(၇၄)နှစ်မြောက် တပ်မတော်(ရေ)နေ့အထိမ်းအမှတ် ရေငုပ်သင်္ဘောစစ်ရေယာဉ်(မင်းရဲကျော်ထင်) အပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကျင်းပ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ချီးမြှင့်

 

နေပြည်တော်   ဒီဇင်ဘာ   ၂၄


၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော တပ်မတော်(ရေ)သည် ယနေ့တွင် (၇၄)နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပြီး ယနေ့ (၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင် ရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲကျော်ထင်) အပါအဝင် စစ်ရေယာဉ် များ   တပ်တော်ဝင်ခြင်းအခမ်းအနားအား  ရန်ကုန်မြို့ရှိ    အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်  တက်ရောက်ဂုဏ်ပြုသည်။

 


အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်၏ ဇနီး  ဒေါ်ကြူကြူလှ၊   အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်  ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ပြည်ထောင်စုဝန်ကြီးများ၊    ရန်ကုန်တိုင်းဒေသကြီး    ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော် အရာရှိကြီးများနှင့်   ဇနီးများ၊   ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊  ရန်ကုန်မြို့တော်ဝန်၊   ရေတပ်စခန်းဌာန ချုပ်မှူးများနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည် များ တက်ရောက်ကြသည်။

 


လွှဲပြောင်းပေးအပ်


အခမ်းအနားအစီအစဉ်အရ စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က တပ်တော်ဝင် စစ်ရေယာဉ်ဆိုင်ရာ          အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ရေတပ်သင်္ဘောကျင်း ဌာနချုပ်   ဌာနချုပ်မှူးက ဗျူဟာစစ်ရေယာဉ်စုမှူး ထံ   စစ်ရေယာဉ်များနှင့်ပတ်သက်သော  စာရွက် စာတမ်းများအား လွှဲပြောင်းပေးအပ်သည်။ ယင်း နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကာကွယ် ရေးဦးစီးချုပ်(ရေ)က   တပ်တော်ဝင်အခမ်းအနား အထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ်များကို ဂါရဝပြု ပေးအပ်သည်။

 


ယင်းနောက်       စစ်ဦးစီးအရာရှိချုပ်  (ရေ)  က  တပ်တော်ဝင်စစ်ရေယာဉ်များအဖြစ် ကြေညာခြင်း၊ နိုင်ငံတော်အလံလွှင့်တင်ခြင်း၊  တပ်မတော်(ရေ)အလံလွှင့်တင်ခြင်း၊ တပ်တော်ဝင်အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း(၈)ချက်တီးခြင်းနှင့် တပ်တော်ဝင် လုပ်ငန်းစဉ်များအား  အစီအစဉ်အတိုင်းဆောင်ရွက် ကြသည်။

 


လှည့်လည်ကြည့်ရှုလေ့လာ


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေငုပ် သင်္ဘောစစ်ရေယာဉ် (မင်းရဲကျော်ထင်)၏ အမည် ကမ္ပည်းအား  စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး   ရေငုပ် သင်္ဘောစစ်ရေယာဉ်(မင်းရဲကျော်ထင်)အား လှည့်လည် ကြည့်ရှုလေ့လာကာ စစ်ရေယာဉ်မှူးအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အထိမ်းအမှတ်တံဆိပ်ကို ပေးအပ်ချီးမြှင့်သည်။ ယင်းနောက်  အဖွဲ့ဝင်များနှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

 


၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ ဝင်များသည် တပ်တော်ဝင်စစ်ရေယာဉ်များဖြစ်သည့် ရေငုပ်သင်္ဘော စစ်ရေယာဉ်(မင်းရဲကျော်ထင်)အပါ အဝင်     ကမ်းလွန်ရေယာဉ်တစ်စင်း၊   မြစ်တွင်းသွား ကင်းလှည့်ရေယာဉ် နှစ်စင်းနှင့် မြစ်တွင်းအမြန်သွား ကင်းလှည့်ရေယာဉ်   နှစ်စင်းတို့အား   လှည့်လည် ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
ဆက်လက်ပြီး      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် စစ်ရေယာဉ်(မုတ္တမ)ပေါ်ရှိ အလေးပြုခံစင်မြင့်မှ နေ၍   ဂုဏ်ပြုတပ်ဖွဲ့၏   အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။  ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူနေစဉ် စစ်ရေယာဉ် (ရန်တိုင်း အောင်) နှင့်     စစ်ရေယာဉ်  (ရန်ကြီးအောင်) တို့မှ အမြောက်(၂၁)ချက်ပစ်ဖောက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ဂုဏ်ပြုအလေးပြုကြသည်။ ၎င်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား   ဖရီဂိတ် စစ်ရေယာဉ် (အောင်ဇေယျ) ဦးဆောင်သော ဖရီဂိတ်စစ်ရေယာဉ် (ကျန်စစ်သား)၊  ဖရီဂိတ်စစ်ရေယာဉ်(ဆင်ဖြူရှင်)၊ ကော်ဗက်စစ်ရေယာဉ်(တပင်ရွှေထီး)နှင့် အမြန်သွား တိုက်ခိုက်ရေးရေယာဉ်များက     Single  Line Formation  ပုံစံဖြင့်လည်းကောင်း၊   အမြန်သွား ကင်းလှည့်ရေယာဉ်များမှ Diamond Formation ပုံပြု ပုံစံများဖြင့် အသီးသီးပုံပြုမောင်းနှင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်  ကာကွယ်ရေးဦးစီးချုပ်အား  ချီတက်အလေးပြုကြ သည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ      တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကာကွယ်ရေးဦးစီးချုပ်(ရေ)က အမြောက်ပစ်ဖောက် ဂုဏ်ပြုအလေးပြု   ပစ်ခတ်ထားသည့်   ပထမဆုံး အမြောက်ကျည်ဆန်ခွံအား         အထိမ်းအမှတ် လက်ဆောင်အဖြစ်  ဂါရဝပြုပေးအပ်သည်။ 

 


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြု မောင်းနှင်ချီတက်အလေးပြုခဲ့ကြသည့် စစ်ရေယာဉ် များမှ အရာရှိ၊   စစ်သည်များနှင့်   တပ်တော်ဝင်  ရေယာဉ်များတည်ဆောက်ခဲ့ချိန်တွင် ပါဝင်ဆောင် ရွက်ခဲ့သည့် အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြု အထိမ်းအမှတ်တံဆိပ်နှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ရာ   တာဝန်ရှိသူအသီးသီးက   လက်ခံရယူ ကြသည်။

 


၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြု အမှာစကားပြောကြားရာ၌ ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် တပ်မတော်(ရေ)၏ (၇၄)နှစ်မြောက် အခမ်းအနားဖြစ်သကဲ့သို့ တပ်မတော် (ရေ)အတွက်  ဒုတိယမြောက်ရေငုပ်သင်္ဘောအပါအဝင် စစ်ရေယာဉ် များ   တပ်တော်ဝင်ခြင်း    အခမ်းအနားဖြစ်ပြီး တပ်မတော်အတွက် ထူးခြားလေးနက်သည့် စွမ်းရည် တစ်ရပ်ကို ထပ်မံဖြည့်တင်းပေးသည့် နေ့တစ်နေ့ပင် ဖြစ်ကြောင်း၊  ရေငုပ်သင်္ဘောစစ်ရေယာဉ်နှင့်အတူ တပ်မတော်(ရေ) မှ ကိုယ်တိုင်တည်ဆောက်ခဲ့သည့် စစ်ရေယာဉ်များဖြစ်သည့် ကမ်းလွန်ရေယာဉ်တစ်စင်း၊ မြစ်တွင်းသွားကင်းလှည့်ရေယာဉ်    နှစ်စင်းနှင့် မြစ်တွင်း   အမြန်သွားကင်းလှည့်ရေယာဉ်  နှစ်စင်း တို့ကိုလည်း တပ်တော်ဝင်နိုင်ခဲ့ကြောင်း။

