်အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံသည့်  လူ့စွမ်းအားအရင်း အမြစ်များ     မွေးထုတ်ပေးနိုင် သည့်    ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်ရေး၊ 
(၃)ဥပဒေနှင့်အညီ   လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့်      တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင် ခွင့်ရရှိစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရေး၊ (၄) အကြမ်းဖက် ဖြစ်စဉ်များအားလုံး  ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းရေးနှင့် ပါတီစုံ ဒီမိုကရေစီစနစ်    ခိုင်မာစေရေး အတွက်  ပြည်သူလူထုတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး၊ (၅) စိုက်ပျိုးရေးနှင့်   မွေးမြူရေး လုပ်ငန်းများကို     အခြေခံသည့် MSME စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ရေး ဟူသည့် (၇၆)နှစ်မြောက်လွတ်လပ် ရေးနေ့ အမျိုးသားရေးဦးတည် ချက်များနှင့်အညီ   အနှစ်သာရ ပြည့်ဝစွာကျင်းပခြင်းဖြစ်သည်။


နိုင်ငံတော်အလံကို လွှင့်တင်


ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင်  ၂၀၂၄  ခုနှစ်  (၇၆)  နှစ် မြောက် လွတ်လပ်ရေးနေ့ နိုင်ငံ တော်   အလံတင်အခမ်းအနားကို ကျင်းပရာ   အလံတင်တပ်စုက တိုင်းရင်းသား၊  တိုင်းရင်းသူများ ခြံရံ၍        နိုင်ငံတော်အလံကို လွှင့်တင်သည်။


ထို့နောက် နံနက်  ၆  နာရီ တွင်        ပြည်ထောင်စုအဆင့်     ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီး များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု    ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊    နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊        အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်     ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ     အမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော် အရာရှိကြီးများ၊      ပြည်ထောင်စု တရားလွှတ်တော်ချုပ်     တရား သူကြီးများ၊    နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊   နေပြည် တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့အဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်    ဒုတိယ ဥက္ကဋ္ဌ၊    နေပြည်တော်ကောင်စီဝင် များ၊  နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ   ဒုတိယမြို့တော် ဝန်၊ အဂတိလိုက်စားမှု တိုက်ဖျက် ရေး ကော်မရှင်အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ      အကြီးအကဲများနှင့် ဝန်ထမ်းများ၊      တိုင်းရင်းသား၊ တိုင်းရင်းသူများ၊        မိဘပြည်သူ များသည်       နိုင်ငံတော်အလံ      အလေးပြုပွဲအခမ်းအနားကျင်းပ မည့်   မြို့တော်ခန်းမရှေ့ ရင်ပြင်သို့ ဝင်ရောက်နေရာယူကြသည်။


ယင်းနောက် နံနက် ၇ နာရီ တွင် ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ     အခမ်းအနားကို ကျင်းပရာ   တပ်မတော်(ကြည်း၊ ရေ၊ လေ)     ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမရှေ့    ရင်ပြင်သို့ ချီတက်နေရာယူကြသည်။


အလေးပြုခြင်းခံယူ


ဆက်လက်၍ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟို ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်      ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ  မဟာ သရေစည်သူ စိုးဝင်းက အလေးပြု ခံစင်မြင့်သို့ ရောက်ရှိပြီး ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ       ဒုတိယဝန်ကြီးချုပ်နှင့်  (၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့   အခမ်း အနားသို့  တက်ရောက်လာကြသူ များသည် ဂုဏ်ပြုတပ်ဖွဲ့နှင့် အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို     အလေးပြုကြ သည်။


ယင်းနောက်   ဂုဏ်ပြုတပ်ဖွဲ့က ကျဆုံးလေပြီးသော ခေါင်းဆောင် ကြီးများနှင့် တပ်မတော်သားများ အား အလေးပြု၍ သစ္စာလေးချက် ကို သံပြိုင်ရွတ်ဆိုကြသည်။


ဆက်လက်၍   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာ သရေစည်သူ စိုးဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ (၇၆) နှစ်မြောက် လွတ်လပ်ရေး နေ့အခမ်းအနားသို့      ပေးပို့သည့်  သဝဏ်လွှာကို  ဖတ်ကြားသည်။


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဒုတိယ ဥက္ကဋ္ဌ    ဒုတိယဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း ကို    ခံယူပြီး   အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း    သတင်းရရှိ သည်။                        

သတင်းစဉ်