
ရန်ကုန် ဒီဇင်ဘာ ၂၉
ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်း မြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ပုံပြင်ပြော ပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန် အနောက်ပိုင်းခရိုင် (ဗဟန်း)လူထုအခြေပြုဗဟိုဌာန ၌ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲများတွင် ကျောင်းသား ကျောင်းသူ လူငယ် လူရွယ်များ လွတ်လပ်ရေးဆိုင်ရာ ဗဟုသုတများ သိရှိနားလည်ပြီး ဉာဏ်ရည် ထက်မြက်သည့် ဘက်စုံထူးချွန်သော လူရည်မွန်၊ လူရည်ချွန်များ ဖြစ်လာစေရန်၊ မျိုးချစ် စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန် ထက်မြက်ပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရမည့် လူချွန်၊ လူကောင်းများဖြစ်လာ စေရန်ရည်ရွယ်၍ ကျင်းပရာ ဗဟန်းမြို့နယ် အမှတ်(၂ ) အခြေခံ ပညာ အလယ်တန်းကျောင်းမှ ကျောင်းသား ကျောင်သူများ ပါဝင် ယှဉ်ပြိုင်ကြသည်။
ရှေးဦးစွာ ရန်ကုန်အနောက် ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုပ်သံ(၃) ဒေါ်မြနှင်းဝေက လွတ်လပ်ရေးနှင့် ပတ်သက်သည့် သိကောင်းစရာ အသိပညာပေး ပုံပြင်များကို ပြောကြားသည်။
ဆက်လက်၍ ဆေးရောင်စုံ ခြယ်ပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၂၀ ဖြင့်လည်း ကောင်း၊ စကားပုံဆက်ပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၃၀ ဖြင့် လည်ကောင်း အသီးသီးပါဝင် ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကျောင်းသား ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ရန်ကုန်အနောက် ပိုင်းခရိုင် ဝန်ထမ်းများက (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် သတင်းစကားလက်ကမ်း စာစောင်များကို အမှတ်(၂)အခြေခံပညာ အလယ်တန်း ကျောင်းမှ ကျောင်းသား ကျောင်း သူများကို အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
အာကာလင်း