 


အဆင့်မြှင့်တင် တည်ဆောက်


နိုင်ငံတော်၏အချုပ်အခြာအာဏာ     တည်တံ့ ခိုင်မြဲရေးအတွက်     အကောင်းဆုံးသော အာမခံ ချက်သည်  စွမ်းရည်ထက်မြက်သည့် ကာကွယ်ရေး အင်အားစု တည်ဆောက် ပိုင်ဆိုင်ခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့         အဆင့်မြှင့်တင်       တည်ဆောက်ရာတွင် တပ်မတော်(ရေ)ကို        ပထမအဆင့်      အနေဖြင့် မြန်မာ့ပင်လယ်ပြင်      သီးသန့်စီးပွားရေးဇုန်အထိ အပြည့်အဝကာကွယ်ပေးနိုင်ရေးအတွက် သုံးဖက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့်       တိုက်ပွဲဝင်အသင့်ရေတပ် (Three Dimensional Combat Ready Navy)  အဖြစ် မျှော်မှန်းပြီး တည်ဆောက်ပေးရာတွင် ရေငုပ် သင်္ဘောတပ်ဖွဲ့ တည်ဆောက်ပေးနိုင်ရန်၊ စစ်ရေယာဉ် များ တည်ဆောက်ဖြည့်တင်းနိုင်ရန်၊ လူသားအရင်း အမြစ်များ ပိုမိုတိုးတက်ကောင်းမွန်အောင် ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် လိုက်လျော ညီထွေ    ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊     ထိုသို့ ဆောင်ရွက်ရာတွင်လည်း     အဆင့်ပေါင်းများစွာ၊ ကဏ္ဍပေါင်းများစွာအတွက်  စဉ်းစား၍   ပြင်ဆင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။

 


အရည်အသွေးများ ပိုမိုတိုးတက်


ရေငုပ်သင်္ဘောတပ်ဖွဲ့တည်ဆောက်ရေးအတွက် ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ   လက်ထက်ကတည်းက လူသား အရင်းအမြစ်များကို  ကြိုတင်ပြင်ဆင်မှုအနေဖြင့် လေ့ကျင့်မှုများကို ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့်  ရေငုပ်သင်္ဘောတပ်ဖွဲ့   လက်တွေ့တည် ဆောက်ရာတွင်     အသင့်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း၊  အလားတူ ရေယာဉ်များ တည်ဆောက်ဖြည့်တင်းခြင်း လုပ်ငန်းများ        ဆောင်ရွက်နိုင်ရန်အတွက်လည်း ရေတပ်သင်္ဘောကျင်းများအား  အဆင့်ဆင့်    အဆင့် မြှင့်တင်ဆောင်ရွက်ခဲ့ကြောင်း၊      အဆိုပါ    ရေတပ် သင်္ဘောကျင်းများမှ ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ စစ်ရေယာဉ် ၈၈ စင်းကို   တပ်တော်ဝင်ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ယနေ့ တပ်တော်ဝင်သည့် စစ်ရေယာဉ် များနှင့်ဆိုပါက ၉၄ စင်းကို တပ်တော်ဝင်နိုင်ခဲ့ကြောင်း၊  ဆက်လက်၍လည်း တည်ဆောက်လျက်ရှိကြောင်း၊ ထိုသို့တည်ဆောက်ခဲ့ရာတွင်လည်း စစ်ရေယာဉ်များ တည်ဆောက်မှုအရည်အသွေးများ    ပိုမိုတိုးတက် ကောင်းမွန်လာခဲ့ကြောင်း။

 


ထို့အတူ  စွမ်းရည်ထက်မြက်သည့်   တိုက်ပွဲဝင် စစ်ရေယာဉ်များဖြစ်စေရေး    စစ်ရေယာဉ်တစ်စင်း ချင်းစီ၏ စွမ်းဆောင်နိုင်မှု(Capability)များ တိုးတက် ကောင်းမွန်လာစေရေး ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့စစ်ရေယာဉ်များ အနေဖြင့် တစ်စင်းချင်းတိုက်ပွဲဝင်ရာတွင် Capability ပိုကောင်းသည့် တိုက်ပွဲဝင်စစ်ရေယာဉ်များ ဖြစ်စေ ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း။

