(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ စတုတ္ထနေ့ ဆက်လက်ကျင်းပ

 

ရန်ကုန်   ဖေဖော်ဝါရီ   ၂၃


(၅၁)  ကြိမ်မြောက်    မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ   သုတေသန ညီလာခံ   စတုတ္ထနေ့ကို    ယနေ့ နံနက်ပိုင်းတွင်    ရန်ကုန်မြို့ရှိ ဆေးသုတေသန       ဦးစီးဌာန၌  ဆက်လက်ကျင်းပသည်။

 


ညီလာခံ   စတုတ္ထနေ့တွင် မြန်မာနိုင်ငံ၌   ၂၀၃၀   ပြည့်နှစ် တွင်   အရည်အသွေးပြည့်မီသော လူတိုင်း       လက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် အောင်မြင်ရေးအတွက်    အခြေခံ ကျသည့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်အပေါ်    လက်ရှိ အခြေအနေအား     သုံးသပ်ခြင်း၊ မဟာဗျူဟာများ   ဖော်ထုတ်ခြင်း နှင့်     ကတိကဝတ်များဆိုင်ရာ ဆွေးနွေးခြင်းကို    “Myanmar Health Workforce for the SDG and   2030   UHC    Targets:   Situational Analysis,  Strate-gies    and   Commitments” ခေါင်းစဉ်ဖြင့်    နှီးနှောဖလှယ် ဆွေးနွေးကြသည်။ 

 


အဆိုပါနှီးနှောဖလှယ်ပွဲတွင် ကျန်းမာရေး     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    (ငြိမ်း) ပါမောက္ခ‌ဒေါက်တာ ‌‌ ‌ဖေသက်ခင် နှင့်    မြန်မာနိုင်ငံ    ဆေးကောင်စီ ဥက္ကဋ္ဌ    ပါမောက္ခ     ဒေါက်တာ ခင်မောင်အေးတို့က    သဘာပတိ များအဖြစ်   ဆောင်ရွက်ကြပြီး ကျန်းမာရေး  လူ့စွမ်းအားအရင်း အမြစ်များ၏    အရေးပါမှုနှင့် ပတ်သက်၍        အမှာစကား ပြောကြားကြသည်။ 

 


ယင်းနောက်    ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က  ကျန်းမာ ရေး     လူ့စွမ်းအားအရင်းအမြစ် များ   ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော နိုင်ငံတကာ   အဖွဲ့အစည်းများနှင့် ကတိကဝတ်များ၊    တက္ကသိုလ်/ကျောင်းများတွင်   အရည်အသွေး အာမခံမှုစနစ်   အကောင်အထည် ဖော်နိုင်ရေးအတွက် ဆောင်ရွက် နိုင်မှုအခြေအနေများ၊    ကျန်းမာ ရေး    လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၏         ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်     ဖွံ့ဖြိုး တိုးတက်ရေးအတွက်    ဦးဆောင် အခန်းကဏ္ဍများကို  ဆွေးနွေးပြော ကြားပြီး ပါမောက္ခများ၊   ပညာရှင် များနှင့်    တက်ရောက်လာကြသူ များက သိရှိလိုသည်များ  မေးမြန်း ခြင်း၊   ပြန်လည်ဖြေကြားခြင်းနှင့် အကြံပြု     ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။ 

 


မွန်းလွဲပိုင်းတွင်    စာတမ်း ဖတ်ပွဲကို   ကျင်းပရာ   စာတမ်းရှင် များက     သုတေသနစာတမ်း စုစုပေါင်း  ၁၁ စောင်ကို ဖတ်ကြား တင်သွင်းကြပြီး         ဘာသာရပ် ဆိုင်ရာ   ပညာရှင်များ၊   သုတေသီ များနှင့် တက်ရောက်လာသူများက မေးမြန်းဆွေးနွေး  အကြံပြုကြ သည်။ 

သတင်းစဉ်