(၇၃) ကြိမ်မြောက် ဖီဖာကွန်ဂရက်စ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့တက်ရောက်

 

ရန်ကုန်   မတ်  ၁၆


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ၏ (၇၃) ကြိမ်မြောက် ကွန်ဂရက်စ်ကို မတ် ၁၆ ရက်က ရဝမ်ဒါနိုင်ငံ ကီဂါလီမြို့၌ကျင်းပရာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ မြန်မာကိုယ်စားလှယ် အဖွဲ့တွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းတို့ပါဝင်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဖန်တီနို ဦးဆောင်သည့် ဆွေးနွေးပွဲ များသို့ တက်ရောက်ခဲ့သည်။

 


(၇၃) ကြိမ်မြောက်   ဖီဖာကွန်ဂရက်စ်တွင်   တက်ရောက်သည့် အဖွဲ့ဝင်နိုင်ငံများအား အတည်ပြုပြီးနောက်  ဖီဖာ၏ မှတ်တမ်းများကို စိစစ်အတည်ပြုရန်    စစ်ဆေးမည့်ကိုယ်စားလှယ်များအား   ခန့်အပ် အတည်ပြုသည်။ ယင်းနောက် ဖီဖာအဖွဲ့ဝင်နိုင်ငံအဖြစ်မှ ဆိုင်းငံ့ခြင်းနှင့် ထုတ်ပယ်ခြင်းများပြုလုပ်ပြီး   ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ  အင်ဖန် တီနိုက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်၍ ဖီဖာဥက္ကဋ္ဌရာထူး (၂ဝ၂၃-၂၀၂၇)ကာလ ရွေးကောက်ပွဲပြုလုပ်ခြင်း၊ ဖီဖာ တစ်နှစ်တာ Report တင်ပြခြင်း၊ အဆိုပြုလွှာများတင်ပြခြင်းတို့ကို အစီအစဉ်အတိုင်း ပြုလုပ်ပြီးနောက် ဥက္ကဋ္ဌ အင်ဖန်တီနိုက နိဂုံးချုပ် အမှာစကားပြောကြားကာ နောက်တစ်ကြိမ်ပြုလုပ်မည့်      ဖီဖာ ကွန်ဂရက်စ်အား သတ်မှတ်သည်။              

 

ကိုညီလေး၊ ဓာတ်ပုံ-MFF