(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့၊ ဂုဏ်ထူးဆောင်ဘွဲ့များ  ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကျင်းပ

 

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် 
အများထက်ထူးကဲသာလွန်စွာ ထမ်းဆောင်ခဲ့ကြသည့်ပုဂ္ဂိုလ်များကို  ဂုဏ်ပြု 
ချီးမြှင့်ခြင်းသည် ကောင်းမွန်သည့်အစဉ်အလာကောင်းတစ်ရပ်ဖြစ်

 

နေပြည်တော် ဇန်နဝါရီ  ၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ (၇၄)နှစ် မြောက်   လွတ်လပ်ရေးနေ့၊    ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်၌  ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊      နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး    ဂုဏ်ထူး ဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။                                                                                                                            
အခမ်းအနားသို့      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      အဖွဲ့ဝင်များဖြစ်ကြသည့်    ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊  ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊   ဦးသိန်းညွန့်၊  ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊   Jeng   Phang  နော်တောင်၊ ဦးမောင်းဟာ၊   ဦးစိုင်းလုံးဆိုင်၊   စောဒန်နီယယ်၊ ဒေါက်တာ   ဗညားအောင်မိုး၊    ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး    အောင်လင်းဒွေး၊    ကောင်စီတွဲဖက် အတွင်းရေးမှူး   ဒုတိယဗိုလ်ချုပ်ကြီး   ရဲဝင်းဦး၊ ပြည်ထောင်စုတရားသူကြီးချုပ်    ဦးထွန်းထွန်းဦး၊  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသန်းကျော်၊   ပြည်ထောင်စု    ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိ သူများ၊  ပြည်ထောင်စုဝန်ကြီးများ၊   ပြည်ထောင်စု စာရင်းစစ်ချုပ်၊    နေပြည်တော်ကောင်စီ     ဥက္ကဋ္ဌ၊  မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊   အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်   ဥက္ကဋ္ဌ၊    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)၊ ကာကွယ်ရေးဦးစီး ချုပ်(ရေ)၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော် အရာရှိကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။                  
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်က          ဂုဏ်ပြုအမှာစကား ပြောကြားရာတွင်   မိမိတို့   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည်            ရှေးပဝေသဏီကပင် ကိုယ့်ထီး ကိုယ့်နန်းနှင့် ကမ္ဘာ့အလယ်တွင် ဝင့်ထည် စွာ ရပ်တည်ခဲ့ပြီး တိုင်းရင်းသားညီအစ်ကိုမောင်နှမများ  သွေးစည်းညီညွတ်စွာ  စုပေါင်းနေထိုင်ကြသည့် သမိုင်းကြောင်း     အစဉ်အလာကောင်းများရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊  ယနေ့သည်   မိမိတို့ မြန်မာနိုင်ငံအတွက် မမေ့အပ်သည့် လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်ဖြစ်ပြီး  လွတ်လပ်ရေးရရှိခဲ့သည်မှာ ယနေ့ဆိုပါက  (၇၄)နှစ်   ပြည့်မြောက်ခဲ့ပြီ   ဖြစ်ပါ ကြောင်း။
