
နေပြည်တော် ဇန်နဝါရီ ၄
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား (MRTV) ဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်ကြ သည့် ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို နေပြည်တော် တပ်ကုန်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပကြရာ အမျိုးသမီးအသင်း ပြိုင်ပွဲတွင် NRC အသင်းက စီမံ အသင်းကို အနိုင်ရရှိခဲ့ပြီး အမျိုး သား အသင်းပြိုင်ပွဲ၌ ရုပ်မြင်ဌာန ခွဲအသင်းက NRC အသင်းကို အနိုင်ရရှိခဲ့သည်။
ယင်းနောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပရာ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြား ရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန် ရှိသူများက ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြ သည့် အသင်းများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲကို ဒီဇင်ဘာ ၃၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်အထိ ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲ မကျင်းပမီ ဘတ်စကက်ဘော အားကစားနည်းစနစ်များ သိရှိ နားလည်စေရန်အတွက် နည်းပြ ဆရာဖြင့် ၁၀ ရက်ကြာ စနစ်တကျ သင်ကြားပေးခဲ့ကာ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၏ဌာနခွဲများမှ အမျိုးသားအသင်း ငါးသင်း၊ အမျိုးသမီးအသင်း လေးသင်းတို့ ပါဝင်ယှဉ်ပြိုင် ကစားကြကြောင်း သိရသည်။ သတင်းစဉ်