 


လူသားအရင်းအမြစ်များ   မွေးထုတ်ပေးမှုနှင့် ပတ်သက်၍ တပ်မတော်(ရေ) အတွက် Deck officer များ Deck Crew များ၊   သင်္ဘောအင်ဂျင်ခန်းတွင် တာဝန်ထမ်းဆောင်မည့်သူများကို လေ့ကျင့်မွေးမြူ ပေးလျက်ရှိသကဲ့သို့   တစ်ဖက်မှလည်း   သင်္ဘော တည်ဆောက်ရေးနှင့်ပတ်သက်ပြီးလည်း ဒီဇိုင်းနှင့် ပတ်သက်သည့် Navy Architect နှင့်ပတ်သက်သည် များ၊ Ship Construction နှင့်ပတ်သက်သည့် လူသား အရင်းအမြစ်များအတွက် ပညာတော်သင်များ ပြည်ပ နိုင်ငံများသို့ စေလွှတ်ခြင်းနှင့် လက်တွေ့လေ့ကျင့် ပေးခြင်းများဆောင်ရွက်ပေး၍ အရည်အသွေးများ တိုးတက်အောင်   ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ထိုသို့လူသားအရင်းအမြစ်တည်ဆောက်ရေးသည် တပ်ဖွဲ့တစ်ခုတည်ဆောက်ရေးအတွက် မရှိမဖြစ်  လိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊ လူသားအရင်းအမြစ် များကို ကြိုတင်တည်ဆောက်ထားခြင်းဖြင့် လုပ်ငန်း များဆောင်ရွက်ချိန်တွင်    မြန်မြန်ဆန်ဆန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း။

 


ခေတ်မီရေတပ်မတော်ဖြစ်စေရေး


ကြည်း၊  ရေ၊  လေ   ပူးပေါင်းစစ်ဆင်ရေးများ တပ်ဖွဲ့များအလိုက် စစ်ဆင်ရေးများနှင့် ပြည်ပနိုင်ငံ များနှင့်      ပူးတွဲလေ့ကျင့်ခန်းများပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်  ပြည်ပနိုင်ငံများနှင့် ရေတပ်ဖွဲ့ချင်းချစ်ကြည်ရင်းနှီးမှု ရရှိသကဲ့သို့ ရေတပ်ဖွဲ့၏အရည်အသွေး၊ ပင်လယ် ပြင်တွင်        တာဝန်ထမ်းဆောင်မှုအတွေ့အကြုံ၊     သမုဒ္ဒရာကိုဖြတ်ကျော်ရသည့်အတွေ့အကြုံများကို ရရှိကြောင်း၊ တပ်မတော်(ရေ) တွင် အမျိုးသား စစ်သည်များသာမက အမျိုးသမီးအရာရှိ၊ စစ်သည် များကိုလည်း လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊  အဆိုပါအမျိုးသမီးအရာရှိများကိုလည်း စစ်ရေယာဉ် များတွင်တာဝန်ပေးပြီး  လိုက်ပါဆောင်ရွက်နိုင်ခဲ့ သဖြင့် လူသားအရင်းအမြစ်များ အထိုက်အလျောက်  ပြည့်စုံတိုးတက်လာပြီဖြစ်ကြောင်း၊  စစ်ဆင်ရေးကို မျှော်မှန်း၍    နိုင်ငံ၏ကာကွယ်ရေးစနစ်ကို     ပိုမို ထိရောက်မြန်ဆန်စေရေးအတွက် ရေတပ်ဖွဲ့စည်းမှု အား   ပြင်ဆင်ဆောင်ရွက်ပေးခဲ့ကြောင်း၊   ခေတ်မီ ရေတပ်မတော်ဖြစ်စေရေး   အဆင့်မြှင့်တင်ရာတွင် မိမိတို့အနေဖြင့် များစွာဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ခဲ့ပြီဖြစ်ကြောင်း။

