(၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်ယာဖေး-ထူးဂုဏ်-ဝေပုလ္လကျေးရွာချင်းဆက်ကျောက်လမ်းသစ်ဖွင့်လှစ်

 

ဘားအံ   ဖေဖော်ဝါရီ   ၂၉
(၆၂)    နှစ်မြောက်     တောင်သူ လယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့်    နယ်စပ်ရေးရာ ဝန်ကြီးဌာန၊     နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ     ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄    ဘဏ္ဍာရေးနှစ်၊     ကရင် ပြည်နယ်   အစိုးရအဖွဲ့    ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့်  ULURU MM Co.,Ltd  မှ  တာဝန်ယူ  ဆောင်ရွက် သော ဘားအံမြို့နယ် နောင်ယာ ဖေး-ထူးဂုဏ်-ဝေပုလ္လ     ကျေးရွာ ချင်းဆက်     ကျောက်လမ်းသစ် ဖွင့်ပွဲကို  ယနေ့နံနက် ၈ နာရီက နောင်ယာဖေးကျေးရွာရှိ အဆိုပါ လမ်းမုခ်ဦး တည်နေရာ၌ ကျင်းပ သည်။
လမ်းဖွင့်ပွဲတွင်    ကရင်ပြည် နယ်ဝန်ကြီးချုပ်  ဦးစောမြင့်ဦးက  ယနေ့  ဖွင့်လှစ်သောလမ်းသည် ဒေသခံတိုင်းရင်းသားပြည်သူများ အတွက် လမ်းပန်းဆက်သွယ်ရေး  ကောင်းမွန်မှသာလျှင် တစ်နေရာ  နှင့်တစ်နေရာ ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေမည်ဖြစ်သလို ပညာရေး၊ ကျန်းမာရေးနှင့် အခြား  သော လူမှုရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးပြီး     လူမှုစီးပွားဘဝ    ပိုမို တိုးတက်စေမည်     ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်ပြီးစီးသည့် ကျောက် လမ်းနှင့်  Box  Culvert   များကို ဒေသခံ      တိုင်းရင်းသားများ အနေဖြင့်  တန်ဖိုးထား  ဝိုင်းဝန်း စောင့်ရှောက်ရန် လိုအပ်ကြောင်း     ပြောကြားသည်။  
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်     ပြည်နယ် အစိုးရအဖွဲ့ဝင်များက  ကျေးရွာ ချင်းဆက် ကျောက်လမ်းသစ်ကို ဖဲကြိုးဖြတ်     ဖွင့်လှစ်ပေးကြပြီး လမ်းအား        ဖြတ်သန်းကြည့်ရှု စစ်ဆေးကြသည်။ (အပေါ်ပုံ)
အဆိုပါ    ကျေးရွာချင်းဆက်  ကျောက်လမ်းသစ်မှာ လမ်းအရှည် (၆/၄) မိုင်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်     ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ  ၂၅၇  ဒသမ  ၂၂၆ သန်းဖြင့် ULURU MM Co.,Ltd   မှ  တာဝန်ယူ  ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍     မြေငလျင် လှုပ်ခတ်မှုကြောင့် အဆောက်အဦ ပြိုကျမှုတွင် ရှာဖွေကယ်ဆယ်ရေး နှင့်   မီးငြှိမ်းသတ်ရေး  တုံ့ပြန်မှု သရုပ်ပြခြင်း     အခမ်းအနားကို ဘားအံခရိုင်    မီးသတ်ဦးစီးဌာန လှာကမြင်ကွက်သစ်၌ ယနေ့နံနက် ၉   နာရီတွင်  ကျင်းပရာ  ငလျင် ဘေးအန္တရာယ်ဆိုင်ရာ     ရှာဖွေ ကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ် ရေး   သရုပ်ပြခြင်းကို   ပြည်နယ် ဝန်ကြီးချုပ်၊      ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့်    အစိုးရအဖွဲ့ဝင်     ဝန်ကြီးများက ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်က    ကူညီကယ်ဆယ်ရေး လုပ်ငန်းများ    ဆောင်ရွက်သည့် အခါ အထောက်အကူပစ္စည်းများ ကို  ကယ်ဆယ်ရေးအဖွဲ့ဝင်များ အနေဖြင့် အချိန်မရွေး ကျွမ်းကျွမ်း ကျင်ကျင် အသုံးပြုနိုင်ရန် လိုအပ် ကြောင်း၊ စက်ယန္တရားကိုလည်း ကြိုတင်ချိတ်ဆက်ထားရန် လိုအပ် ကြောင်းနှင့် ယခုလိုဇာတ်တိုက် လေ့ကျင့်မှုများ    ပိုမိုပြုလုပ်သင့် ကြောင်း ပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်က ဘားအံခရိုင်မီးသတ် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေ  ကျပ်ငါးသိန်း ပေးအပ်ချီးမြှင့်၍ ခင်းကျင်းပြသထားသည့်    ကယ် ဆယ်ရေး     အထောက်အကူပြု ပစ္စည်းများကို  လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း    သိရသည်။        
ပြည်နယ်(ပြန်/ဆက်)