(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့ စတင်ကျင်းပ

 

နေပြည်တော်   မတ်   ၁၇

 


(၅၈)   ကြိမ်မြောက်      မြန်မာ့ ကျောက်မျက်ရတနာပြပွဲ   ပထမ နေ့ကို         ယနေ့နံနက်ပိုင်းကနေပြည်တော်ရှိ         မဏိရတနာ ကျောက်စိမ်းခန်းမ၌     ကျင်းပရာ ပြည်တွင်း၊  ပြည်ပ      ရတနာ ကုန်သည်များဖြင့် စည်ကားလျက် ရှိသည်။ 

 


နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ   ကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊      ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့်  ခန်းမ အပြင်ဘက်  သတ်မှတ်နေရာများ အလိုက်     ခင်းကျင်းပြသထား သည့်    ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်   လေ့လာကြည့်ရှုကြသည်။ 

 


ထို့နောက်  ရတနာကုန်သည် များသည်  အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့်       ပုလဲအတွဲများ၊  ကျောက်မျက်နှင့်  ကျောက်စိမ်း အတွဲများအတွက်     ဈေးနှုန်း တင်သွင်းလွှာများကို  သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့   ထည့် သွင်းကြသည်။

 

 
ရတနာပြပွဲတွင်    ပုလဲအတွဲ ပေါင်း ၂၉၅ တွဲ၊    ကျောက်မျက် အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်း အတွဲပေါင်း ၂၁၅ တို့ကို ပြည်တွင်း၊   ပြည်ပ      ရတနာကုန်သည်များအား   အိတ်ဖွင့်တင်ဒါစနစ်ဖြင့်  ရောင်းချ ပေးသွားမည်ဖြစ်သည်။ 

 


ပုလဲအတွဲများကို မတ် ၁၇ ရက် တွင်    စတင်ခင်းကျင်းပြသပြီး မတ် ၁၈ ရက်နှင့်  ၁၉  ရက်များ တွင်      အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း၊    ကျောက်မျက် အတွဲများကို  မတ် ၁၇ ရက်မှ ၁၉ ရက်အထိ        ခင်းကျင်းပြသပြီး မတ် ၂၀ ရက်တွင်  အိတ်ဖွင့်တင်ဒါ စနစ်ဖြင့်         လည်းကောင်း၊ ကျောက်စိမ်းအတွဲများကို    မတ် ၁၇ ရက်မှ ၂၀ ရက်အထိ ခင်းကျင်း ပြသပြီး မတ် ၂၁ ရက်မှ  ၂၃ ရက် အထိ     အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း   ရောင်းချပေးသွား မည်ဖြစ်သည်။ 

 


ယခုပြပွဲတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့်    အခြေခံ ဈေးထားရှိပြီး   တန်ဖိုးငွေပေးချေ ရာတွင် ပြည်ပကုန်သည်များသည် အမေရိကန်ဒေါ်လာ၊  ယူရို၊  ယွမ် နှင့်   ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊    ပြည်တွင်းကုန်သည် များသည်       မြန်မာကျပ်ငွေဖြင့် လည်းကောင်း၊  ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို  ယူရိုငွေ ဖြင့်       အခြေခံဈေးထားရှိပြီး ကျောက်မျက်  အတွဲများအတွက် တန်ဖိုးငွေပေးချေရာတွင် ပြည်ပ ကုန်သည်များသည်    အမေရိကန် ဒေါ်လာ   (သို့မဟုတ်)   ယွမ်ငွေ (သို့မဟုတ်)   ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊          ပြည်တွင်း ကုန်သည်များသည်   မြန်မာကျပ် ငွေဖြင့်လည်းကောင်း၊ ကျောက်စိမ်း အတွဲများအတွက် တန်ဖိုးငွေပေးချေ ရာတွင်     နိုင်ငံခြားငွေဖြင့်သာ ပေးချေရမည့်  ကျောက်စိမ်းအတွဲ များအတွက်  ပြည်တွင်း၊ ပြည်ပ ကုန်သည်များသည်  အမေရိကန် ဒေါ်လာ    (သို့မဟုတ်)    ယွမ်ငွေ (သို့မဟုတ်) ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊      နိုင်ငံခြားငွေ (သို့မဟုတ်)    မြန်မာကျပ်ငွေဖြင့် ပေးချေရမည့်  ကျောက်စိမ်းအတွဲ များအတွက်  ပြည်တွင်းကုန်သည် များသည်     မြန်မာကျပ်ငွေဖြင့် လည်းကောင်း၊ ပြည်ပကုန်သည် များသည်     အမေရိကန်ဒေါ်လာ (သို့မဟုတ်)  ယွမ်ငွေ  (သို့မဟုတ်) ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း ပေးချေနိုင်ကြောင်း သိရသည်။ 

 


ထို့ပြင် မဏိရတနာ ကျောက် စိမ်းခန်းမအတွင်း၌ ကျောက်မျက် နှင့်    လက်ဝတ်ရတနာ   အရောင်း ဆိုင်များကိုလည်း  ဖွင့်လှစ်ထားရှိ ရာ  လာရောက်လေ့လာဝယ်ယူသူ များဖြင့် စည်ကားလျက်ရှိသည်။ 

 


နိုင်ငံတော်အတွက်  နိုင်ငံခြား ဝင်ငွေရရှိရန်နှင့်   နိုင်ငံသားများ အတွက်   စီးပွားရေးအကျိုးဖြစ် ထွန်းမှုများ  ရရှိနိုင်စေရန်အတွက် တူးဖော်         ထုတ်လုပ်ထားသည့် ကျောက်မျက်          ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက် မျက်ရတနာပြပွဲများကို    ၁၉၆၄ ခုနှစ်မှစတင်၍           အောင်မြင်စွာ ကျင်းပခဲ့ရာ   ယခုကျင်းပပြုလုပ် သည့်  (၅၈)ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို မတ် ၁၇  ရက်မှ  ၂၃  ရက်အထိ   မဏိ ရတနာ       ကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည်       ဖြစ်ကြောင်း သိရသည်။              


အောင်ရဲသွင်
ဓာတ်ပုံ - ကိုကိုအေး