
နေပြည်တော် မေ ၇
(၅၉) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ ကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည် များဖြင့် စည်ကားလျက်ရှိသည်။
နံနက်ပိုင်းမှစတင်၍ ပြည် တွင်း၊ ပြည်ပ ရတနာကုန်သည် များသည် မဏိရတနာကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထား သည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာ များအလိုက် ခင်းကျင်းပြသထား သည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှု ကြသည်။
၅၄၆ တွဲ ရောင်းချ
ပြပွဲတွင် ကျောက်စိမ်းအတွဲ ပေါင်း ၄၅၅၀ ကို နေ့ရက်အလိုက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ခြင်းဖြစ်ပြီး ယနေ့တွင် ကျောက်စိမ်း အတွဲ ၉၅၀ ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၅၄၆ တွဲ ရောင်းချရကြောင်း ကြေညာသည်။
ကြေညာသွားမည်
ပြပွဲဆဋ္ဌမနေ့တွင် ရောင်းချ မည့် ကျောက်စိမ်းအတွဲပေါင်း ၉၅၀ ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှု စစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်း လွှာများကို တင်ဒါပုံးအတွင်းသို့ ထည့်သွင်းကြသည်။ အဆိုပါ ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီ တွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချ ရသည့် ကျောက်စိမ်းအတွဲများအား မေ ၈ ရက် နံနက် ၈ နာရီတွင် ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟို ကော်မတီနာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲ ကျင်းပရာ မဏိရတနာကျောက်စိမ်း ခန်းမ၌ ကျောက်စိမ်းအတွဲများ တင်ဒါဖွင့်ဖောက် စစ်ဆေးနေမှုကို လိုက်လံကြည့်ရှုအားပေးသည်။
(၅၉) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ကျန်ရှိနေသည့် ကျောက်စိမ်းတွဲ များကို နေပြည်တော်ရှိ မဏိ ရတနာကျောက်စိမ်းခန်းမ၌ မေ ၁၂ ရက်အထိ ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်