
နေပြည်တော် ဇန်နဝါရီ ၆
(၆၁)ကြိမ်မြောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော် စက်ပစ်ကွင်း၌ပြုလုပ်ရာ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် အဖွဲ့ဝင် များ၊ အရာရှိ၊ စစ်သည်၊ မိသားစု များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင် အသင်းများ တက်ရောက်ကြသည်။
ဆုပေးပွဲကို ဆက်လက်ပြုလုပ် ရာ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိကြသူများ၊ တစ်ဦးချင်း ဆုရရှိကြသူများ၊ အသင်းလိုက် ဆုရရှိကြသူများနှင့် တံခွန်စိုက် ဒိုင်းဆုရရှိသော အရှေ့မြောက် တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု သေနတ်ပစ် အသင်းတို့အား တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ကိုယ်စား တိုင်းမှူးနှင့် တာဝန် ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ (၆၁)ကြိမ်မြောက် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲကို ပြိုင်ပွဲ ဝင်အသင်း ၂၈ သင်းဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ယနေ့ အထိ ယှဉ်ပြိုင်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်