
ရန်ကုန် စက်တင်ဘာ ၂၈
အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အမှတ်(၃) ရေကြောင်းရဲကွပ်ကဲမှု အဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင် ၁၉ ဦးတို့က အမှတ်(၂) တပ်မတော်ဆေးရုံ ခုတင် ၅၀၀ ၌ စုပေါင်းသွေးလှူဒါန်းရာ ကွပ်ကဲမှုအဖွဲ့ခွဲမှူး ဦးဆောင်၍ လိုက်လံ ကြည့်ရှုအားပေးပြီး သွေးလှူရှင်များအား အာဟာရ ဖြစ်စေမည့် အစားအသောက် များ ပေးအပ်ကြောင်း သိရ သည်။
မြန်မာ့အလင်း