
နေပြည်တော် စက်တင်ဘာ ၁၅
မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင် အဖြစ် ကျင်းပသည့် (၅) ကြိမ် မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ တရားမဝင် ရောင်းဝယ်ဖောက် ကားမှု တားဆီးကာကွယ်ရေး ဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင်ကျင်းပရာ နှစ်နိုင်ငံ ကိုယ်စားလှယ်များက မူးယစ် ဆေးဝါးပြဿနာရင်ဆိုင်ဖြေရှင်း ရာတွင် ကြုံတွေ့နေရသည့် အတွေ့အကြုံများနှင့် စိန်ခေါ်မှု အခက်အခဲများ၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဖြစ်စဉ်များ၊ နှစ်နိုင်ငံ အကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ အချိန်နှင့်တစ်ပြေးညီ သတင်း ဖလှယ် ပူးပေါင်းဆောင်ရွက်နိုင် ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံပူးတွဲ ကင်းလှည့်ခြင်းဆိုင်ရာ ကိစ္စရပ် များ၊ (၆) ကြိမ်မြောက် အစည်း အဝေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပ နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးသို့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ် ရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Md. Abdul Wahhab Bhuiyan ဦးဆောင်သည့် ကိုယ်စားလှယ် များ တက်ရောက်ကြပြီး မြန်မာ နိုင်ငံ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့က နေပြည်တော်ရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ် ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက် ရောက်ကြကြောင်း သိရသည်။
အစည်းအဝေးတွင် ရဲမှူးချုပ် ဝင်းနိုင်က ကမ္ဘာတဝန်းရှိ လူသား မျိုးနွယ်အားလုံးအပေါ် အချိန် ကာလကြာမြင့်စွာ အန္တရာယ်ပေး နေသည့် မူးယစ်ဆေးဝါးပြဿနာ များကြောင့် ကမ္ဘာ့နိုင်ငံများတွင် ကျန်းမာရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်ပျက်စီးစေလျက်ရှိ ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာ များ ဖြေရှင်းဆောင်ရွက်ရာတွင် စိန်ခေါ်မှုအသစ်များစွာဆက်လက် ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း၊ အရည်အသွေးကောင်းပြီး ဈေးနှုန်း သက်သာသည့် လူလုပ်ဆေးဝါး သစ်များ ထွက်ပေါ်နေခြင်းကြောင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး လုပ်ငန်းများကို ယခုထက် ပိုမို ပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့အတူ ခေတ်မီနည်းပညာ များ တိုးတက်လာခြင်းကလည်း လူနေမှုဘဝအဆင့်အတန်း မြင့် မားလာစေရေး ကောင်းကျိုးများ ရှိသကဲ့သို့ တစ်ဖက်တွင် မူးယစ် ဂိုဏ်းအဖွဲ့များက နည်းပညာ တိုးတက်မှုကို အခွင့်ကောင်းယူ အသုံးချပြီး မူးယစ်ဆေးဝါးနှင့် ပရီကာဆာဓာတုပစ္စည်းများကို ပုံစံအမျိုးမျိုးဖြင့် သယ်ဆောင် ရောင်းဝယ်မှုများ ပြုလုပ်လာကြ ကြောင်း၊ မူးယစ်ဆေးဝါး ထုတ် လုပ်သယ်ဆောင် ရောင်းဝယ်မှုမှ ရရှိသည့် အကျိုးအမြတ်ငွေကြေး များသည် အကြမ်းဖက်တိုက်ခိုက် မှု၊ လက်နက်မှောင်ခိုမှု၊ နိုင်ငံ ဖြတ်ကျော်မှုခင်းများ အရှိန်မြင့် လာအောင် တွန်းအားပေးလျက်ရှိ သဖြင့် နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းမှုများ ထိခိုက်စေ ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာ ကို ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံအားလုံး နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်မှုသည် အဓိကအရေး ကြီးသည့် အခန်းကဏ္ဍတစ်ရပ် အဖြစ် ပါဝင်နေကြောင်း ပြော ကြားသည်။
ဆက်လက်၍ ရဲမှူးချုပ် ဝင်းနိုင်က မြန်မာနိုင်ငံအနေ ဖြင့် မူးယစ်ဆေးဝါးပပျောက်ရေး ဘက်ပေါင်းစုံ ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်း၍လည်း မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို ဆောင် ရွက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံ များ၊ ဒေသတွင်းနိုင်ငံများနှင့်လည်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးကဏ္ဍကို အထူးအလေးထား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ မူးယစ်ဆေးဝါးများ အဖြစ် ထုတ်လုပ်ရာတွင် ပရီကာ ဆာ ဓာတုပစ္စည်းများသည် အဓိကမရှိမဖြစ် လိုအပ်သည့် အတွက် ပရီကာဆာဓာတုပစ္စည်း များကို နည်းလမ်းစနစ်တကျ တားဆီးထိန်းချုပ်ရေး ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပရီကာဆာ ဓာတုပစ္စည်းများ မူးယစ်ဆေးဝါး ထုတ်လုပ်သည့် နေရာများသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်နေခြင်းကြောင့် လူလုပ် မူးယစ်ဆေးဝါး ထုတ်လုပ်မှု မြင့်တက်လာခြင်းသည် အဓိက စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေဆဲ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကုလသမဂ္ဂမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ ကွန်ဗင်းရှင်း များအရလည်းကောင်း၊ မြန်မာ နိုင်ငံ၏ လိုအပ်ချက်အရလည်းကောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ် ရာတွင် အသုံးပြုသည့် ဓာတု ပစ္စည်း ၃၉ မျိုးကို ထိန်းချုပ် သတ်မှတ်ကာ ဓာတုပစ္စည်းများလမ်းလွဲရောက်ရှိမှု မရှိစေရေး အထူးအလေးထား ဆောင်ရွက် လျက်ရှိကြောင်း ဆွေးနွေးပြော ကြားခဲ့သည်။
သတင်းစဉ်