(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့နယ်အတွင်း၌ ကွန်ကရစ်လမ်းသစ်များ ဖွင့်လှစ်

 

နေပြည်တော်   ဇန်နဝါရီ    ၂


(၇၄) နှစ်မြောက် လွတ်လပ်ရေး နေ့ကို      ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဆောက်လုပ်ရေးဝန်ကြီး ဌာန     ဧရာဝတီတိုင်းဒေသကြီး  လမ်းဦးစီးဌာနမှ         တာဝန်ယူ ဆောင်ရွက်သော      ပုသိမ်မြို့ ကမ်းနားလမ်း၌              ကတ္တရာ ကွန်ကရစ် (AC) လမ်းသစ်ဖွင့်ပွဲကို  ယနေ့နံနက်ပိုင်းက    ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်  အောင်အောင်နှင့်  ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ     တက်ရောက်ကြ သည်။

 


ဦးစွာ   ဝန်ကြီးချုပ်က   အဖွင့် အမှာစကား           ပြောကြားပြီး လမ်းဦးစီးဌာနမှ       တာဝန်ရှိသူ  တစ်ဦးက     ကတ္တရာကွန်ကရစ် (AC)     လမ်းသစ်ခင်းခြင်းနှင့် ပတ်သက်၍    ရှင်းလင်းတင်ပြ သည်။   ထို့နောက်   ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်   တာဝန်ရှိသူများက ကတ္တရာလမ်းသစ်အား    ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး       ကတ္တရာ ကွန်ကရစ် (AC) လမ်းသစ်အား  လှည့်လည်ကြည့်ရှုကာ  လိုအပ် သည်များ      ညှိနှိုင်းဆောင်ရွက် ပေးသည်။

 


ဆက်လက်၍     ဝန်ကြီးချုပ်၊  တိုင်းမှူးနှင့်  တာဝန်ရှိသူများက  ပုသိမ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့နှင့် ပြည်သူပူးပေါင်းဆောင် ရွက်သော      ရာမညလမ်းသွယ် ၂     လမ်း၊      ရာမညလမ်းသွယ် ၃   လမ်းနှင့်   ရာမညလမ်းသွယ်  ၇    လမ်း   ကွန်ကရစ်လမ်းသစ်   ဖွင့်ပွဲများကို တက်ရောက်၍ ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကာ  လမ်းများ အား  လှည့်လည်ကြည့်ရှု စစ်ဆေး ၍     လိုအပ်သည်များ     ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                

သတင်းစဉ်