 


မိမိတို့ တပ်မတော်သားများသည် အချိန်အခါ မရွေး၊   နေရာဒေသမရွေး၊ ရာသီဥတုမရွေး တာဝန် ထမ်းဆောင်နေကြရသူများဖြစ်သည့်အတွက် ကိုယ် ခန္ဓာ   ကျန်းမာကြံ့ခိုင်ရေးသည်  အထူးအရေးကြီး ကြောင်း၊ သာမန်အချိန်  သင်္ဘောပေါ်တွင် တာဝန်  ထမ်းဆောင်ချိန်တွင်     အလေ့အကျင့်များသည် ပင်လယ်ပြင်တွင် ခရီးသွားတာဝန်ထမ်းဆောင်ရာ၌ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊     ထိုသို့ မိမိ၏တာဝန်များကို   ကျေပွန်စွာထမ်းဆောင်ပြီး ပုံမှန်လေ့ကျင့်ခန်းများကို လေ့ကျင့်ပေးထားမှသာ လျှင် ပေးအပ်လာသည့် တာဝန်များကို  ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်းမာ အောင်နေထိုင်ပြီး ကြံ့ခိုင်သန်စွမ်းအောင် လေ့ကျင့်ရန်  အထူးမှာကြားလိုကြောင်း၊   နောက်တန်းဌာနချုပ် များတွင် တာဝန်ထမ်းဆောင်နေစဉ် ကြံ့ခိုင်မှုမပြည့်ဝ ခြင်းသည် မသိသာသော်လည်း ပင်လယ်ပြင်တာဝန် များကို   ထမ်းဆောင်ချိန်တွင်   ကျန်းမာရေးသည် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ၌ အထူးကျန်းမာကြံ့ခိုင် နေရန် လိုအပ်မည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်မှု များကို  မထိခိုက်စေရန် မိမိကိုယ်ကို ကျန်းမာကြံ့ခိုင် အောင် နေထိုင်သွားကြရန် မှာကြားလိုကြောင်း။

 


အသိအမှတ်ပြုချီးကျူး


ကျန်းမာရေးနှင့်ပတ်သက်၍ တစ်ဆက်တည်း  မှာကြားလိုသည်မှာ တစ်ကမ္ဘာလုံး ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကို နိုင်ငံတော်အစိုးရ၊ တပ်မတော်၊   သက်ဆိုင်ရာ  အဖွဲ့ အစည်းများနှင့် ပြည်သူလူထုတို့လက်တွဲပြီး  ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များတွင်   စုပေါင်း ဆောင်ရွက်ခဲ့ကြသည့်အတွက်  ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို    ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပြီဖြစ် ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် တပ်မတော်(ရေ) မှ    တပ်ဖွဲ့ဝင်များအနေဖြင့်    မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့်          မြစ်ဝကျွန်းပေါ်ဒေသများရှိ သွားလာရေးခက်ခဲပြီး  ရေလမ်းခရီးကိုသာ အားပြု နေထိုင်နေရသည့်   အရပ်ဒေသမှ   တိုင်းရင်းသား ပြည်သူများအတွက် ကာကွယ်ဆေး၊ ကုသဆေးနှင့် အောက်ဆီဂျင်အပါအဝင် အခြားလိုအပ်သည့် ပစ္စည်း များကို  စစ်ရေယာဉ်များနှင့်  သယ်ယူပို့ဆောင်ရေး တာဝန်များကို  စွမ်းစွမ်းတမံဆောင်ရွက်ပေးနိုင်ခဲ့ သည့်အတွက်လည်း   အသိအမှတ်ပြု   ချီးကျူးပါ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့သည့် ကာလ အတွင်း  တပ်မတော်၏    ဆောင်ရွက်မှုများသည် မြန်မာ့သမိုင်းတွင် မှတ်ကျောက်တင်နိုင်မည့် ဆောင် ရွက်ချက်များပင်ဖြစ်ပြီး တပ်မတော်(ရေ)မှ အစိတ် အပိုင်းတစ်ခုအနေဖြင့်   ပါဝင်ဆောင်ရွက်ခဲ့သည့် အတွက်လည်း ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင်အပ်ပါ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် အရှင်းပျောက်ကင်း သွားမည့် ရောဂါမျိုးမဟုတ်သဖြင့် ထပ်မံကြုံတွေ့လာ မည့် အခြေအနေများကိုလည်း ရင်ဆိုင်ကူညီနိုင်ရန် အသင့်ဖြစ်စေရေး      ကြိုတင်ပြင်ဆင်ထားကြရန် မှာကြားလိုကြောင်း။

