
နေပြည်တော် ဒီဇင်ဘာ ၇
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” (တတိယ)အကြိမ် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၁ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ်ရေး၊ ကျန်းမာ ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်က (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့ကို ကြိုဆိုသောအားဖြင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ”(တတိယ)အကြိမ် ပွဲတော်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ Virtual စနစ်ဖြင့် ကျင်းပရန် စီစဉ်လျက်ရှိပြီး သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ MRTV အနေဖြင့် မိမိတို့၏လုပ်ငန်း တာဝန်များအပြင် တိုင်းရင်းသားများအတွက် ကြိုးစား လုပ်ဆောင်ချက်များအပေါ် များစွာကျေးဇူးတင်ရှိပါ ကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် လက်ရှိဆောင်ရွက်ထားရှိမှုနှင့် မိမိတို့ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း ဆွေးနွေးပေးစေလိုပါကြောင်း၊ ပွဲတော်ကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းအနေဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပိုမိုနီးကပ်စွာ ချိတ်ဆက်ဆောင်ရွက်ပေးစေလိုပါကြောင်း ပြော ကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” (တတိယ)အကြိမ် ပွဲတော်ကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် အခြေ အနေများကြောင့် Virtual Celebration အဖြစ် ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုအခြေအနေ များကို ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က တတိယအကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော်နှင့်ပတ်သက်၍ ထုတ်လွှင့်ပြသမည့် နေ့ရက်၊ အချိန်နှင့် ဖျော်ဖြေရေးအစီအစဉ်တို့ကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးမင်း ဗညားစန်းနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော်၊ ကိုးကန့်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းဒုတိယဥက္ကဋ္ဌ ဦးအောင်သိန်းနိုင် တို့က တိုင်းရင်းသားပြခန်းများ၊ တိုင်းရင်းသားဒေသ ထုတ်ကုန်များ၊ စားသောက်ကုန်များ၊ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သောပြခန်းများကို Web Portal ဖြင့် ထုတ်လွှင့်ပြသနိုင်ရေး စီစဉ်ထားရှိ မှုကို ရှင်းလင်းတင်ပြကြပြီး မြန်မာ့အသံနှင့် ရုပ်မြင် သံကြားတွင် ထုတ်လွှင့်ပြသမည့် အစီအစဉ်များနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများက အထွေထွေဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပထမ အကြိမ်နှင့် ဒုတိယအကြိမ်များတွင် အောင်မြင်မှုများ ရရှိသကဲ့သို့ ယခုပြုလုပ်မည့် “သွေးချင်းတို့ရဲ့ပွဲတော် ဆီ”(တတိယ)အကြိမ်ပွဲတော်ကို Virtual Cele-bration ဖြင့် ကျင်းပထုတ်လွှင့်ခြင်းဖြင့် တစ်ကမ္ဘာလုံး က ကြည့်ရှုနိုင်မည်ဖြစ်သည့်အတွက် အခက်အခဲ စိန်ခေါ်မှုများရှိသော်လည်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်မည်ဆိုပါက အောင်မြင်မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
သတင်းစဉ်