(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်    ဇန်နဝါရီ    ၆


(၇၅)နှစ်မြောက်         စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။ 


တက်ရောက်


လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့  ဂုဏ်ပြုအခမ်း အနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီး ဌာန  ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်း၊ ဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒုတိယ ဝန်ကြီး  ဗိုလ်ချုပ်စိုးတင့်နိုင်၊  ဦးမောင်မောင်ဝင်း၊ ဦးထွန်းအုံ၊   ဦးဇော်ဝင်း၊   ဒေါက်တာအေးထွန်း၊ ဦးမင်းထိန်၊ ဦးဇော်အေးမောင်၊ ကာကွယ်ရေးဦးစီး  ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 


ရှေးဦးစွာ   ဂုဏ်ပြုအခမ်းအနား   ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ရှုခံရင်ပြင်၌ ကျင်းပမည့် အခမ်းအနားသည် တိုင်းရင်းသားအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်မည့်   အခမ်းအနားတစ်ခုဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အရေး ကြီးပါကြောင်း၊  သို့ဖြစ်၍  ယနေ့ အစည်းအဝေး တွင် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်မည့် အခြေ အနေများကို ဆွေးနွေးတင်ပြကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက်   ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီ   ဒုတိယဥက္ကဋ္ဌ   ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်     နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်တို့က           အမှာစကား  ပြောကြားကြသည်။


ဆွေးနွေးတင်ပြ


ယင်းနောက်  အတွင်းရေးမှူး  ဒုတိယဝန်ကြီး ဦးရဲတင့်က  အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် ဆောင်ရွက်သွားမည့်အစီအမံများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသူများ က ကဏ္ဍအလိုက် ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။ 
ဆွေးနွေးတင်ပြချက်များအပေါ် ဂုဏ်ပြုအခမ်း အနား  ကျင်းပရေးကော်မတီဥက္ကဋ္ဌက  ဖြည့်စွက် ဆွေးနွေးမှာကြားသည်။  


ဆက်လက်၍ ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးများသည်          တိုင်းဒေသကြီး/ ပြည်နယ်များမှ ပါဝင်ပြသမည့် အလှပြယာဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ 


သတင်းစဉ်