
နေပြည်တော် ဇူလိုင် ၈
(၅၄)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများဖြစ်သည့် (၃၉) ကြိမ်မြောက် အာဆီယံ+ တရုတ်၊ ဂျပန်၊ ကိုရီးယားခရီးသွားလုပ်ငန်းအာဏာပိုင် အဖွဲ့အစည်းအဝေး၊ (၂၆) ကြိမ်မြောက် အာဆီယံ-အိန္ဒိယခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေးများကို အင်ဒိုနီးရှားနိုင်ငံမှဦးဆောင်၍ ဇူလိုင် ၇ ရက်နှင့် ၈ ရက်တို့၌ နံနက် ၈ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ ခေါင်းဆောင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံဆိုင်ရာ အဖွဲ့အစည်း များဖြစ်သည့် အာဆီယံ-တရုတ်ဗဟိုဌာန၊ အာဆီယံ-ဂျပန်ဗဟိုဌာန၊ အာဆီယံ-ကိုရီးယားဗဟိုဌာန၊ အာဆီယံခရီးသွားလုပ်ငန်းအသင်း (ASEANTA)၊ အာဆီယံခရီးသွားလုပ်ငန်းသုတေသနအဖွဲ့ (ATRA)၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ(US-ABC)၊ နိုင်ငံတကာခရီးသွားလုပ်ငန်းအဖွဲ့အစည်း များဖြစ်သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO)၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ (WTTC)၊ ပစိဖိတ်-အာရှခရီးသွားလုပ်ငန်းအဖွဲ့(PATA)တို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာ နိုင်ငံ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဝန်ကြီးဌာနမှ တာဝန် ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်