
ပဲခူး ဒီဇင်ဘာ ၂၅
ပဲခူးတက္ကသိုလ် ဝင်းအတွင်း၌ ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ နှင့် ဌာနဆိုင်ရာများ စုပေါင်း သန့်ရှင်းရေး ပြုလုပ်ကြသည်။
အဆိုပါသန့်ရှင်းရေး ပြုလုပ် ရာသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသ ကြီးဝန်ကြီးများ၊ အတွင်းရေးမှူး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား လိုက်လံ ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ကန်တော့ပြီး ရင်ပြင်ပတ်လည် ကျောက်ပြား ပြန်လည်ခင်းနေမှုနှင့် ဘက်စုံ ပြုပြင်မွမ်းမံနေမှုတို့အား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)