 


အထက်အောက် အပြန်အလှန်လေးစား


တပ်မတော်သားတိုင်းသည်   နိုင်ငံတော်နှင့် ပြည်သူကိုကာကွယ်မည်ဟူသည့် မွန်မြတ်သော စိတ် ဆန္ဒနှင့် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်း ချက်မျှမပါဘဲ    ဝင်ရောက်အမှုထမ်းကြသူများဖြစ် ကြောင်း၊ မိမိတို့ ထမ်းဆောင်နေသည့် တာဝန်အပေါ်  ယုံကြည်ချက်၊ ခံယူချက် နက်နက်ရှိုင်းရှိုင်းနှင့် တာဝန် ထမ်းဆောင်သွားကြရန်လိုကြောင်း၊   စည်းကမ်း လိုက်နာမှု၊   အမိန့်နာခံတတ်မှု၊   အထက်အောက် အပြန်အလှန်   လေးစားမှုနှင့်  ရဲဘော်ရဲဘက်စိတ် မွေးမြူပြီး   တပ်မတော်သားကောင်းတစ်ယောက် ဖြစ်အောင်   ကျင့်ကြံနေထိုင်သွားကြရန်   လိုအပ် ကြောင်း၊   စစ်သားကောင်းတစ်‌ယောက်ဖြစ်ရန် စစ်သားစိတ်အပြည့်အဝရှိရန်   သတိ၊  အသိတရား များဖြင့် တာဝန်ထမ်းဆောင်သွားကြရန် လိုအပ်မည် ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် မိမိတို့ တစ်ဦးချင်း၏ သွားလာနေထိုင်ပြောဆိုမှု လုံခြုံရေး၊  မိမိတာဝန်ထမ်းဆောင်နေသည့် တပ်၏ လုံခြုံရေး၊ တပ်မတော်၏ လုံခြုံရေးတို့ကို သတိပြုရမည်ဖြစ်ပြီး  ရှင်သန်ရပ်တည်နေထိုင်နေကြရသည့် နိုင်ငံတော်၏ လုံခြုံရေးကိုပါ တစ်ဦးချင်းအသိစိတ်ဓာတ်များဖြင့် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ နိုင်ငံ တော်နှင့်   တပ်မတော်   ထိခိုက်မည့်   လုံခြုံရေး ကျိုးပေါက်မှုများ မဖြစ်ပေါ်စေရန် ဂရုပြုရန်လိုအပ် မည်ဖြစ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါသည် အမျိုး သားရေးတာဝန်ဖြစ်သော်လည်း လက်ရှိနိုင်ငံတော်၏ လိုအပ်ချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး နှင့် စားရေရိက္ခာပေါများရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း။

 


