
မော်လမြိုင် ဇန်နဝါရီ ၂
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် တွင် ကျရောက်မည့် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော် လင်းထွန်း၊ပြည်နယ်ဝန်ကြီးများ၊သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင် များ၊ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားလူမျိုး များ၏ စာပေ၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများ၊ အထင်ကရနေရာ များ၊ ဒေသထွက်ကုန် ပစ္စည်းများ အား ပေါ်လွင်ရန် (၇၅) နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် အလှပြယာဉ် များ၊ တိုင်းရင်းသားရိုးရာ အက အလှအဖွဲ့များ စေလွှတ်ပေးနိုင် ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
တိုင်းရင်းသားလူမျိုး အပေါင်း တို့၏ ဓလေ့ထုံးတမ်း အစဉ်အလာ များကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက် လက္ခဏာများ မပျောက်ပျက် အောင် ထိန်းသိမ်းကာကွယ် ရေး စောင့်ရှောက်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြ ရန်လိုကြောင်း၊ မိမိတို့ ပြည်နယ် အတွင်းရှိ အနုသုခုမရိုးရာ အမွေအနှစ်များကိုလည်း အဆိုပါ အခမ်းအနားတွင် ဖော်ထုတ်ပြသ ပေးစေလိုကြောင်း ပြောကြား သည်။
ထို့နောက် တက်ရောက်လာ ကြသည့် ပြည်နယ်ဝန်ကြီးများ နှင့် သက်ဆိုင်ရာဌာနအလိုက် ကော်မတီ အဖွဲ့ဝင်များ၏ ရှင်းလင်းတင်ပြ ဆွေးနွေးမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်း သားလူမျိုးတို့၏ ပုံရိပ်ကို ပေါ်လွင် စေမည့် အလှပြယာဉ်များ၊ တိုင်းရင်းသားရိုးရာ အကအဖွဲ့ များ စေလွှတ်ပေးနိုင်ရေး အတွက် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးသည်။
မွန်ပြည်နယ် အနေဖြင့် တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးပြီး လေးစားမှုရှိ စေရေး၊ စာပေ၊ စကား၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်း များ၊ တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများကိုလည်း အထူးအလေး ပေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)