
နေပြည်တော် ဒီဇင်ဘာ ၇
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို“သွေးချင်း တို့ရဲ့ ပွဲတော်ဆီ” (တတိယ) အကြိမ် အောင်မြင်စွာ ကျင်းပနိုင် ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် ၁၁ နာရီ တွင် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ ကျင်းပ သည်။
ချိတ်ဆက်ဆောင်ရွက်
ပထမဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးစောထွန်းအောင်မြင့် က (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသော အားဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ “သွေးချင်း တို့ရဲ့ပွဲတော်ဆီ”(တတိယ)အကြိမ် ပွဲတော်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ Virtual စနစ်ဖြင့်ကျင်းပရန် စီစဉ်လျက် ရှိပြီး သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ MRTV အနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များ အပြင် တိုင်းရင်းသားများအတွက် ကြိုးစား လုပ်ဆောင်ချက်များ အပေါ် များစွာကျေးဇူးတင်ရှိပါ ကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားအနေဖြင့် လက်ရှိဆောင် ရွက်ထားရှိမှုနှင့် မိမိတို့ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း ဆွေးနွေး ပေးစေလိုပါကြောင်း၊ ပွဲတော် ကျင်းပရန် အချိန်နီးကပ်လာ ပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းအနေဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပိုမိုနီးကပ်စွာ ချိတ်ဆက်ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က “သွေးချင်း တို့ရဲ့ပွဲတော်ဆီ” (တတိယ) အကြိမ် ပွဲတော်ကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် အခြေ အနေများကြောင့် Virtual Celebration အဖြစ် ကျင်းပနိုင် ရေး စီစဉ်ဆောင်ရွက်နေမှု အခြေ အနေများကို ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ချုပ် ဦးရဲနိုင်က တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော် နှင့်ပတ်သက်၍ ထုတ်လွှင့်ပြသ မည့် နေ့ရက်၊ အချိန်နှင့် ဖျော်ဖြေ ရေးအစီအစဉ်တို့ကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးမင်းဗညားစန်းနှင့် တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော်၊ ကိုးကန့် တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင် သိန်းနိုင်တို့က တိုင်းရင်းသား ပြခန်း များ၊ တိုင်းရင်းသား ဒေသထုတ် ကုန်များ၊ စားသောက်ကုန်များ၊ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း နှင့် သက်ဆိုင်သော ပြခန်းများကို Web Portal ဖြင့် ထုတ်လွှင့်ပြသ နိုင်ရေး စီစဉ်ထားရှိမှုကို ရှင်းလင်း တင်ပြကြပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့် ပြသမည့် အစီအစဉ်များနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်သွား မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက အထွေထွေ ဆွေးနွေးတင်ပြ ကြသည်။
ကြည့်ရှုနိုင်
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက ပထမအကြိမ် နှင့် ဒုတိယအကြိမ်များတွင် အောင်မြင်မှုများ ရရှိသကဲ့သို့ ယခုပြုလုပ်မည့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ”(တတိယ) အကြိမ် ပွဲတော်ကို Virtual Celebration ဖြင့် ကျင်းပထုတ်လွှင့်ခြင်းဖြင့် တစ်ကမ္ဘာလုံးက ကြည့်ရှုနိုင်မည် ဖြစ်သည့်အတွက် အခက်အခဲ စိန်ခေါ်မှုများ ရှိသော်လည်း စည်းလုံးညီညွတ်စွာဖြင့် ဆောင် ရွက်မည်ဆိုပါက အောင်မြင်မည် ဖြစ်ပါကြောင်း ပြောကြား သည်။ သတင်းစဉ်