(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၉၅၄ တွဲ ရောင်းချနိုင်ခဲ့

 

နေပြည်တော်  မေ  ၁၁
(၅၉)      ကြိမ်မြောက်     မြန်မာ့ ကျောက်မျက်ရတနာပြပွဲ    နဝမ နေ့ကို    ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ     မဏိရတနာ ကျောက်စိမ်းခန်းမ၌   ဆက်လက် ကျင်းပရာ ပြည်တွင်းရတနာကုန် သည်များသည် နံနက်ပိုင်းမှ စတင် ၍ မဏိရတနာကျောက်စိမ်းခန်းမ အပြင်ဘက် သတ်မှတ်နေရာများ အလိုက် ခင်းကျင်းပြသထားသော ပြည်တွင်းရတနာ   ကုန်သည်များ ကိုသာ         မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့်  အုပ်စု  (C)   မှ ကျောက်စိမ်းအတွဲများကို  စိတ် ကြိုက်         လေ့လာကြည့်ရှုကြ သည်။ (ယာပုံ) 
ယနေ့ပြပွဲတွင် အုပ်စု(C)  မှ ဆက်လက်ရောင်းချမည့် ကျောက် စိမ်း    အတွဲအမှတ်    ၂၇၅၁    မှ ၃၇၅၀  အထိ ကျောက်စိမ်းအတွဲ ပေါင်း  ၁၀၀၀ ကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့်      ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း ၉၅၄ တွဲ ရောင်းချခဲ့ရကြောင်း   ကြေညာခဲ့ သည်။ ယနေ့တွင်  အုပ်စု  (C)   မှ ကျောက်စိမ်းအတွဲအမှတ်   ၃၇၅၁ မှ ၄၅၅၀ အထိ ကျောက်စိမ်းအတွဲ များကို   ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး    ဈေးနှုန်း တင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့     ထည့် သွင်းကြသည်။ 
မွန်းလွဲပိုင်းတွင် ကျောက်စိမ်း အတွဲအမှတ်    ၃၇၅၁  မှ   ၄၅၅၀ အထိတင်သွင်းထားသော ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူ များက    ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့်      ကျောက်စိမ်း အတွဲများကို     ပြပွဲနောက်ဆုံးနေ့ တွင် ကြေညာသွားမည်ဖြစ်သည်။ 
(၅၉)   ကြိမ်မြောက်   မြန်မာ့ ကျောက်မျက်ရတနာ      ပြပွဲကို နေပြည်တော်ရှိ     မဏိရတနာ ကျောက်စိမ်းခန်းမ၌   မေ  ၃ ရက် မှ ၁၂  ရက်အထိ  ကျင်းပနေခြင်း ဖြစ်ပြီး ပြပွဲဒုတိယနေ့တွင်  ပုလဲ အတွဲပေါင်း ၁၈၂ တွဲ၊ တတိယနေ့ တွင် ပုလဲအတွဲပေါင်း   ၁၉၇  တွဲ၊ စတုတ္ထနေ့တွင်       ကျောက်မျက် အတွဲပေါင်း ၈၈  တွဲ၊ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း    ၅၄၆ တွဲ၊     ဆဋ္ဌမနေ့တွင်   ကျောက်စိမ်း အတွဲပေါင်း ၅၆၉ တွဲ၊ သတ္တမနေ့ တွင်    ကျောက်စိမ်းအတွဲပေါင်း ၄၂၄      တွဲနှင့်      နဝမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း    ၉၅၄ တွဲတို့ကို    ရောင်းချပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
     သတင်းစဉ်