စွမ်းစွမ်းတမံဖြင့် ထူးကဲစွာဆောင်ရွက်
အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာတွင်   စွမ်းစွမ်းတမံဖြင့် ထူးကဲစွာဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ဒို့တာဝန် အရေးသုံးပါးကို   ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်းထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏   နိုင်ငံရေး၊  စီးပွားရေး၊   လူမှုရေး ဦးတည်ချက်များနှင့်အညီ        ကဏ္ဍအသီးသီးတွင် ထူးခြားထက်မြက်စွာ အားထုတ်ကြိုးပမ်းဆောင်ရွက် ခဲ့ကြသည့်  ပုဂ္ဂိုလ်များ၊ နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ တို့တွင် တိုင်းကျိုး  ပြည်ကျိုးများကို  အများနှင့်မတူ အောင် ထူးခြားစွာစွမ်းဆောင်နိုင်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့်လူမျိုးအတွက်  သိပ္ပံပညာ၊  ဝိဇ္ဇာပညာနှင့် အခြားသော   ပညာရပ်တစ်ခုခုတွင်    ကမ္ဘာ့အဆင့်မီ အောင်မြင်စွာတီထွင်ဖန်တီး     စွမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမ ပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ  တတ်မြောက်သူပုဂ္ဂိုလ်များ၊ နိုင်ငံတော်လုံခြုံရေး၊  ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက်  မဆုတ်မနစ်သော ဇွဲ၊  လုံ့လ၊  ဝီရိယနှင့်  ကြိုးပမ်းထမ်းဆောင်ကြသည့် ပုဂ္ဂိုလ်များကို   ယခုကဲ့သို့   ထူးခြားလေးနက်သည့် လွတ်လပ်ရေးနေ့ အခါသမယတွင် ဂုဏ်ထူးဆောင်ဘွဲ့ များကို ဂုဏ်ပြုချီးမြှင့်အပ်နှင်းသွားမည် ဖြစ်ကြောင်း။
ညီညီညွတ်ညွတ် ကြိုးပမ်းခဲ့ကြ
ယခုကဲ့သို့ နေ့ထူးနေ့မြတ်တွင် ဂုဏ်ထူးဆောင် ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များပေးအပ်ချီးမြှင့် သည့်  အစဉ်အလာကောင်းများရှိခဲ့ပါကြောင်း၊ နိုင်ငံ တစ်နိုင်ငံ၏ လွတ်လပ်ရေးဆိုသည်မှာ တစ်ခဏတာအတွင်းဆုံးရှုံးနိုင်သော်လည်း  ပြန်လည်ရရှိနိုင်ရေး အတွက်      နှစ်ပေါင်း(၁၀၀)ကျော်  မိမိတို့   ဘိုးဘွားမိဘများ၏ အသက်၊  သွေး၊  ချွေး  မြောက်မြားစွာစတေးပြီး အလွန်တရာ ခက်ခဲပင်ပန်းစွာ ကြိုးစားအားထုတ်ခဲ့ရ ခြင်းဖြစ်ကြောင်း၊    အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုအောက်တွင် တိုင်းရင်းသားအားလုံး ဇွဲ၊ လုံ့လ၊ သတ္တိအပြည့်နှင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ကြိုးပမ်းခဲ့ကြ သဖြင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း။
သွေးစည်းညီညွတ်စွာအကောင်အထည်ဖော်
ထိုသို့ရယူခဲ့သည့်လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာသည်   ပြည်ထောင်စု   မြန်မာနိုင်ငံသား အားလုံး၏    နှလုံးသည်းပွတ်ပမာဖြစ်ပါကြောင်း၊ အမျိုးသားခေါင်းဆောင်ကြီးများနှင့်  ဘိုးဘေးဘီဘင် များ စွန့်လွှတ်စွန့်စား အားထုတ်ကြိုးပမ်းရယူခဲ့သည့် မြန်မာ့လွတ်လပ်ရေး   အစဉ်ထာဝရတည်တံ့စေရန် အတွက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည် ချက်များကို အလေးအနက်ခံယူပြီး တိုင်းရင်းသား အားလုံး  ဥမကွဲသိုက်မပျက်  သွေးစည်းညီညွတ်စွာ အကောင်အထည်ဖော်    ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်သကဲ့သို့ လွတ်လပ်သည့် နိုင်ငံတော် ကြီး    တည်ငြိမ်အေးချမ်းမှုရှိပြီး   ခေတ်မီဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်ရမည့် တာဝန်သည်လည်း မိမိတို့မြန်မာနိုင်ငံသားအားလုံး၏   တာဝန်ပင်ဖြစ် သည်ဟု တိုက်တွန်းပြောကြားလိုကြောင်း။
