(၆၆)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကျင်းပ

 

ဘားအံ   နိုဝင်ဘာ  ၇


(၆၆)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို နိုဝင်ဘာ ၇ ရက်က ကရင်ပြည်နယ်‌အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်၌ ကျင်းပရာ  သဘာပတိအဖြစ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ရပ်မိရပ်ဖဦးစောဖိုးနီနှင့် ကရင်စာပေနှင့်ယဉ်ကျေးမှုဥက္ကဋ္ဌ ဦးစောအေးမြတို့က ဆောင်ရွက်ကြပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးကြီး မျိုးမင်းနောင်၊     ပြည်နယ်ဝန်ကြီးများ၊   တိုင်းရင်းသားလက်နက်ကိုင်   ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ  ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင်  သဘာပတိ အဖွဲ့ဝင်များနှင့် တက်ရောက်လာ သူများက   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံ၊   ကျဆုံး လေပြီးသော အာဇာနည်ပုဂ္ဂိုလ် ကြီးများနှင့်        ရဲဘော်အပေါင်း တို့အား အလေးပြုကြပြီး  ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်     နိုင်ငံတော်     စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊    နိုင်ငံတော်ဝန်ကြီး ချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ထံမှ ပေးပို့သည့် ၂၀၂၁ ခုနှစ် (၆၆)နှစ်မြောက် ကရင်ပြည်နယ် နေ့    သဝဏ်လွှာအား   သဘာ ပတိအဖွဲ့ဝင်        ပြည်နယ်တရား လွှတ်တော်   တရားသူကြီးချုပ် ဦးသိန်းကိုကိုက ဖတ်ကြားသည်။

 


ဖဲကြိုးဖြတ်ဖွင့်လှစ်


ထို့နောက် (၆၆)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးနှင့်    ပြခန်းများ    ဖွင့်ပွဲကို ဘားအံမြို့   အမှတ်(၄)ရပ်ကွက် သီရိကွင်းရှိ   အဆိုပါ မုခ်ဦးရှေ့၌ ကျင်းပရာ   အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး   ဗိုလ်ချုပ်  ကိုကိုမောင်၊      ခေတ္တပြည်နယ် ဝန်ကြီးချုပ် ဗိုလ်မှူးကြီး   မျိုးမင်း နောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ကရင်  အမျိုးသားလွတ်မြောက် ရေး   တပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ     (KNU/KNLA-PC)     ဒုတိယဥက္ကဋ္ဌ   ဒေါက်တာ နော် ကပေါ်ထူး၊     ကရင်အမျိုးသား အစည်းအရုံး (KNU) ကော့ကရိတ် ခရိုင်ဥက္ကဋ္ဌ     ပဒိုစောရွှေမောင်း၊   KNU ဘားအံခရိုင်ဥက္ကဋ္ဌ  ပဒိုစော အောင်မော်အေး၊    ဒီမိုကရေစီ အကျိုးပြု     ကရင်တပ်မတော် DKBA မှ ဗိုလ်မှူးကြီးအဆင့်ရှိ စောကျော်သန်းဌေးတို့က (၆၆)နှစ်မြောက်   ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်  မုခ်ဦးနှင့်  ပြခန်း များအား     ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ခေတ္တပြည်နယ်ဝန်ကြီး ချုပ်က    (၆၆)နှစ်မြောက်    ကရင် ပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦး နှင့် ပြခန်းများအား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးကာ   အမှတ်တရ   စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြပြီး     ပြခန်းများကို လှည့်လည်  ကြည့်ရှုအားပေးကြသည်။

 


ကြည့်ရှုအားပေး


ယင်းနောက် သီရိကွင်း ဒုံးစင် မြင့်တွင် ကရင်ရိုးရာ ဒုံးအကများ ဖြင့်   ဖျော်ဖြေတင်ဆက်ကပြကြ ရာ ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်     တရားလွှတ်တော်   တရားသူကြီးချုပ်၊   အစိုးရအဖွဲ့ဝင်  ဝန်ကြီးများ၊     တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ အစည်းများမှ   ကိုယ်စားလှယ် များ၊ တိုင်းရင်းသားပြည်သူများမှ ကြည့်ရှုအားပေးခဲ့ကြပြီး   ကပြ ဖျော်ဖြေကြသည့်   ဒုံးအဖွဲ့များ အား ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ်တရား လွှတ်တော်တရား သူကြီးချုပ်၊   ကရင်အမျိုးသား အစည်းအရုံး KNU ကော့ကရိတ် ခရိုင် ဥက္ကဋ္ဌ၊    ကရင်အမျိုးသား  လွတ်မြောက်ရေး   တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ    (KNU/KNLA-PC)    ဒုတိယဥက္ကဋ္ဌတို့က     ဂုဏ်ပြုဆုများ    ပေးအပ်ချီးမြှင့်ကြသည်။

 


ထူးချွန်ဆု ချီးမြှင့်ပေးအပ်


ဆက်လက်၍      (၆၆)နှစ် မြောက်     ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်   ပြည်နယ်ဂုဏ် ဆောင်ထူးချွန်သူများအား ဂုဏ်ပြု ဆုများ ချီးမြှင့်ပေးအပ်သည့်အခမ်း အနားကို    နံနက် ၁၀ နာရီခန့် တွင် ဘားအံမြို့  ဇွဲကပင်ခန်းမ၌ ကျင်းပရာ      ခေတ္တပြည်နယ် ဝန်ကြီးချုပ်  ဗိုလ်မှူးကြီး   မျိုးမင်း နောင်က အမှာစကား    ပြောကြား ပြီး   ခေတ္တပြည်နယ်   ဝန်ကြီးချုပ်  ဗိုလ်မှူးကြီး၊    ပြည်နယ်တရား လွှတ်တော်  တရားသူကြီးချုပ်၊   ပြည်နယ်ဝန်ကြီးများ၊   ပြည်နယ် ဥပဒေချုပ်နှင့်  ပြည်နယ်အတွင်း ရေးမှူးတို့က  အခွန်ထမ်းဆောင်မှု ထူးချွန်ဆု၊ မွေးမြူရေး ထူးချွန်ဆု၊    စိုက်ပျိုးရေး ထူးချွန်ဆု၊ တက္ကသိုလ် ကောလိပ်များမှ    အားကစား ထူးချွန်ဆု၊   ပြည်နယ်  ဘောလုံး အားကစားထူးချွန်ဆု၊ ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံ ထူးချွန် ဆု     အစရှိသည့်      ထူးချွန်ဆု စုစုပေါင်း ၆၀  ကို ချီးမြှင့်ပေးအပ် ခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)