မိမိတို့နိုင်ငံ၏ ရေပြင်ပိုင်နက်သည် စတုရန်းမိုင် ပေါင်း ၁၄၀၀၀၀ ကျော်၊ ကမ်းရိုးတန်းရေမိုင် ၁၂၆၀ ကျော်ရှည်လျားသည့်အတွက် အပြောကျယ်လှသည့် ရေပိုင်နက်ကို  ကာကွယ်ရန်မှာ  စေ့စေ့စပ်စပ်ဖြင့် အသိတရား၊ သတိတရားဖြင့် ဆောင်ရွက်ရန်လိုအပ် မည်ဖြစ်ကြောင်း၊ မြန်မာ့ပင်လယ်ပြင်ရှိ ကြွယ်ဝသည့်  ရေပေါ်ရေအောက်   သယံဇာတအရင်းအမြစ်များ စောင့်ရှောက်ကာကွယ်ရေး၊   နိုင်ငံ၏ ပင်လယ်ပြင် အခြေပြု  စီးပွားရေးလုပ်ငန်းများ  (Ocean Based Economy) ဘေးကင်းလုံခြုံရေးနှင့် ကျူးကျော်လာ မည့် ရေကြောင်းဆိုင်ရာခြိမ်းခြောက်မှုမှန်သမျှကို တွန်းလှန်ကာကွယ်ရေးသည်   တပ်မတော်(ရေ)၏ အဓိကတာဝန်ပင် ဖြစ်ကြောင်း။

 


နိုင်ငံ၏ပိုင်နက်ရေပြင် ကာကွယ်ရေး


ယနေ့တပ်တော်ဝင်သည့်         ရေငုပ်သင်္ဘော စစ်ရေယာဉ်(မင်းရဲကျော်ထင်) ကို    လေ့ကျင့်ရေး ဆောင်ရွက်ရန်   အဓိကထားသည်ဖြစ်သော်လည်း လိုအပ်ပါက စစ်ဆင်ရေးတာဝန်များကိုလည်း ထမ်း ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်   ရေငုပ် သင်္ဘော စစ်ရေယာဉ်(မင်းရဲကျော်ထင်)ကို လေ့ကျင့် ရေးတာဝန်များအပြင်       နိုင်ငံ၏ပိုင်နက်ရေပြင် ကာကွယ်ရေးလုပ်ငန်းများတွင်လည်း အကျိုးရှိစွာ  အသုံးချသွားရန်လိုအပ်မည်ဖြစ်ကြောင်း၊   မင်းရဲ ဆိုသည်မှာ         အလွန်ရဲရင့်သည့်သူရဲကောင်းဟု အဓိပ္ပာယ်ရကြောင်း၊ ကျော်ထင် ဆိုသည်မှာ ကျော်ကြား ထင်ရှားခြင်းဟု အဓိပ္ပာယ်ရကြောင်း၊ ရှေးမြန်မာမင်း  များလက်ထက် ရန်အပေါင်းကို ရင်ဆိုင်ချေမှုန်းခဲ့သည့် အလွန်ရဲရင့်ကျော်ကြားထင်ရှားသည့် သူရဲကောင်း များကို   ပေးလေ့ရှိသည့်   ဘွဲ့အမည်ဖြစ်ကြောင်း၊  မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးကို    ထိပါးနှောင့်ယှက်လာမည့်   မည်သည့် ကျူးကျော်မှုကိုမဆို ရဲရဲရင့်ရင့်ဖြင့် ရင်ဆိုင်ချေမှုန်းနိုင်ရန်ရည်ရွယ်ပြီး အမည်ပေးခဲ့ခြင်းဖြစ်ကြောင်း။

 


မြစ်တွင်းအမြန်သွား ကင်းလှည့်ရေယာဉ်များ ကိုလည်း မြစ်တွင်းသယ်ပို့တာဝန် ထမ်းဆောင်နိုင် ရန်နှင့် ဘက်စုံသုံးရေယာဉ်အဖြစ် အသုံးပြုနိုင်သည့် အပြင် မြစ်တွင်း စစ်ဆင်ရေးများတွင်   လျင်မြန်စွာ လှုပ်ရှားနိုင်ပြီး ပစ်အားနှင့်စစ်ကစားနိုင်ရန် ရည်ရွယ် တည်ဆောက်ခဲ့ကြောင်း၊ ဟန်ချက်ညီရေတပ်တစ်ခု  တည်ဆောက်သည့်နေရာတွင် သီးသန့်စီးပွားရေးဇုန် ကာကွယ်နိုင်ရန်၊  ကမ်းရိုးတန်းရေပြင်နှင့် မြစ်တွင်း စစ်ဆင်ရေးများ   ဆင်နွှဲနိုင်ရန်အတွက်    ဖရီဂိတ် စစ်ရေယာဉ်ကြီးများ၊  ကော်ဗက်စစ်ရေယာဉ်များ  အပါအဝင် မြစ်တွင်းအမြန်သွားကင်းလှည့်ရေယာဉ် များကိုပါ အချိုးအစားမျှတစွာ  ထမ်းဆောင်ရမည့် တာဝန်နှင့် လိုက်လျောညီထွေရှိအောင် စနစ်တကျ တည်ဆောက်ပေးလျက်ရှိကြောင်း။

