(၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

 

ကျောက်စိမ်းအတွဲ ၁၅၄၄ တွဲ၊ ပုလဲအတွဲ ၂၉၀ နှင့် ကျောက်မျက်အတွဲ ၇၇ တွဲ ရောင်းချခဲ့

 

နေပြည်တော်   မတ်   ၂၃


(၅၈)  ကြိမ်မြောက်   မြန်မာ့ ကျောက်မျက်ရတနာပြပွဲပိတ်ပွဲကို     ယနေ့မွန်းလွဲပိုင်းတွင်  နေပြည်တော် ရှိ  မဏိရတနာကျောက်စိမ်းခန်းမ ၌ ကျင်းပသည်။

 


ယနေ့တွင်  ပြည်တွင်းပြည်ပ ရတနာကုန်သည်များသည်   မဏိ ရတနာ         ခန်းမအပြင်ဘက် တွင်   သတ်မှတ်နေရာများအလိုက်   ခင်းကျင်းပြသထားသည့် ကျောက် စိမ်းအတွဲများကို    စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။

 


ယနေ့တွင် ကျောက်စိမ်းအတွဲ အမှတ် ၁၅၀၁  မှ  ၂၁၅၀    အထိ ကျောက်စိမ်းအတွဲပေါင်း ၆၅၀ အတွက်     တင်သွင်း ထားသော   ဈေးနှုန်းတင်သွင်းလွှာများကို   တာဝန်ရှိ သူများက   ဖွင့်ဖောက်စစ်ဆေးခဲ့ရာ  ကျောက်စိမ်း အတွဲပေါင်း ၄၃၀  ရောင်းချရကြောင်း ကြေညာသည်။

 


ပြပွဲတွင်   ပြည်တွင်းပြည်ပ   ရတနာကုန်သည် များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်   ပုလဲအတွဲပေါင်း ၂၉၅ တွဲကို   မတ် ၁၈ ရက်မှ ၁၉ ရက်အထိ  ရောင်းချ ပေးခဲ့ရာ ပုလဲအတွဲပေါင်း ၂၉၀ ကို လည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ ကို  မတ် ၂၀ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၇၇ တွဲ ကိုလည်းကောင်း၊   ကျောက်စိမ်း အတွဲပေါင်း ၂၁၅၀ ကို  မတ် ၁၇ ရက်မှ ၂၁ ရက်အထိ    ရောင်းချပေးခဲ့ရာ  ကျောက်စိမ်းအတွဲပေါင်း ၁၅၄၄ တွဲကို   လည်းကောင်း ရောင်းချပေးနိုင်ခဲ့သည်။ 

 


ယခု     ကျင်းပပြုလုပ်သည့်   (၅၈)   ကြိမ်မြောက်        မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက်    နိုင်ငံခြား ဝင်ငွေရရှိရန်နှင့်    နိုင်ငံသားများအတွက်     စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ         ရရှိစေနိုင်ရန် အတွက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ       ဗဟို ကော်မတီ၏စီစဉ်မှုဖြင့်  မတ် ၁၇ ရက်မှ ၂၃ ရက် အထိ မဏိရတနာကျောက်စိမ်းခန်းမ၌  အောင်မြင်စွာ   ကျင်းပခဲ့ကြောင်း သိရသည်။  


သတင်းစဉ်