
နေပြည်တော် ဇန်နဝါရီ ၂
၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား ကို ဇန်နဝါရီလ ၄ ရက် နံနက် ၇ နာရီတွင် နေပြည်တော် မြို့တော်ခန်းမရှေ့ရင်ပြင်တွင် ကျင်းပမည်ဖြစ်သည်။ ယင်းအခမ်းအနား ကျင်းပ ပုံများကို နံနက် ၆ နာရီ မိနစ် ၄၀ မှ စတင်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း(NRC)၊ MITV၊ Chan-nel 7၊ Channel 9၊ 5 Plus၊ Skynet (တိုင်းရင်း သားအစီအစဉ်)နှင့် မြန်မာ့အသံရေဒီယို၊ ပတ္တမြား FM ၊ ချယ်ရီ FM ၊ မန္တလေး FM ၊ ပဉ္စဝတီ FM၊ ရွှေ FM တို့မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပြီး MRTV Facebook Page မှလည်း Live Streaming ထုတ်လွှင့်သွားမည်ဖြစ်သည်။
သတင်းစဉ်