(၆၃)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

 

နေပြည်တော်   မတ်   ၂၃


(၆၃)      ကြိမ်မြောက်     ကမ္ဘာ့ မိုးလေဝသနေ့    အထိမ်းအမှတ် အခမ်းအနားကို       ယနေ့တွင် နေပြည်တော်ရှိ   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  ဝန်ကြီး ရုံး၌ ကျင်းပသည်။ 

 


အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်  ဒုတိယ ဝန်ကြီးချုပ်နှင့်      ပို့ဆောင်ရေး နှင့်     ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်        ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊         သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်း ရေးဝန်ကြီးဌာန      ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ပို့ဆောင်ရေး နှင့်   ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊      မွေးမြူရေးနှင့် ဆည်မြောင်း   ဝန်ကြီးဌာနတို့မှ  ဒုတိယဝန်ကြီးများ၊    ဌာနဆိုင်ရာ အကြီးအကဲများနှင့်    ဖိတ်ကြား ထားသော       ဧည့်သည်တော်များ တက်ရောက်ကြသည်။ 

 


နှစ်စဉ်ကြုံတွေ့နေရ


အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင် စန်းက       ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်  အခမ်းအနားများ ကို နှစ်စဉ်  မတ်  ၂၃ ရက်  ရောက် တိုင်း          ကမ္ဘာ့တစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်ပါကြောင်း၊    ယခု  ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ မိုးလေဝသနေ့ ဆောင်ပုဒ်မှာ         “အနာဂတ် မိုးလေဝသ၊ ရာသီဥတုနှင့် ရေသယံ ဇာတ ဖွံ့ဖြိုးကောင်းမွန်ဖို့ မျိုးဆက် အားလုံး အလေးထားဆောင်ရွက် ကြပါစို့ (The Future of Weather, Climate  and  Water  across Generations)”  ဖြစ်ပါကြောင်း၊ ယခုအခါ  ရာသီဥတုပြောင်းလဲမှု ကြောင့် မိုးလေဝသ၊ ဇလဗေဒ နှင့် ရာသီဥတုဆိုင်ရာ  အစွန်းရောက် အဖြစ်အပျက်များသည်    ကမ္ဘာ့ နေရာအနှံ့အပြားတွင်  ပိုမိုဖြစ်ပွား လာလျက်ရှိရာ        အထူးသဖြင့် ကျွန်းနိုင်ငံများ၊     ဖွံ့ဖြိုးဆဲနိုင်ငံ များအနေဖြင့် ရာသီဥတုပြောင်းလဲ မှုဒဏ်ကို  အခံရဆုံးဖြစ်ပါကြောင်း၊ ကမ္ဘာ့မိုးလေဝသ     အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်များအရ     ၂၀၁၆ ခုနှစ်သည်     ကမ္ဘာ့အပူဆုံးနှစ် အဖြစ်       မှတ်တမ်းဝင်ထားပါ ကြောင်း၊  တစ်ဖန်  ၂၀၂၀ ပြည့်နှစ် ကတည်းက           စတင်ခဲ့သည့် လာနီညာဖြစ်စဉ်မှာ   ၂၀၂၂ ခုနှစ် ထိတိုင် သုံးနှစ်ဆက်တိုက်  လာနီ ညာအဖြစ်  သမိုင်းဝင်ခဲ့ပါကြောင်း၊ သို့သော်  အဆိုပါလာနီညာဖြစ်စဉ် များသည် လက်ရှိကမ္ဘာကြီး ပူနွေး လာနေမှုကို      လွှမ်းမိုးနိုင်ခြင်း မရှိသည်ကို   လေ့လာတွေ့ရှိရပါ ကြောင်း၊ ၂၀၂၂ ခုနှစ်အပြီး  ကမ္ဘာ့ မိုးလေဝသအဖွဲ့ချုပ်၏ တစ်နှစ်တာ လေ့လာ        သုံးသပ်ချက်များအရ ကမ္ဘာကြီး၏     ပျမ်းမျှအပူချိန်သည် ယခင်စက်မှုမထွန်းကားမီ  ခေတ် ကာလများထက်    ၁ ဒသမ ၀၆ ဒီဂရီစင်တီဂရိတ်   ကျော်လွန်နေပြီ ဖြစ်ပါကြောင်း၊  ကမ္ဘာကြီး   ပူနွေး လာမှုကြောင့်လည်း    ရေခဲတောင် များ    အရည်ပျော်ကာ       ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင် မြင့်တက် လာမှုသည်   ၁၈၈၀    ပြည့်နှစ်ထက် ၂၄ စင်တီမီတာခန့်  မြင့်တက်နေ ပြီး  အချို့သော ကျွန်းနိုင်ငံများမှာ စိန်ခေါ်မှုများစွာနှင့်  ရင်ဆိုင်နေကြ ရပါကြောင်း၊  ထို့အပြင်  မိုးရွာသွန်း မှုပုံစံပြောင်းလာပြီး     အချိန်အခါ မဟုတ်   မိုးပြင်းထန်စွာ  ရွာသွန်းမှု များကြောင့်     ရေလွှမ်းမိုးမှုများ ဖြစ်ပွားလာသကဲ့သို့        အခြား တစ်ဖက်တွင်လည်း မိုးခေါင်ခြင်းနှင့် ရေပြတ်လပ်မှုဖြစ်စဉ်များ  နှစ်စဉ် ကြုံတွေ့နေရပါကြောင်း၊  ထို့ကြောင့် ၂၀၁၅ ခုနှစ်တွင်   ပြင်သစ်နိုင်ငံ ပါရီမြို့တွင်  ကျင်းပပြုလုပ်ခဲ့သော ကုလသမဂ္ဂ  ရာသီဥတုပြောင်းလဲ ခြင်းဆိုင်ရာ      ကွန်ဗင်းရှင်းတွင် စက်မှုမထွန်းကားမီ    ကာလနှင့် နှိုင်းယှဉ်၍ အပူချိန် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ထက် ပိုမိုတိုးလာမှုကို လျှော့ချနိုင်ရေးအတွက် သဘောတူ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါကြောင်း၊  ယခုအခါ   ရာသီဥတုပြောင်းလဲမှု နှုန်းသည်   အရှိန်အဟုန်မြင့်မြန်ဆန် လာသည့်အတွက်   မိုးလေဝသ နှင့်    ဇလဗေဒဆိုင်ရာ    သဘာဝ ဘေးအန္တရာယ်များ     ခံစားရမှုကို လျော့ပါး    သက်သာလာစေရေး နှင့်      အနာဂတ်မျိုးဆက်များ ကောင်းမွန်စွာ       ရှင်သန်နိုင်ရေး အတွက်  ပြည်သူအားလုံး လက်တွဲ ပူးပေါင်း    ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 


