
နေပြည်တော် နိုဝင်ဘာ ၂၉
(၅၉) ကြိမ်မြောက် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံ အဖွဲ့ (Asian-African Legal Consultative Organization-AALCO) အစည်းအဝေးကို ဗီဒီယို ကွန်ဖရင့်ဖြင့် ယနေ့မှစတင်၍ တရုတ်ပြည်သူ့သမ္မတ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ အဆိုပါအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဥပဒေရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။
အထူးကျေးဇူးတင်ရှိ
အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Li Keqiang တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဤအစည်းအဝေးကို ကိုဗစ်-၁၉ ကာလအတွင်း ဖြစ်မြောက်အောင် စီစဉ် ဆောင်ရွက်ပေးခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ အစိုးရ အဖွဲ့၊ AALCO အတွင်းရေးမှူးချုပ်ရုံးနှင့် အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီး H.E. Wang Yi ကို အထူးကျေးဇူးတင်ရှိပါ ကြောင်း။
အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့အစည်း သည် ၁၉၅၅ ခုနှစ် ဘန်ဒေါင်းညီလာခံမှ စတင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် အဖွဲ့ အစည်းကို စတင်တည်ထောင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် နှစ်စဉ်ကျင်းပသည့် အစည်းအဝေးများတွင် တက်ကြွစွာပါဝင် တက်ရောက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလျက်ရှိသော်လည်း အစည်းအဝေးကို ဗီဒိယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပနိုင်ခြင်းသည် အာရှ- အာဖရိကနိုင်ငံများအကြား စည်းလုံးညီညွတ်မှုကို ပြသခြင်းဖြစ်ကြောင်း၊ AALCO ၏ နှစ်စဉ်ထုတ်ဝေ သည့် စာအုပ်နှင့် “အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ” ခေါင်းစဉ်ဖြင့် ဂျာနယ် ထုတ်ဝေနိုင်မှုတို့အပေါ် ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း၊ AALCO သည် အာရှ-အာဖရိက နိုင်ငံများ အတွက် အလွန်အရေးပါသော အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂနှင့် အခြားသောအဖွဲ့အစည်း များသို့ အပြည်ပြည်ဆိုင်ရာ ဥပဒေဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများတွင် အဓိကအထောက်အပံ့ပေးလျက်ရှိသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ AALCO က အပြည်ပြည် ဆိုင်ရာ ဥပဒေကော်မရှင် (International Law Commission - ILC)၏ လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ပေးလျက်ရှိရာ မိမိအနေဖြင့် ဂုဏ်ယူ ဝမ်းမြောက်မိကြောင်း။
အခြေခံအုတ်မြစ်
အပြည်ပြည်ဆိုင်ရာဥပဒေသည် အပြည်ပြည် ဆိုင်ရာ ဆက်ဆံရေးနယ်ပယ်များတွင် သာတူညီမျှ ရှိမှုနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက် အောင်မြင်စေရန် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ယခုဖြစ်ပွားလျက် ရှိသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း နိုင်ငံအသီးသီးအနေဖြင့် အခက်အခဲများ ရင်ဆိုင် ကြုံတွေ့နေရသော်လည်း အပြည်ပြည်ဆိုင်ရာဥပဒေ ကို အလေးထားလိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလအတွင်းနှင့် ကာလအလွန်အခြေအနေများတွင် ရင်ဆိုင်ကြုံတွေ့ ရမည့် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများကို အဖွဲ့ဝင်နိုင်ငံများအကြား အတူတကွ ရင်ဆိုင်ဖြေရှင်းရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဆိုက်ဘာမှုခင်းများသည် နိုင်ငံဖြတ်ကျော် မှုခင်း ဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံတည်း အနေဖြင့် တိုက်ဖျက်၍ မရနိုင်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ ဆိုက်ဘာမှုခင်းတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် ဆိုက်ဘာလုံခြုံရေးဥပဒေကို အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့်အညီ ရေးဆွဲလျက် ရှိကြောင်း ပြောကြားပြီး အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာဥပဒေကော်မရှင်မှ ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ဆိုက်ဘာဆိုင်ရာ နိုင်ငံတကာဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေ ပြဿနာများနှင့်စပ်လျဉ်း၍ တက်ရောက်ကြသော အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
သတင်းစဉ်