(၇၄)နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်သို့ လာရောက်ကြမည့် အများပြည်သူများလိုက်နာရန်

(၇၄)နှစ်မြောက်  အာဇာနည်နေ့တွင်   အာဇာနည်ဗိမာန်သို့   လာရောက်ကြမည့်   အများပြည်သူများအနေဖြင့်    လတ်တလောကူးစက်မှုနှုန်း မြင့်မားနေသည့်     Coronavirus   Disease   COVID-19  ရောဂါပိုး  ကူးစက်ခံရခြင်း    မရှိစေရေးအတွက်    အောက်ဖော်ပြပါအချက်များကို အတိအကျ လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-
(က)    နေအိမ်မှ စတင်ထွက်ခွာချိန်မှစ၍ နေအိမ်သို့ ပြန်မရောက်ခင်ကြား အချိန်တိုင်းတွင် နှာခေါင်းစည်း (Mask) ကို  မိမိပါးစပ်နှင့် နှာခေါင်းကို လုံခြုံအောင် စနစ်တကျတပ်ဆင်ထားရန်၊ ဖြစ်နိုင်ပါက မျက်နှာအကာ (Face Shield) တပ်ဆင်ရန်။ 
( ခ )    လူတစ်ဦးနှင့်တစ်ဦး သတ်မှတ်ထားသည့် အကွာအဝေးအတိုင်း ၆ ပေခြား၍ နေရန်။ 
( ဂ )     လက်ကို ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးကြောရန် (သို့မဟုတ်) လက်သန့်ဆေးရည် (Hand Gel) ကိုသုံး၍ သန့်စင်ရန်၊ လက်ကိုသန့်စင်ခြင်း မပြုဘဲ မျက်စိ၊ နှာခေါင်း၊ မျက်နှာကို ပွတ်သပ်ခြင်းမပြုလုပ်ရန်။ 
(ဃ)     နှာချေ၊ ချောင်းဆိုးလိုပါက လူအများနှင့်ဝေးရာသို့ အရင်ရှောင်ပြီးမှ လက်ကိုင်ပဝါ၊ တစ်သျှူး အသုံးပြု၍ (သို့မဟုတ်) တံတောင် ဆစ်ကွေး ကာ၍ ပြုလုပ်ရန်။ 
( င )    မလိုအပ်ဘဲ အချိန်ကြာမြင့်စွာ လှည့်လည်ကြည့်ရှုခြင်း မပြုရန်။ 
( စ )    COVID-19 ရောဂါ လက္ခဏာများဖြစ်သည့် ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်း၊ လည်ပင်းနာခြင်း၊  ခေါင်းကိုက်ခြင်း၊  အသက်ရှူကျပ်၍  မောပန်းခြင်း  စသည့်လက္ခဏာများရှိပါက  (သို့မဟုတ်) အတည်ပြုလူနာ တစ်ဦးဦးနှင့်  လတ်တလော  ထိတွေ့မှုရှိထားပါက  အပြင်မထွက်ဘဲ  မိမိနေအိမ်တွင်သာ  နေထိုင်ရန်နှင့်  သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဌာနသို့ သတင်းပို့ရန်။

    ကျန်းမာရေးဆပ်ကော်မတီ 
    (၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