
နေပြည်တော် ဇွန် ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပ သည့် (၇၃) ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် သဘောရေးဖြေ အောင်မြင်တော်မူကြသော ဒီဃနိကာယကောဝိဒ၊ ဝိနယကောဝိဒနှင့် ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် များအား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ် ဆက်ကပ်ချီးကျူးပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ မဟာ ပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပပြုလုပ် သည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယ အဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူး ပြုသော ဆရာတော်ကြီးများ၊ တိပိဋကဓရ၊ တိပိဋက ကောဝိဒ ရွေးချယ်ရေးအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ တိပိဋကဓမ္မဘဏ္ဍာ ဂါရိက၊ တိပိဋကဓရ၊ တိပိဋကကောဝိဒဆရာတော်များ၊ တိပိဋကပုစ္ဆက ဆရာတော်များ၊ ကြီးကြပ်ရေး ဆရာတော်များ၊ ပင့်သံဃာတော်များ၊ (၇၃) ကြိမ် မြောက် တိပိဋကဓရ၊ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲ တွင် သဘောရေးဖြေအောင်မြင် တော်မူကြသော ဒီဃနိကာယ ကောဝိဒ၊ ဝိနယကောဝိဒနှင့်ဥဘ တောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ် တော်ရ သာသနာ့အာဇာနည် အရှင်မြတ်များ ကြွရောက်တော် မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီ ဝင် ဦးမောင်းဟာနှင့်ဇနီး၊ ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးချစ်နိုင်၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဇနီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ သာသနာ့နုဂ္ဂဟဘွဲ့ရအလှူ ရှင်များ၊ စာမေးပွဲကျင်းပစဉ် လှူဒါန်းသည့် ဆွမ်းအလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြ သည်။
ငါးပါးသီလခံယူဆောက်တည်
ဦးစွာ အနုပညာအထက်တန်း ကျောင်းက ဗုဒ္ဓရောင်ခြည်တော်ဖွဲ့ ဖြင့် သီကျူးပူဇော်ကြပြီး လိုဏ်ဂူ တော်ပတ်လည်ရှိ ခေါင်းလောင်း ၁၀၈ လုံးကို တစ်ပြိုင်တည်း ၉ ကြိမ် ထိုးခတ်ပူဇော်သည်။ ယင်းနောက် တိပိဋကဓရ၊ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဩဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် မိုးကောင်း ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ သုဓမ္မာစာရာဘိဝံသထံမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌအမှူးပြုသော ဧည့်ပရိသတ် အပေါင်းက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် နိုင်ငံတော်သံဃ မဟာနာယအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာ တော် ဒေါက်တာဘဒ္ဒန္တ ကုမာရာ ဘိဝံသက သာရဏီယဩဝါဒ ကထာကို ဖတ်ကြားချီးမြှင့်တော် မူသည်။
(နိုင်ငံတော်သံဃမဟာနာယ ကအဖွဲ့၏ သာရဏီယဩဝါဒ ကထာကို စာမျက်နှာ ၉ တွင် သီးခြားဖော်ပြထားပါသည်။)
ယင်းနောက် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သာသနာ ရေးဆိုင်ရာများကို လျှောက်ထား သည်။
ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ ဆက်ကပ်
