(၆၈) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံခရိုင်လူထုအခြေပြုဗဟိုဌာန တစ်ထပ်မြှင့်အဆောက်အဦဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲကျင်းပ

 

ဘားအံ အောက်တိုဘာ ၂၆


၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြု သောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးမှုဖြင့် အဆင့်မြှင့်တင်ဆောက်လုပ်ခဲ့သော ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) အဆောက်အအုံ ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲကို အောက်တိုဘာ ၂၆ ရက် နံနက် ၈ နာရီက အဆိုပါ Centre တည်နေရာ၌ ကျင်းပသည်။


ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်       တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊  ပြည်နယ်လုံခြုံရေးနှင့်  နယ်စပ် ရေးရာဝန်ကြီး   ဗိုလ်မှူးကြီးမင်းသူကျော်၊   စီးပွား ရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် လူမှုရေးရာ ဝန်ကြီး ဦးစိုးလွင်တို့က ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တစ်ထပ်မြှင့် အဆောက် အအုံကို    ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအဖွဲ့၏  ကပြသီဆိုဖျော်ဖြေ မှုများကို  ကြည့်ရှုအားပေးကြကာ   ယဉ်ကျေးမှုအဖွဲ့ များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။


တိုက်တွန်းမှာကြား


ထို့နောက် အဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲ ကို အဆိုပါ Centre အပေါ်ထပ်အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ      ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း    တိုင်းရင်းသားလူငယ်လူရွယ်များ အတွက် အသိပညာပေးရေးနှင့် တိုင်းရင်းသားပြည်သူ များ၏   လိုအပ်ချက်များ  ဖြည့်ဆည်းပေးနိုင်ရေး အတွက်   လူထုအခြေပြုဗဟိုဌာန (Community Centre) ကို ဘားအံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးဝင်းအတွင်း ဖွင့်လှစ်ထားရှိ ပြီးဖြစ်သော်လည်း ယခင်ထက်ပိုမိုပြီး ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုနိုင်ရေးအတွက် လက်ရှိအဆောက် အအုံကို  အပေါ်တစ်ထပ်မြှင့်ပြီး  ဘက်စုံသုံးခန်းမ ဖြစ်အောင်   မိမိတို့ပြည်နယ်အစိုးရအဖွဲ့၏   ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ်သိန်း ၅၅၀ ပံ့ပိုးမှုဖြင့် ထပ်မံအဆင့်မြှင့်တင်ပေးခြင်းဖြစ်ကြောင်း၊ ဘားအံ ခရိုင် Community Centre ကို ပြည်သူများ အမှန် တကယ် ရင်းနှီးကျွမ်းဝင်ပြီး ဝင်ထွက်သွားလာနိုင် သည့်နေရာ၊ အသိပညာဆည်းပူးရာနေရာ၊ သတင်း အချက်အလက်များရယူရာနေရာ၊    ကျောင်းသား လူငယ်များ   အတတ်ပညာရှာမှီးရာနေရာအဖြစ်  ဖြစ်ထွန်းပေါ်ပေါက်လာစေရေး သက်ဆိုင်ရာတာဝန် ရှိသူများက ဝိုင်းဝန်းပူးပေါင်းပြီး ရေရှည်တည်တံ့ အောင်  ထိန်းသိမ်းစောင့်ရှောက်ရန်  တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားသည်။


ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြား ရေးမှူးထံ လူထုအခြေပြုဗဟိုဌာန (Community Centre) နှင့် ပတ်သက်သော စာရွက်စာတမ်းများကို  လွှဲပြောင်းပေးအပ်ပြီး  သုတ၊  ရသ  စာအုပ်များ ဝယ်ယူရန် ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ် ကာ  ဘားအံခရိုင်  စီမံအုပ်ချုပ်ရေးအဖွဲ့က  လူထု အခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမတွင် အသုံးပြုရန် ဆောင်းဘောက်နှင့် အမ်ပလီဖိုင်ယာတစ်စုံအတွက်  ငွေကျပ် ၇ သိန်းကို ထောက်ပံ့ပေးအပ်ရာ ညွှန်ကြား ရေးမှူးက  လက်ခံရယူပြီး  ဂုဏ်ပြုမှတ်တမ်းလွှာ  ပြန်လည်ပေးအပ်သည်။


တေးသီချင်းဖြင့် ဖျော်ဖြေ


ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင် က    ဒေသအကျိုးပြု   အစဉ်ရှေးရှု   လူထုအခြေပြု သီချင်းအား  ရေးစပ်သီကုံးပေးသော  တေးရေးဆရာ   ဦးအောင်မြင့်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး     ညွှန်ကြားရေးမှူး  ဦးမောင်မောင်က  ကျေးဇူးတင် စကားပြန်လည်ပြောကြားကာ      ဘားအံခရိုင် ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အမှတ်(၂) အခြေခံပညာ အထက် တန်းကျောင်းမှ   ကျောင်းသူလေးများက   ဒေသ အကျိုးပြု အစဉ်ရှေးရှု လူထုအခြေပြု တေးသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။


ဆက်လက်၍     ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည်  အခမ်းအနားသို့  တက်ရောက်လာသော ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊  အလှူရှင်များ၊  လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများအား       ရင်းရင်းနှီးနှီးတွေ့ဆုံ  နှုတ်ဆက်၍   အားပေးစကားများ   ပြောကြားပြီး   ဘားအံခရိုင်   လူထုအခြေပြု ဗဟိုဌာန   (Community   Centre) အပေါ်ထပ် အစည်းအဝေးခန်းကို  ကြည့်ရှု စစ်ဆေးကာ  မြေညီထပ်ရှိ  စာအုပ်သိုလှောင်ခန်း အတွင်း  စာအုပ်စာစောင်များ  သိုလှောင်ထားရှိမှု   အခြေအနေ၊ အခြေခံကွန်ပျူတာသင်တန်း   ဖွင့်လှစ် သင်ကြားပို့ချနေမှု   အခြေအနေ၊   Community    Centre လှုပ်ရှားဆောင်ရွက်မှု  မှတ်တမ်းဓာတ်ပုံ များကို  ကြည့်ရှုအားပေးခဲ့ကြကာ  တာဝန်ရှိသူ များအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရ သည်။                    

စောမျိုးမင်းသိန်း (ပြန်/ဆက်)