
မုံရွာ နိုဝင်ဘာ ၁၇
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့် အစီအစဉ်အဖြစ် “ တူယှဉ်တွဲပျော် ဂီတပွဲတော် ” တေးသီချင်းသီဆိုမှု နှင့် ဖျော်ဖြေပွဲအတွက် စစ်ကိုင်း တိုင်းဒေသကြီး ကိုယ်စားပြု ရွေးချယ်ပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်က တိုင်း ဒေသကြီးအစိုးရအဖွဲ့ ရုံးတွင် ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ ကို ဂုဏ်ပြုသည့် အစီအစဉ်အဖြစ် “တူယှဉ်တွဲပျော် ဂီတပွဲတော်” တေးသီချင်းသီဆိုမှုနှင့် ဖျော်ဖြေ ပွဲအတွက် တိုင်းဒေသကြီး ကိုယ်စားပြု ရွေးချယ်ပြိုင်ပွဲတွင် တိုင်းဒေသကြီးကိုယ်စားပြု အဆို ရှင်များ သီဆိုယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်း အနားကို ကျင်းပရာ တိုင်းဒေသ ကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းက ဆုရွေးချယ် ရေး စည်းမျဉ်း စည်းကမ်းများကို ဖတ်ကြားပြီး တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများမှ ပြိုင်ပွဲဝင်အဆိုရှင် များအား ဂုဏ်ပြုလက်မှတ်များ ကို လည်းကောင်း၊ တိုင်းဒေသ ကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က အထူးဆု (၂) ရရှိသူအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များကို လည်း ကောင်း၊ တိုင်းဒေသကြီး လူမှု ရေးရာဝန်ကြီး ဦးအေးလှိုင်က အထူးဆု(၁)ရရှိသူအား ဂုဏ်ပြု ဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များ ကို လည်းကောင်း ပေးအပ် ချီးမြှင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထမဆုရရှိသော စစ်ကိုင်းခရိုင် ကိုယ်စားပြု ဦးအောင်မြင့်သိန်း အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြု လက်မှတ်များကို ပေးအပ်ချီးမြှင့်ပြီး ကူညီဆောင်ရွက်ပေးခဲ့ သော အကဲဖြတ်ဒိုင်များကိုယ်စား အဆိုရှင်ဒေါ်သန္တာထံ ဂုဏ်ပြုဆု ငွေနှင့် ဂုဏ်ပြုလက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။
အဆိုပါပြိုင်ပွဲအတွက် တိုင်း ဒေသကြီးကိုယ်စားပြု အဆိုရှင်များ သီဆိုယှဉ်ပြိုင်ပွဲတွင် တိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်များမှ ပြိုင်ပွဲဝင် ၂၀ ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)