ဆက်လက်၍ တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် သဘောရေးဖြေ အောင်မြင်တော် မူကြသော သာသနာ့အာဇာနည် အရှင်သူမြတ် များအား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များဆက်ကပ်ရာ ဒီဃနိကာယ်သုံးကျမ်း သဘော ရေးဖြေအောင် ဒီဃနိကာယ ကောဝိဒဘွဲ့တံဆိပ်တော်ရ ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ ပိုင်း) မြို့နယ် တိပိဋက မဟာ ဂန္ထဝင်နိကာယ်ကျောင်းမှ အရှင် ဝိသုဒ္ဓနှင့် စစ်ကိုင်းမြို့ မင်းကွန်း မိုးမိတ်ကုန်းမြေ တိပိဋကနိကာယ ကျောင်းမှ အရှင်ပဏ္ဍဝါလင်္ကာရ တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ် တို့အား ဆက်ကပ်သည်။
ထို့နောက် ဒီဃနိကာယ် သုံးကျမ်း သဘောရေးဖြေအောင် ဒီဃနိကာယကောဝိဒ ဘွဲ့တံဆိပ် တော်ရ စစ်ကိုင်းမြို့ မင်းကွန်း တိပိဋကနိကာယကျောင်းမှ အရှင် အာနန္ဒပဏ္ဍိတာလင်္ကာရ၊ ဝိနည်း ဒုတိယပိုင်းသုံးကျမ်း သဘော ရေးဖြေအောင် ဝိနယကောဝိဒ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းမြို့ မင်းကွန်းတိပိဋက နိကာယ ကျောင်းမှ အရှင်မင်္ဂလာစာရ၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် တိပိဋက မဟာဂန္ထဝင် နိကာယ်ကျောင်း မှ အရှင်နန္ဒိမာလင်္ကာရနှင့် အရှင် သုမင်္ဂလ၊ ဝိနည်းပထမပိုင်း နှစ်ကျမ်း သဘောရေးဖြေအောင် ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့ တံဆိပ်တော်ရ စစ်ကိုင်းမြို့ မင်းကွန်းတိပိဋက နိကာယကျောင်း မှ အရှင်ဩဘာသ (ဝက်လက်)၊
အရှင်ပညာသိရီ (ဆီဆိုင်)၊အရှင်မဏ္ဍလာလင်္ကာရ၊ ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် တိပိဋက မဟာဂန္ထဝင် နိကာယ်ကျောင်းမှ အရှင်စန္ဒိမာလင်္ကာရနှင့် အရှင် ပညာသာမီလင်္ကာရတို့ထံ ကောင်စီ ဝင် ဦးမောင်းဟာ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့် အောင် လက်မှတ်များ ဆက်ကပ်ကြ သည်။
ယင်းနောက် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အကျိုးတော် ဆောင် သန်လျင်မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ အမှူးပြု သော ဧည့်ပရိသတ်အပေါင်းက အနုမောဒနာတရား နာယူကြ ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေ ကြပြီး စာအောင်သံဃာတော် များအား လှူဖွယ်ဝတ္ထုပစ္စည်း များ လောင်းလှူကြသည်။
တိပိဋကဓရ၊ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီး ပေါ်ပေါက်လာရခြင်းသည် ဆဋ္ဌ သင်္ဂါယနာတင်ပွဲ ကျင်းပရာ၌ ပိဋကတ်သုံးပုံ အာဂုံဆောင်သည့် သာသနာ့အာဇာနည် ပုဂ္ဂိုလ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လွတ်လပ်ရေးနှင့်အတူ ၁၉၄၈ ခုနှစ်တွင် စတင်ပေါ်ပေါက်လာ ခြင်းဖြစ်ပြီး နှစ်စဉ်မပျက်ကျင်းပ ခဲ့ကြောင်း၊ တိပိဋကဓရ၊ တိပိဋက ကောဝိဒ ဘွဲ့တော်ရရှိရန်အတွက် အာဂုံဖြေဆို အောင်မြင်ပြီးမှ သဘောရေးဖြေစာမေးပွဲကို ဖြေဆို ရကြောင်း၊ ရဟန်းတော်များနှင့် သာမဏေများသာ ဖြေဆိုခွင့်ရပြီး ပါဠိပထမပြန်စာမေးပွဲ ပထမကြီး တန်းကိုဖြစ်စေ၊ ဝိနယဝိဒူတန်းကို ဖြစ်စေ၊ သာမဏေကျော် တတိယ ဆင့်ကိုဖြစ်စေ၊ စေတိယင်္ဂဏနှင့် သကျသီဟစာမေးပွဲ စာသင်တန်း ကိုဖြစ်စေ တစ်ခုခုအောင်မြင်ပြီး သူဖြစ်ရကြောင်း၊ ကျင်းပပြီးစီး ခဲ့သည့် (၇၃)ကြိမ်အတွင်း ပထမ ဦးဆုံးသော တိပိဋကဓရ ဓမ္မ ဘဏ္ဍာဂါရိက မင်းကွန်းဆရာ တော်ကြီး အရှင်ဝိစိတ္တသာရာ ဘိဝံသအပါအဝင် သာသနာ့အာဇာ နည် ၁၅ ပါး ပေါ်ထွန်းထားကြောင်း၊ သက်ရှိထင်ရှား တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘွဲ့တော်ရ ဆရာတော် ၁၁ ပါး ရှိကြောင်းနှင့် တိပိဋကဓရ၊ ပိဋကတ်သုံးပုံ အာဂုံ ဆောင် သာသနာ့အာဇာနည် အရှင်သူမြတ် ၇ ပါး ပေါ်ထွန်း ခဲ့ပြီး သာသနာ့အကျိုးကို သယ်ပိုး လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်