(၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နေပြည်တော်၌ ကျင်းပမည်

 

နေပြည်တော် မတ် ၁၀


မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက ကြီးမှူး၍ ၂၀၂၃ ခုနှစ် (၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌  မတ် ၁၇ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး  မြန်မာနိုင်ငံမှထွက်ရှိသည့် ပုလဲအတွဲ (၂၉၅)တွဲ၊ ကျောက်မျက်အတွဲ (၁၂၀)နှင့် ကျောက်စိမ်းအတွဲ (၂၁၅၀)ကို ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 


အဆိုပါပြပွဲသို့‌         မြန်မာ့ ကျောက်မျက်ရတနာ   ဥပဒေနှင့် အညီ   ခွင့်ပြုမိန့်ရယူ၍  တူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်း    ဆောင် ရွက်လျက်ရှိသည့်      နိုင်ငံသား ကျောက်မျက်လုပ်ငန်းရှင်များနှင့် လိုင်စင်ရယူ၍     ကျောက်မျက် အချောထည်          ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းနှင့်     ဝယ်ယူခြင်းလုပ်ငန်းများ   ဆောင်ရွက်လျက်ရှိ သည့်    နိုင်ငံသားကျောက်မျက်  ရတနာလုပ်ငန်းရှင်များကို   သတ်မှတ်ချက်များ နှင့်အညီ  တက်ရောက်ဝယ်ယူခွင့်ပြုမည်ဖြစ်သည်။

 


ပြပွဲတွင်ရောင်းချမည့်  ပုလဲအတွဲများ ကြည့်ရှုစစ်ဆေးခြင်းကို  မတ် ၁၇ ရက်နှင့်    အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းကို    မတ် ၁၈ ရက်မှ ၁၉ ရက် အထိလည်းကောင်း၊  ကျောက်မျက်အတွဲများ ကြည့်ရှု စစ်ဆေးခြင်း ကို  မတ် ၁၇ မှ ၁၉ ရက်နှင့် အိတ်ဖွင့်တင်ဒါစနစ်ဖြင့်   ရောင်းချခြင်းကို  မတ် ၂၀ တွင်လည်းကောင်း၊ ကျောက်စိမ်းအတွဲများ ကြည့်ရှုစစ်ဆေးခြင်း ကို မတ်၁၇ ရက်မှ ၂၀ ရက်နှင့်  အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းကို  မတ် ၂၁ ရက်မှ ၂၃ ရက် အထိလည်း ကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 


ဆက်သွယ်စုံစမ်းနိုင်


၂၀၂၃ ခုနှစ် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက် မျက်ရတနာပြပွဲ   တက်ရောက်ဝယ်ယူခွင့်ကိစ္စရပ် များနှင့်ပတ်သက်၍    အသေးစိတ်သိရှိလိုပါက       မြန်မာ့ကျောက်မျက်ရတနာပြပွဲ   ဗဟိုကော်မတီ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ရုံးချုပ် (နေပြည်တော်)၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်  ရောင်းဝယ်ရေး လုပ်ငန်းရုံးချုပ် (နေပြည်တော်) တို့ တွင် ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရသည်။  


အောင်မင်းဟန်