
နေပြည်တော် ဒီဇင်ဘာ ၁၉
(၇၄) နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့ အထိမ်း အမှတ် ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ ဌာနချုပ်မှူးဒိုင်း ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ခန်းမ၌ ပြုလုပ်ရာ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်၊ ဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက် ကြသည်။
ဂုဏ်ပြုဆုချီးမြှင့်
ဦးစွာ ဌာနချုပ်မှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားမှု များကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အသင်းလိုက် ဆုရရှိကြသူများနှင့် တံခွန်စိုက်ဒိုင်းဆု ရရှိသောအသင်းတို့ကို ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက တံခွန်စိုက်ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယှဉ်ပြိုင်ကစား
အဆိုပါ ဘတ်စကက်ဘောပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း ခြောက်သင်းဖြင့် ဒီဇင်ဘာ ၇ ရက်မှ ယနေ့အထိ ယှဉ်ပြိုင် ကစားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်