  ဆုချီးမြှင့်ပေးအပ် 


ထို့နောက်    ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်   အထွေထွေအတွင်းရေး မှူးချုပ်          Professor Petteri Taalas ၏  သဝဏ်လွှာဗီဒီယိုနှင့် မိုးလေဝသနှင့်ရာသီဥတု ပြောင်းလဲ မှုဆိုင်ရာ    Video Clip တို့ကို ပြသ ခဲ့ပြီး ကမ္ဘာ့မိုးလေဝသနေ့ အထိမ်း အမှတ်အခမ်းအနား  ဆောင်းပါး ပြိုင်ပွဲတွင်    ပထမ၊    ဒုတိယ၊ တတိယဆုရရှိသူများကို  ဒုတိယ ဝန်ကြီးချုပ်နှင့်     ပြည်ထောင်စု ဝန်ကြီးက         ဆုချီးမြှင့်ပေးအပ် သည်။ ဆက်လက်၍   ဖိတ်ကြား ထားသော        ဧည့်သည်တော်များ သည်  အခမ်းအနားတွင် ခင်းကျင်း ပြသထားသော     မိုးလေဝသနှင့် ဇလဗေဒ     ညွှန်ကြားမှုဦးစီးဌာန ၏          အထိမ်းအမှတ်ပြခန်းကို လှည့်လည်ကြည့်ရှုကြသည်။

 


မွန်းလွဲပိုင်းတွင်  မိုးလေဝသ၊ ဇလဗေဒ၊    မြေငလျင်ဘာသာရပ် ဆိုင်ရာ      စာတမ်း(၉)စောင်ကို ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့်  ပညာရေးဝန်ကြီး ဌာနတို့မှ  ဖတ်ကြားဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

 

သတင်းစဉ်