တည်ငြိမ်အေးချမ်းပြီး   ခေတ်မီဖွံ့ဖြိုးတိုးတက် သည့်   နိုင်ငံဖြစ်စေရန်အတွက်  ဘက်စုံ၊  ထောင့်စုံက တည်ဆောက်သည့်နေရာတွင်   နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး              တာဝန်များကို နိုင်ငံတော်အစိုးရက            ဦးစီးဦးဆောင်တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်သော်လည်း    တိုင်းရင်းသား ပြည်သူအားလုံးက တက်ညီလက်ညီ ပူးပေါင်းပါဝင် ရေးသည် အဓိကကျပါကြောင်း၊ ထိုသို့နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို  အမျိုးသားရေး   စိတ်ဓာတ်ဖြင့် အများထက်ထူးကဲသာလွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို  ဂုဏ်ပြုချီးမြှင့်ခြင်းသည်  ကောင်းမွန် သည့်       အစဉ်အလာကောင်းတစ်ရပ်ဖြစ်သည်ဟု ပြောကြားလိုပါကြောင်း။ 
ဖြည့်စွက်ပြဋ္ဌာန်းချက်များနှင့်အညီစိစစ်
နိုင်ငံတော်အတွက်    မိမိအသက်ခန္ဓာကိုယ်ကို ပဓာနမထားဘဲ ကြံ့ခိုင်သည့် စိတ်ဓာတ်၊  စံတင်ထိုက် သည့် စွမ်းရည်၊ ဂုဏ်ယူထိုက်သည့် စွန့်စားခြင်းမျိုးဖြင့် ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့သည့် ဂုဏ်ပြုသင့်ဂုဏ် ပြုထိုက်သူများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူး ဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန်အတွက် စိစစ် ရေးအဖွဲ့က  ၂၀၀၉ ခုနှစ်၊   ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်နှင့် ၂၀၁၄ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်ကို ဖြည့်စွက်ပြဋ္ဌာန်း ချက်များနှင့်အညီ    စိစစ်ပြီး    ထောက်ခံတင်ပြ ချက်များအရ ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ပြီး ချီးမြှင့်ရခြင်းဖြစ်ပါ ကြောင်း။
ယခုနှစ်တွင် ၂၀၂၁ ခုနှစ်က ချီးမြှင့်ခဲ့သည့် သရေ စည်သူဘွဲ့ ရရှိသူ တစ်ဦး၊ စည်သူဘွဲ့ရရှိသူ ၁၀ ဦး၊ သူရဘွဲ့ရရှိသူ  တစ်ဦး၊   ဇေယျကျော်ထင်ဘွဲ့ရရှိသူ ၁၇ ဦး၊  ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ  နှစ်ဦး  စုစုပေါင်း  ၃၁ ဦးတို့ကို  ဂုဏ်ယူစွာဖြင့်   ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း။
ဆွေစဉ်မျိုးဆက်ဂုဏ်ယူစရာ
ယခုရရှိခဲ့သည့်     ဂုဏ်ထူးဆောင်ဘွဲ့များသည် မိမိတို့၏စိတ်နှလုံးနှင့်ဆိုင်သည့်   စွမ်းရည်သတ္တိဟု ခေါ်ဆိုရမည့် နှလုံးရည်၊ တိုက်ခိုက်နိုင်သည့် ကာယ စွမ်းရည်ဟု    သတ်မှတ်ရမည့်  လက်ရုံးရည်တို့ဖြင့် နိုင်ငံတော်နှင့်   နိုင်ငံသားများ၏  အကျိုးစီးပွားကို ရွပ်ရွပ်ချွံချွံ            သယ်ပိုးထမ်းဆောင်နိုင်ခဲ့သည့် အောင်မြင်မှုများအတွက် ဂုဏ်ယူရမည့် မှတ်တမ်းပင် ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့်မိမိတို့ဖြတ်သန်း