
နေပြည်တော် ဇန်နဝါရီ ၄
(၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲ၊ ပြိုင်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၇) အခြေခံပညာ အထက်တန်း ကျောင်းဝင်းအတွင်း ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦး တက်ရောက်၍ ဆုချီးမြှင့်သည်။
(၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ၏ လမ်းညွှန်ချက်အရ ဝန်ထမ်း များနေထိုင်ရာ ရပ်ကွက်အသီးသီး ရှိ စာသင်ကျောင်းများကိုအခြေခံ၍ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့မှ အထောက်အကူ ပြုလျက် အမှတ်(၇)အခြေခံပညာ အထက်တန်း ကျောင်းဝင်းအတွင်း လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲများ ကျင်းပခြင်း ဖြစ်သည်။
အဆိုပါပြိုင်ပွဲများကို အသက် အရွယ်အလိုက် ကျား/မ ခွဲခြား၍ အပြေးပြိုင်ပွဲ၊ ပူဖောင်းဖောက် ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ထုပ်ဆီး တိုးပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ ခြေပူးပြေးပြိုင်ပွဲ၊ အပ်ထိုးပြေး ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြေးပြိုင်ပွဲ၊ အာလူးကောက်ပြေး ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် စာအုပ်ရွက် ပြေးပြိုင်ပွဲ စုစုပေါင်း အားကစား နည်း(၁၁)မျိုးကို ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၉၂၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ပါဝင် ဆင်နွှဲကြ သည်။
ပါဝင်ယှဉ်ပြိုင်ကျင်းပခဲ့သော အားကစားနည်း (၁၁)မျိုး၊ အားကစားသမားများ စုစုပေါင်း ၉၂၄ ဦးကို ဒီဇင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ လူရွေးပွဲများ ကျင်းပ ယှဉ်ပြိုင်ကာ နောက်ဆုံးဆန်ကာ တင် အားကစားသမား ၁၉၆ ဦးကို ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေး နေ့တွင် ဗိုလ်လုပွဲကစားပွဲစဉ်(၂၆)ပွဲခွဲ၍ ယှဉ်ပြိုင်ကျင်းပခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ဆုပေးပွဲ အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမင်းမင်းဦး က အထက်တန်းအဆင့် ထုပ်ဆီးတိုး ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအားလည်းကောင်း၊ အမြဲတမ်း အတွင်းဝန်က Grade-3 အမျိုးသားမီတာ(၅၀)အပြေးပြိုင်ပွဲ ဆုရရှိသူများကို လည်းကောင်း၊ ဒုတိယအတွင်းဝန်များ၊ သက်ဆိုင် ရာ ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေး မှူးများ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် အမှတ် (၇)အခြေ ခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး အားကစားပွဲသို့ ကျောင်းသား ကျောင်းသူများနှင့် မိသားစုဝင်များ၊ ဝန်ထမ်းများ လာရောက်အားပေးခဲ့ပြီး ပျော်ရွှင် စွာ ဆင်နွှဲခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်