
စစ်တွေ ဒီဇင်ဘာ ၂၅
ဇန်နဝါရီ ၄ ရက်တွင် ကျရောက် မည့် (၇၄) နှစ်မြောက် လွတ်လပ် ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့က ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးတွင် လွတ်လပ် ရေးနေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက လွတ်လပ်ရေး နေ့ အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်း ပေးထားပြီးဖြစ်ကြောင်း၊ လုပ်ငန်း ကော်မတီများအနေဖြင့် ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်း လမ်းညွှန် ချက်နှင့်အညီ အခမ်းအနား တစ်ခု ချင်းစီအလိုက် ဆောင်ရွက်ရမည့် စံလုပ်ငန်း လမ်းညွှန်ချက်များ ကို လိုက်နာဆောင်ရွက်ကြရန်၊ ကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်ချက်များကို ညွှန်ကြား ချက်နှင့်အညီ တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရ အဖွဲ့ညွှန်ကြားရေးမှူးက ဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီ များ ဖွဲ့စည်းထားမှုနှင့် ယခင်နှစ် အခမ်းအနားများတွင် ဆောင်ရွက် ခဲ့မှုများကို ဆွေးနွေးတင်ပြသည်။ ဆက်လက်၍ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ က လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်နေမှုနှင့် ယခင်နှစ် အခမ်းအနားများတွင် ဆောင်ရွက် ခဲ့သော အတွေ့အကြုံများ၊ အားနည်းချက်၊ အားသာချက်များ ကို ဆွေးနွေးတင်ပြခဲ့ကြသည်။
တင်ထွန်း(ပြန်/ဆက်)