ခဲ့ရသည့် ခက်ခဲကြမ်းတမ်းသည့် ဘဝကိုအောင်မြင် စွာကျော်လွှားနိုင်ခဲ့ကြသည့် မိမိတို့၏စွမ်းဆောင်ရည် များကို နိုင်ငံတော်က မှတ်ကျောက်တင်ခြင်းခံရသည့် သင်္ကေတအမှတ်အသားတစ်ခု   ဖြစ်သည့်အတွက် ယနေ့အခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခြင်းမပြုနိုင်တော့သည့်          ပုဂ္ဂိုလ်များအနေဖြင့်လည်း သားစဉ်မြေးဆက်၊    ဆွေစဉ်မျိုးဆက်  ဂုဏ်ယူစရာ ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်နှင့် ပြည်သူများကိုယ်စား လေးစားဂုဏ်ယူပါကြောင်းလည်း   အလေးအနက် ပြောကြားလိုပါကြောင်း။
ဆွေစဉ်မျိုးဆက်ဂုဏ်ယူစရာဖြစ်
ဂုဏ်ပြုချီးမြှင့်ထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်း သည် မင်္ဂလာတရားတော်နှင့်အညီ ဆောင်ရွက်ခြင်းပင် ဖြစ်ပါကြောင်း၊    မိမိတို့၏    ဘဝတစ်သက်တာ အတွင်း တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှု များကို ယခုကဲ့သို့ မှတ်တမ်းတင်  ဂုဏ်ပြုချီးမြှင့်ခြင်း ခံရသကဲ့သို့ ဆက်လက်ပြီး နိုင်ငံတော်ကြီး ရေရှည် တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာရေး၊ သာယာ ဝပြောရေး၊  ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိ တို့၏ သားစဉ်မြေးဆက်များကိုပါ ယခုကဲ့သို့ ကြိုးပမ်း ဆောင်ရွက်စေရန် စံနမူနာကောင်းများ ပြကြပါရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာ သရေစည်သူ မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်အတွက် ချီးမြှင့်အပ်နှင်းခဲ့သော ပြည်ထောင်စုစည်သူ သင်္ဂဟ ဘွဲ့များဖြစ်သည့် သရေစည်သူဘွဲ့ရရှိသူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ          
ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်      ဒုတိယဗိုလ်ချုပ်မှူး ကြီး  စိုးဝင်းကိုလည်းကောင်း၊  စည်သူဘွဲ့ရရှိကြသူများ   ကိုယ်စား ကောင်စီဝင် ဗိုလ်ချုပ်ကြီး   မြထွန်းဦးကို လည်းကောင်း၊  တပ်မတော်ဆိုင်ရာ  စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သူရဘွဲ့ရရှိသူ အမှတ် (၂၀၇)ခြေမြန်တပ်ရင်းမှ  ဒုတိယတပ်ကြပ်  သက်ရှည် ကိုယ်စား ၎င်း၏ဇနီးကို လည်းကောင်း၊ စွမ်းဆောင်မှု ဆိုင်ရာ  ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့်  ဇေယျ ကျော်ထင်ဘွဲ့ရရှိကြသူ   ၁၇ ဦးကိုယ်စား   ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ကိုလည်းကောင်း၊  ဝဏ္ဏ ကျော်ထင်ဘွဲ့ရရှိကြသူ   နှစ်ဦးကိုယ်စား   ဦးမောင်ကို    ကိုလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်များ  ပေးအပ်ချီးမြှင့်သည်။
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည်  ဂုဏ်ထူးဆောင် ဘွဲ့ရရှိသူများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့်အတူ မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ် သည်   အခမ်းအနားသို့     တက်ရောက်ကြသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများနှင့်    ၎င်းတို့၏ မိသားစုဝင်များကို  ရင်းရင်းနှီးနှီး  နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။                               သတင်းစဉ်