(၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ

တောင်ကြီး   ဖေဖော်ဝါရီ   ၇


(၇၅)နှစ်မြောက်       စိန်ရတု    ရှမ်း ပြည်နယ်နေ့အခမ်းအနားကို    ယနေ့ နံနက် ၇ နာရီတွင် တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်    Jeng Phang နော်တောင်၊     စောဒန်နီယယ်၊ ဦးစိုင်းလုံးဆိုင်၊  ဦးရွှေကြိမ်း၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်        ဒုတိယ      ဗိုလ်ချုပ်ကြီး          ထွန်းထွန်းနောင်၊    ဦးဌေးအောင်၊    ဦးစောထွန်းအောင်မြင့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်   ဒေါက်တာ ကျော်ထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊  ပြည်နယ်ဝန်ကြီးများ နှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ဂုဏ်ပြုဆုရသူများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။  


မိန့်ခွန်းပြောကြား


အခမ်းအနားတွင်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံမှ  (၇၅)နှစ်မြောက်  စိန်ရတု   ရှမ်း ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်     ဦးစိုင်းလုံးဆိုင်က ဖတ်ကြားပြီး  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်နေ့ မိန့်ခွန်းပြောကြားသည်။


ယင်းနောက်     ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဆုပစ္စည်းများချီးမြှင့်ရာ စီမံ ခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု ပထမအဆင့် သုံးဆုနှင့်   တတိယအဆင့်   ခြောက်ဆု၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆု ပထမအဆင့် ၄၄ ဆုနှင့် ဒုတိယ အဆင့် တစ်ဆု၊ တတိယအဆင့် ၂၁ ဆု၊ စိုက်ပျိုးရေးထူးချွန်ဆု   တတိယအဆင့် နှစ်ဆု၊    မွေးမြူရေးဆိုင်ရာထူးချွန်ဆု တတိယအဆင့် တစ်ဆု၊ ကျန်းမာရေး ဆိုင်ရာ  ထူးချွန်ဆု တတိယအဆင့် သုံးဆု၊ လူမှုရေးဆိုင်ရာထူးချွန်ဆု(ပထမအဆင့်) တစ်ဆုနှင့်     တတိယအဆင့်      ၂၇ ဆု၊ သုတေသနဆိုင်ရာထူးချွန်ဆု   တတိယ အဆင့်ဆု တစ်ဆုရရှိသူများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ       အဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်၊ Jeng Phang နော်တောင်၊ စောဒန်နီယယ်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စု ဝန်ကြီးများ၊         ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊          ပြည်နယ်ဥပဒေချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်     ဒုတိယ တိုင်းမှူးတို့က ဂုဏ်ထူးဆောင်လက်မှတ် နှင့် ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်ကြသည်။


ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က   ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာအစုံ   ၁၅၀ ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က  လက်ခံရယူ သည်။


ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး


ယင်းနောက် ကလောမြို့နယ် ဟဲဟိုး အင်းခေါင်းတွင် (၇၅)နှစ်မြောက် စိန်ရတု  ရှမ်းပြည်နယ်နေ့     အထိမ်းအမှတ် ရှမ်းပြည်နယ် ဟင်းသီးဟင်းရွက်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်နှင့်        အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊   ပြည်နယ် ဝန်ကြီးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြပြီး    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်     ဦးစိုင်းလုံးဆိုင်က နှုတ်ခွန်းဆက်စကား    ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာအောင်ကြီး တို့က  အမှာစကားများ   ပြောကြားကြ သည်။
ယင်းနောက် တောင်သူအဖွဲ့အစည်း များကို  ထောက်ပံ့မြေသြဇာအိတ်များ ပေးအပ်ရာ ကလောမြို့နယ် အာလူးအစု အဖွဲ့နှင့် ပင်လောင်းမြို့နယ် ထောပတ်အစု အဖွဲ့များကို   ပြည်နယ်ဝန်ကြီးချုပ်က လည်းကောင်း၊ ညောင်ရွှေမြို့နယ်နှင့် ရွာငံ မြို့နယ်မှ    ခရမ်းချဉ်သီးအစုအဖွဲ့များကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က     လည်းကောင်း၊  ပင်းတယမြို့နယ်နှင့် ရပ်စောက်မြို့နယ်မှ ဟင်းသီးဟင်းရွက်        အစုအဖွဲ့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် က   လည်းကောင်း၊  ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်  ထောပတ်အစုအဖွဲ့များကို ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက လည်းကောင်း ပေးအပ်ကြရာ  တောင်သူ အဖွဲ့အစည်းများက    လက်ခံရယူကြ သည်။


သစ်သီးလက်ဆောင်ပေးအပ်


ထို့နောက်        အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပေးကြသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများကို   ပြည်နယ် ဝန်ကြီးချုပ်က    သစ်သီးလက်ဆောင် ပေးအပ်ကာ   စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  စိုက်ပျိုးရေးဦးစီး ဌာနမှ   ပြသထားသောပြခန်းများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား များ  ဆောင်ရွက်ပေးနေမှုကို  လှည့်လည် ကြည့်ရှုကြကြောင်း သိရသည်။ 


သတင်းစဉ်