
နေပြည်တော် ဇန်နဝါရီ ၁၀
(၇၄)နှစ်မြောက် ကချင်ပြည် နယ်နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်၌ ပြုလုပ်သည်။
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင်၊ ဦးခင်ရီ၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များ၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ နှင့် ဒေသခံတိုင်းရင်းသားပြည်သူ များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နိုင်ငံတော်အလံအား အလေးပြုကြသည်။
သဝဏ်လွှာ ဖတ်ကြား
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ (၇၄) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က ဖတ်ကြားသည်။
ဆက်လက်၍ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်နေ့ မိန့်ခွန်း ပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ပျော်ရွှင်စွာပါဝင်ဆင်နွှဲ
ယင်းနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်၌ ကချင်ရိုးရာ မနောပွဲတော်ကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီး များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ ကြသည်။
လိုက်လံကြည့်ရှု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဌာနဆိုင်ရာများမှ ဖွင့်လှစ်သည့် ပြခန်းများနှင့် အရောင်းပြခန်းများကို လိုက်လံကြည့်ရှုကြသည်။
သရုပ်ပြဖျော်ဖြေ
ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နှင့် ပြည်နယ် မြန်မာ့ရိုးရာသိုင်းဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် မြန်မာ့ရိုးရာသိုင်းအခြေခံ သင်တန်းဆင်းပွဲအခမ်းအနားသို့ သွားရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက သင်တန်းသားများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းဆင်းလက်မှတ် များ ပေးအပ်ကြပြီး သင်တန်းသား သင်တန်းသူများ က သရုပ်ပြဖျော်ဖြေကြသည်။
ပေးအပ်ချီးမြှင့်
မွန်းလွဲပိုင်းတွင် (၇၄)နှစ်မြောက် ကချင်ပြည်နယ် နေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် မှတ်တမ်းတင် ဂုဏ်ပြုလွှာရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကချင်ပြည်နယ်ဝန်ကြီး ချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူးတို့က စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန် ဆုပထမအဆင့် ရှစ်ဦး၊ ဒုတိယအဆင့် ၁၆ ဦး၊ တတိယ အဆင့် ၂၂ ဦး၊ စီးပွားရေးဆိုင်ရာ ထူးချွန်ဆု ဒုတိယ အဆင့် ငါးဦး၊ တတိယအဆင့် တစ်ဦး၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆု ပထမအဆင့် ခြောက်ဦး၊ ဒုတိယအဆင့် ၁၁ ဦး၊ တတိယအဆင့် ကိုးဦးနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ရရှိသူ ၁၉၃ ဦး စုစုပေါင်း ၂၇၁ ဦးတို့အား ဂုဏ်ထူး ဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ကြ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် အဖွဲ့သည် ဝိုင်းမော်မြို့ရှိ ရွှေမိုးတောင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၊ မြစ်ကြီးနားမြို့ ရှိ လောကမာရ်အောင်ဆုတောင်းပြည့်စေတီတော် မြတ်ကြီးနှင့် အောင်တော်မူသကျမာရဇိန် အံတော်ရှင် စေတီတော်မြတ်ကြီးတို့အား သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်