(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်    ဇန်နဝါရီ     ၆


(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပ ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

 


လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့  ဂုဏ်ပြုအခမ်းအနားကျင်းပ ရေးကော်မတီဥက္ကဋ္ဌ  ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း၊      ဒုတိယ ဥက္ကဋ္ဌ  အားကစားနှင့်  လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ကော်မတီအတွင်း ရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဦးမောင်မောင်ဝင်း၊   ဦးထွန်းအုံ ၊ ဦးဇော်ဝင်း၊  ဒေါက်တာအေးထွန်း၊ ဦးမင်းထိန်၊    ဦးဇော်အေးမောင်၊ ကာကွယ်ရေး       ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့် စိုး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များနှင့် ဖိတ်ကြားထား သူများ  တက်ရောက်ကြသည်။

 


အခမ်းအနားတစ်ခုဖြစ်


ရှေးဦးစွာ     ဂုဏ်ပြုအခမ်း အနားကျင်းပရေး    ကော်မတီ  ဥက္ကဋ္ဌ    ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ရှုခံ ရင်ပြင်၌   ကျင်းပမည့်  အခမ်း အနားသည် တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်   ဆောင်ရွက်မည့် အခမ်းအနားတစ်ခုဖြစ်ပြီး  တိုင်း ရင်းသား     စည်းလုံးညီညွတ်ရေး အတွက်   အရေးကြီးပါကြောင်း၊ သို့ဖြစ်၍     ယနေ့အစည်းအဝေး တွင်  မိမိတို့ကဏ္ဍအလိုက် ဆောင် ရွက်မည့်     အခြေအနေများကို ဆွေးနွေးတင်ပြကြရန်    ဖြစ်ပါ ကြောင်း ပြောကြားသည်။

 


ထို့နောက်   ဂုဏ်ပြုအခမ်း အနားကျင်းပရေး    ကော်မတီ ဒုတိယဥက္ကဋ္ဌ      ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံနှင့်   နေပြည် တော်ကောင်စီဥက္ကဋ္ဌ  ဒေါက်တာ မောင်မောင်နိုင်တို့က      အမှာ စကား ပြောကြားကြသည်။

 


 ဆွေးနွေးတင်ပြ


ယင်းနောက် အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်က  အခမ်း အနား  အောင်မြင်စွာ  ကျင်းပနိုင် ရေးအတွက် ဆောင်ရွက်သွား မည့်      အစီအမံများကို ရှင်းလင်းဆွေးနွေး ပြီး     တက် ရောက်လာကြသူများက      ကဏ္ဍအလိုက်   ဆောင်ရွက်မည့် အခြေအနေများကို    ဆွေးနွေး တင်ပြကြသည်။
 ဆွေးနွေး     တင်ပြချက်များ အပေါ်    ဂုဏ်ပြုအခမ်းအနား ကျင်းပရေး   ကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေး      မှာကြား သည်။  

 


ညှိနှိုင်းဆွေးနွေး


ဆက်လက်၍ ဂုဏ်ပြုအခမ်း အနားကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးများသည် တိုင်း ဒေသကြီး/ပြည်နယ်များမှ ပါဝင် ပြသမည့်     အလှပြယာဉ်များနှင့် စပ်လျဉ်း၍        ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။        
       

သတင်းစဉ်