 


ထိုကဲ့သို့   စစ်ရေယာဉ်များကို   တည်ဆောက် နိုင်ရေး၊   တာဝန်ထမ်းဆောင်နိုင်ရေးတို့အတွက် တည်ဆောက်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြ သည့် တပ်မတော်(ရေ) မှ တာဝန်ရှိသူများ၊ အင်ဂျင် နီယာများ၊ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ အားလုံးကို ချီးကျူးမှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ဖြင့် ပြောကြားသည်။

 


ဆက်လက်ပြီး  ညနေပိုင်းတွင်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်(၃)ရေတပ် ဆိပ်ခံတံတားမှ ဧရာဝတီရေတပ်စခန်းဌာနချုပ်သို့ စစ်ရေယာဉ်(ရတနာပုံ) ဖြင့် ထွက်ခွာကြသည်။

 


အထိမ်းအမှတ် ဂုဏ်ပြုကိတ်မုန့်လှီး


ထိုသို့သွားရောက်စဉ် စစ်ရေယာဉ်ပေါ်၌ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က (၇၄)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုကိတ်မုန့်လှီးခြင်းအား ဆောင်ရွက်ကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (ရေ)များ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်တို့အား ကာကွယ်ရေးဦးစီးချုပ်  (ရေ) ဗိုလ်ချုပ်ကြီး  မိုးအောင်က  (၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တံဆိပ်များအား    အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်သည်။

 


ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး တို့သည် ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ (၇၄)နှစ် မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်း အမှတ်ပြခန်းအား        ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တပ်မတော်(ရေ)  နှစ်ပတ်လည်နေ့အထိမ်းအမှတ် စာအုပ်တွင်  မှတ်တမ်းတင်  လက်မှတ်ရေးထိုးကာ အထိမ်းအမှတ်ပြခန်းများနှင့် ရေတပ်စခန်းဌာနချုပ် အလိုက်  ခင်းကျင်းပြသထားသည့်ပြခန်းများအား  လှည့်လည်ကြည့်ရှုကြသည်။ ၎င်းနောက် တပ်မတော် (ရေ)စစ်တီးဝိုင်းတပ်ဖွဲ့၏   တီးမှုတ်ဖျော်ဖြေမှုများ၊ ပဒေသာကပွဲများ၊ တိုင်းရင်းသားရိုးရာတေးသီချင်း အကအလှတို့ဖြင့်     ဖျော်ဖြေမှုများအား     ကြည့်ရှု အားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။

 


အဆိုပါ   (၇၄)နှစ်မြောက်    တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ပြခန်းများတွင်      ရေတပ်သမိုင်း မှတ်တမ်းဓာတ်ပုံများ၊ ရေတပ်အသုံးအဆောင်ပစ္စည်း များနှင့် ရေယာဉ်ပုံစံငယ်များ၊ စာအုပ်အရောင်းဆိုင်နှင့် တပ်မတော်ထုတ်  လူသုံးကုန်ပစ္စည်းအရောင်းဆိုင် များ၊ ဒေသထွက်ကုန်များနှင့် မြန်မာ့ရိုးရာအစားအစာ များကို   ခင်းကျင်းပြသ    ရောင်းချလျက်ရှိကြောင်း သတင်းရရှိသည်။                                

သတင်းစဉ်