(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့်  နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၄
၂၀၂၂ ခုနှစ်    (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့     နိုင်ငံတော်အလံတင်အခမ်းအနားနှင့်  နိုင်ငံ တော်အလံ   အလေးပြုပွဲအခမ်း အနားကို    ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မြို့တော်ခန်းမရှေ့ ရင်ပြင်၌   ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊   ကုသရေး  ညွှန်ကြား ချက်များနှင့်အညီ  ကျင်းပသည်။
အခမ်းအနားကို (၁)ပြည်ထောင် စု မပြိုကွဲရေး၊  တိုင်းရင်းသားစည်း လုံးညီညွတ်မှု         မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ    တည်တံ့ ခိုင်မြဲရေးတို့အတွက်   တိုင်းရင်း သားအားလုံး  ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး။  (၂) စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ စနစ်ကို စောင့်ရှောက်ဖော်ဆောင် ၍       ကောင်းမွန်သန့်ရှင်းသော အစိုးရတစ်ရပ်နှင့်     အုပ်ချုပ်မှုပုံစံ        ပေါ်ထွန်းလာစေရေး။ (၃)  နိုင်ငံ တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်         စစ်မှန်သော      ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံ၍  တိုင်းရင်း သားအားလုံး        စည်းလုံးချစ်ခင်     စွာ         ပူးပေါင်းဆောင်ရွက်ရေး။        (၄)   ပြည်သူတစ်ရပ်လုံး  လိုလား တောင့်တနေသည့်          ထာဝရ ငြိမ်းချမ်းရေး       ရရှိရန်အတွက် ကြိုးပမ်းဖော်ဆောင်ရေးဟူသည့်    (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့  အမျိုးသားရေး ဦးတည်ချက်များ နှင့်အညီ    အနှစ်သာရ   ပြည့်ဝစွာ     ကျင်းပခြင်းဖြစ်သည်။
အလံတင်အခမ်းအနား 
ကျင်းပ
ရှေးဦးစွာ  နံနက် ၄ နာရီ မိနစ် ၂၀ တွင်    ၂၀၂၂ ခုနှစ် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့  နိုင်ငံ တော်  အလံတင်အခမ်းအနားကို ကျင်းပရာ       အလံတင်တပ်စုက တိုင်းရင်းသား    တိုင်းရင်းသူများ ခြံရံ၍ နိုင်ငံတော်အလံကို လွှင့်တင် သည်။
ထို့နောက် နံနက် ၆ နာရီတွင် ပြည်ထောင်စု       ဝန်ကြီးများ၊ ပြည်ထောင်စု   စာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီ    ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ   အမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်      အရာရှိကြီးများ၊     ပြည်ထောင်စု   တရားလွှတ်တော်ချုပ်      တရား သူကြီးများ၊   နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် များ၊  ပြည်ထောင်စု ရွေးကောက်ပွဲ  ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည် တော်  တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စု       ရာထူးဝန်အဖွဲ့        အဖွဲ့ဝင်များ၊     မြန်မာနိုင်ငံတော်     ဗဟိုဘဏ်         ဒုတိယဥက္ကဋ္ဌ၊     နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး  ကော်မတီ     ဒုတိယမြို့တော်ဝန်၊        အဂတိ လိုက်စားမှု             တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ၊        ဌာန ဆိုင်ရာ       အကြီးအကဲများနှင့် ဝန်ထမ်းများ၊      တိုင်းရင်းသား တိုင်းရင်းသူများသည် နိုင်ငံတော် အလံ    အလေးပြုပွဲအခမ်းအနား ကျင်းပမည့်   မြို့တော်ခန်းမရှေ့ ရင်ပြင်သို့ ဝင်ရောက်နေရာယူကြ သည်။
ယင်းနောက်  နံနက် ၇ နာရီ တွင်  ၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့    နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကို ကျင်းပရာ  တပ်မတော် (ကြည်း၊ ရေ၊ လေ)       ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမရှေ့      ရင်ပြင်သို့ ချီတက်နေရာယူကြသည်။
ထို့နောက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့    ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အလေး ပြုခံစင်မြင့်သို့        ရောက်ရှိပြီး ဂုဏ်ပြုတပ်ဖွဲ့၏  အလေးပြုခြင်း ကို ခံယူသည်။
ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယ ဥက္ကဋ္ဌ၊   ဒုတိယ ဝန်ကြီးချုပ်နှင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့    တက်ရောက် လာကြသူများသည်      ဂုဏ်ပြု တပ်ဖွဲ့နှင့်အတူ     ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြသည်။
ဆက်လက်၍  ဂုဏ်ပြုတပ်ဖွဲ့ က   ကျဆုံးလေပြီးသော   ခေါင်း ဆောင်ကြီးများနှင့်   တပ်မတော် သားများအား အလေးပြု၍  သစ္စာ လေးချက်ကို   သံပြိုင်ရွတ်ဆိုကြ သည်။
သဝဏ်လွှာဖတ်ကြား
ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး         စိုးဝင်းက နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊       နိုင်ငံတော် ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ    (၇၄) နှစ် မြောက် လွတ်လပ်ရေးနေ့ အခမ်း အနားသို့ ပေးပို့သည့် သဝဏ်လွှာ ကို ဖတ်ကြားသည်။
ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဒုတိယ ဥက္ကဋ္ဌ၊   ဒုတိယဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၏   အလေးပြုခြင်း ကို    ခံယူပြီး    အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။        သတင်းစဉ်